လေဆိပ်လုံခြုံရေးများစစ်ဆေးရှာဖွေရာတွင် တွေ့ရှိခဲ့ရတဲ့ ထူးဆန်းသောအရာများ

လေဆိပ်လုံခြုံရေးများစစ်ဆေးရှာဖွေရာတွင် တွေ့ရှိခဲ့ရတဲ့ ထူးဆန်းသောအရာများ

၁။ယောကျာ်းတစ်ယောက်၏ဘောင်းဘီထဲမှမျောက် ၂ ကောင်

၂၀၀၂ ခုနှစ်၊ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းနိုင်ငံခရီးစဉ်မှပြန်လာခဲ့တဲ့ အမျိုးသားတစ်ယောက်ဆီမှ ထူးခြားဆန်းပြားတဲ့ငှက်တစ်ကောင်နဲ့ ရှားပါသစ်ခွမျိုး ၅၀ ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူ့မှာအခြားသယ်ဆောင်လာတဲ့အရာဘာထပ်ရှိသေးလဲလို့မေးမြန်းတဲ့အခါမှာတော့ သူလဲမကွယ်မဝှက်ပဲ သူ့အတွင်းခံထဲမှာ မျောက်ပေါက်စ ၂ ကောင်ထည့်ထားတယ်ဆိုတာဝန်ခံခဲ့ပါတယ်။မျောက်တွေကိုတော့ လော့စ်အိန်ဂျလိစ်တိရိစ္ဆာန်ရုံကို အန္တရာယ်ကင်းစွာပို့ဆောင်နိုင်ခဲ့ပီး အဆိုပါအမျိုးသားကတော့၅၇ ရက်ထောင်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။

၂။နှုတ်ခမ်းနီတောင့်ပုံစံ လျှပ်စစ်သေနတ်

ဘာလင်းတန် ဗားမော့တ် လေဆိပ်မှာဆိုရင်တော့ အမျိုးသမီးတစ်ယောက်ရဲ့အိတ်ထဲမှာထူးဆန်းတဲ့ နှုတ်ခမ်းနီတောင့်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေချာကြည့်တော့မှ အဲ့တာဟာ နှုတ်ခမ်းနီတောင့်မဟုတ်ပဲ ၃၅၀၀၀၀ ဗို့အားရှိတဲ့ လျှပ်စစ်သေနတ်တစ်ခုဖြစ်နေပါတယ်။

၃။ငါး

မဲလ်ဘွန်းလေဆိပ်မှာ အမျိုးသမီးတစ်ဦးဟာသူလှုပ်ရှားတဲ့အခါတိုင်း ထူးဆန်းတဲ့ဘောင်ဘင်ခတ်သံထွက်လာတဲ့အတွက် တားဆီးခြင်းခံခဲ့ရပါတယ်။ သေချာစစ်ဆေးကြည့်လိုက်တော့မှ သူဟာအထူးဒီဇိုင်းထွင်ထားတဲ့ အေပရွန်ကိုဝတ်ဆင်ထားပီး အဆိုပါအေပရွန်ထဲမှာ ၅၁ မျိုးသောငါးတွေကို အိတ် ၁၅ ခုထဲထည့်ကာသယ်ဆောင်လာတာဖြစ်ပါတယ်။

၎။အမှုန့်ကျောက်ပတ်တီး

ဘာစီလိုနာ၊ အယ်လ်ပရတ်လေဆိပ်မှာ ခြေကျိုးနေတဲ့လူတစ်ယောက်ဟာ သူ့ရဲ့ခရီးဆောင်အိတ်ထဲမှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ကျောက်ပတ်တီးဟာဆိုရင်ဘိန်းမှုန့်ပေါင်း ၁၁ တန်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

၅။ဦးခေါင်းများ

၂၀၁၃ ခုနှစ်၊ အိုဟဲအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူခေါင်း ၁၈ ခေါင်းကို သယ်ယူပို့ဆောင်မှုကို ရှာဖွေတွေ့ရှိခဲ့ပီး ဘာအကြောင်းရင်းကြောင့်အခုလိုပို့ရတယ်ဆိုတာနဲ့ပတ်သတ်ပီး သတင်းတွေမှာ ထိပ်စီးခေါင်းစဉ်ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့မှ သိခဲ့ရတာကတော့ဒီခေါင်းတွေကို စာချုပ်ကိစ္စအရ ဆေးပညာပိုင်းလုပ်ငန်းနဲ့ပတ်သတ်ပီး ရောမကိုခဏပို့ဆောင်တာဖြစ်ပီး သိပ်မကြာခင်မှာ ချီကာဂိုကိုပြန်လည်ပို့ဆောင်မှာဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။

၆။ကျားပေါက်

၂၀၁၀ ခုနှစ်၊ ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ၃၁ နှစ်ရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခရီးဆောင်အိတ်ထဲမှာ ၂ လသားအရွယ်ကျားပေါက်လေးကိုသယ်ဆောင်လာခဲ့တာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ ကျားပေါက်လေးကို အီရန်သူခိုးဈေးမှာ ပေါင် ၂၀၀၀ နဲ့ရောင်းဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးကိုတော့ဖမ်းဆီးခဲ့ပီးကျားပေါက်လေးကိုတော့ တောရိုင်းတိရိစ္ဆာန်များကယ်ဆယ်ရေးအဖွဲ့အစည်းဆီကိုပို့ခဲ့ပါတယ်။

၇။၂၀၀ တာရန်ကျူလာပင့်ကူကြီး

အမ်စတာဒမ်၊ စီဖိုလေဆိပ်မှာ ဂျာမန်လူမျိုးစုံတွဲတစ်တွဲဟာ ရှားပါးလွန်းတဲ့ တာရန်ကျူလာပင့်ကူကြီးအပြင် ပိုးနားသန်၊ နှံကောင်၊ ပုရစ် စတဲ့အကောင်တွေကိုပါ မှောင်ခိုတင်သွင်းဖို့ရန်အတွက် သူတို့ရဲ့တောင်အမေရိကကပြန်လာတဲ့ခရီးမှာ ခရီးဆောင်သေတ္တာထဲထည့်လာခဲ့ကြပါတယ်။

၈။နာကျင်ဘီး

၂၀၁၂ ခုနှစ် နယူးအာ့ခ် လေဆိပ်မှာ စစ်ဆေးနေတဲ့အချိန်မှာ သေစေနိုင်လောက်တဲ့လက်နက်တစ်ခုကိုရှာဖွေရရှိခဲ့ပါတယ်။အဆိုပါလက်နက်ဟာ နာကျင်ဘီး လို့နာမည်ကြီးပီး သင်တုန်းဓားသွား ၆ ခုပါရှိပီး တစ်ချက်ထိုးတာနဲ့တင် လူကိုသေစေနိုင်ပါတယ်။

၉။မြွေများ

၂၀၀၇ ခုနှစ်၊ ဟာ့သ်ဖီးလ်-ဂျက်ဆင်၊ အတ္တလန်တာလေဆိပ်မှာ တောင်ကိုရီးယားကနေဆိုက်ရောက်လာတဲ့လူတစ်ယောက်ဟာပုလင်းတွေထဲမှာ အဆိပ်ရှိမြွေပေါင်း ၃၀ ကိုသယ်ဆောင်လာတာကိုစစ်ဆေးရရှိခဲ့ပါတယ်။ သူဘာအတွက်ဒီမြွေတွေကိုသယ်လာတယ်ဆိုတာ အခုထိဘယ်သူမှမသိသေးပါဘူး။

၁၀။အမြောက်ဆံ

ရေငုပ်သမားတစ်ဦးဟာ ၁၈ ရာစုသင်္ဘောပျက်ထဲကရှာတွေ့ခဲ့တဲ့ အမြောက်ဆံကြောင့် လေယာဉ်စီးလို့မရခဲ့ပါဘူး။သူ့ရဲ့ပေါက်ကွဲနိုင်တဲ့အလားအလာကြောင့် ခရီးသေတ္တာထားတဲ့ဧရိယာကိုလဲရှင်းလင်းခဲ့ပီး ခရီးစဉ် ၃ ခုကိုရွှေ့ဆိုင်းခဲ့တာကြောင့် ခရီးသည် ၃၀၀ နီးပါးလောက် အချိန်နောက်ကျခဲ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.