ချစ်သူအတွက် သိန်း (၃၀၀) နီးပါး တန်ဖိုးရှိ Harley Davidson ဆိုင်ကယ်ကြီး လက်ဆောင်ပေးခဲ့တဲ့ နေခြည်ဦး

ချစ်သူအတွက် သိန်း (၃၀၀) နီးပါး တန်ဖိုးရှိ Harley Davidson ဆိုင်ကယ်ကြီး လက်ဆောင်ပေးခဲ့တဲ့ နေခြည်ဦး

အနုပညာရှင်လောကထဲမှာ အရမ်း Ro ပြီး ချစ်တတ်လွန်းကြတဲ့ ချစ်သူစုံစွဲကို ထောက်ပြပါဆိုရင် သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးတို့ စုံတွဲကို ထောက်ပြရမှာပဲ ဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် အရမ်းကို ချစ်တတ်ကြလွန်းတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုတွေအပြည့်နဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်း လာခဲ့ကြတာဟာဆိုရင် ချစ်သူကျော် ၁ နှစ်ကျော်တဲ့အထိပဲ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ(၁၉)ရက်နေ့ကတောဘ နေခြည်ဦးရဲ့ ချစ်သူ အောင်နွေဦးရဲ့ (၂၄)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက ချစ်သူကောင်လေးရဲ့ မွေးနေ့မှာ တစ်နေကုန်အချိန်ပေးနေခဲ့ပြီး နှစ်ယောက်သား လှပတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။

ညပိုင်းမှာတေ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ Birthday Party ကို ကျင်းပခဲ့ပါတယ်။ Party မှာ နေခြည်ဦးက နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harley Davidson က သိန်း(၃၀၀) နီးပါး တန်ဖိုးရှိတဲ့ ဆိုင်ကယ်ကြီးကို Surprise လုပ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။

ချစ်သူကို Surprise အကြီးကြီးလုပ်ခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးကတော့ ချစ်သူအတွက် သူမကိုယ်တိုင် စေတနာအပြည့်နဲ့ လုပ်ပေးထားတဲ့ Handmade ပစ္စည်းတွေနဲ့ နာမည်ကြီးပစ္စည်းတွေကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အချစ်တွေနဲ့ ဖုန်းလွှမ်းနေတဲ့ ဒီနေ့မွေးနေ့ညလေးကတော့ နေခြည်ဦးတို့ ချစ်သူစုံတွဲအတွက် အမြဲအမှတ်ရနေမှာ သေချာပါတယ်။ ပရိသတ်ကြီးလဲ နေခြည်ဦးတို့စုံတွဲလေးကို အားကျနေကြပြီ ထင်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.