တန်ဖိုးနည်းနည်းနဲ့ အဂေါ်ဆုံး အခွီရဆုံး Cosplay တွေ ဖန်တီးခဲ့သူ

တန်ဖိုးနည်းနည်းနဲ့ အဂေါ်ဆုံး အခွီရဆုံး Cosplay တွေ ဖန်တီးခဲ့သူ

ဒီလို ​ပြောင်​​မြောင်​တဲ့ ဇာတ်​ရုပ်​ပုံစံတူ​တွေကို ပြန်​လည်သစ်​ဆန်းပြီးဖန်​တီးပြခဲ့သူက Cosplay ပညာကိုရူးသွပ်​မှုများများနဲ့ စိတ်​ကူး​ကောင်းလွန်​သူ ထိုင်းနိုင်​ငံသား Cha ပဲ ဖြစ်​ပါတယ်​​။ မြင်​ဖူးသမျှထဲ ကုန်​ကျစရိတ်​ အနည်းဆုံး နဲ့ ချစ်​စရာအ​ကောင်းဆုံး အပြင်​အတင်​ဖန်​တီးမှု​တွေဖြစ်​လို့ ကြည့်​ရှုခံစားကြည့်​ကြပါဦး။

Scream

Scream ဇာတ်​ကားထဲက သရဲဇာတ်​ရုပ်​ကို ပုံစံတူဖြစ်​​အောင်​ ပြန်​လုပ်​ထားတဲ့အိုက်​ဒီယာက ရိုးရိုးရှင်းရှင်းနဲ့တကယ်​မိပါတယ်​။ နည်းလမ်း​တွေက အခွီဖြစ်​​အောင်​ကို အသွင်​ထူးခြားပါတယ်​။ ပြုံးချင်စရာပါ။

Super Mario

စူပါမာရီယို​ဆော့ဖူးကြသူ​တွေ ရှိကြတယ်​မလား။ သူလုပ်​သွားတာက တကယ်​လွယ်​လွယ်​​လေးလိုပါပဲ။ ဒါမျိုးအတွက်​ ဥာဏ်​​ပြေးတဲ့ ​သူပါ။ အသွင်​အပြင်​ အဆင်​အယင်​ ဘယ်​လို​ဖန်​တီး​မှုလုပ်​ရမလဲဆိုတဲ့အပိုင်း ပါရမီ်အား​ကောင်းသူလို့​ပြောရမယ်​။

The Terminator

ဒီရုပ်​ရှင်ထဲက မင်းသားအာနိုးရဲ့ ဇာတ်​ရုပ်​အတိုင်းဖြစ်​​အောင်​ ကြံကြံဖန်​ဖန်​ရှာ​ဖွေထားတဲ့ မျက်​မှန်​ကြီးကဆန်းပါတယ်​။ ကွန်​ပျူတာ​မောက်​စ်​နှစ်​ခုကို မျက်​မှန်​လိုပုံစံနဲ့ မျက်​နှာမှာ​ကောက်​တပ်​လိုက်​ပြီး ရယ်​စရာအ​နေနဲ့ တင်​ဆက်​ထားပါတယ်​။

E.T

အီးတီလို ပုံစံမျိုးထွက်​​အောင်​ သူ့နှာ​ခေါင်းကိုအသုံးပြုပြီး ပုံဆွဲ​ထားတာပါပဲ။ ပီကာချူးတုန်းကလည်းအိုက်​ဒီယာဆန်းသလို အီးတီလည်းသူ့လက်​ထဲမှာ အ​ကောင်းအတိုင်းမကျန်​​တော့သလိုပါပဲ။

Dr.Strange

ဒေါက်​တာအဆန်းကြီးလိုဖြစ်​​အောင်​ ဂျီသြ​မေတြီသချာင်္မှာ အသုံးပြုတဲ့ စက်​ဝိုင်းခြမ်းနှစ်​ခုကို သုံးပြထားတာ ​တော်​​တော်​မိုက်​ပါတယ်​။ ​မြင်ရတာ​တော့ ​ပြောစရာမကျန်​​အောင်​ အိုက်​ဒီယာဆန်းပါတယ်​။

Ghost Ship

Ghost Ship ထဲက တ​စ္ဆေနဲ့တူ​ရ​အောင်​ မီးပူတစ်​ခုတည်းနဲ့ ထွင်​သွားတာလည်း အလန်းဇယားပါပဲ။ ဒီဇိုင်း​စိတ်​ကူးက အ​တော်​​လေးကုန်​ကျစရိတ်​နည်းသလို ချစ်​စဖွယ်​နဲ့ တကယ်​ပီပီပြင်​ပြင်ဖြစ်​ရ​အောင်​ လုပ်​ပြထားတာ အတုယူ စွဲမက်​စရာပါ။ မျက်​နှာ​တော်​​တော်​​ပြောင်​တဲ့လူလို့လည်းဆိုနိုင်​ပါတယ်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.