ဂုဏ်ဒြပ်အရာဝတ္တု စည်းစိမ်ဥစ္စာအာဏာအတွက် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလဲလိုက်ပြီဆိုရင် မင်းလူဖြစ်ရှူံးပြီသားရေလို့ သားရဲ့မွေးနေ့မှာ ဆုံးမစကားလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဇဏ်ခီ
ပရိသတ်ကြီးရေ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျနေရတဲ့ အိမ်ထောင်ရှင် အနုပညာစုံတွဲလေးဆိုရင်လည်းမမှားပါဘူး။
မိသားစုဝင်တွေအပေါ်မှာအမြဲတမ်းအလေးထားတဲ့ ဇဏ်ခီကတော့ ဒီနေ့မှာကျရောက်တဲ့ သားလေးရဲ့ မွေးနေ့အတွက်ကိုလည်း မွေးနေ့ ဆု မွန် ကောင်းတွေအခုလိုပဲတောင်းပေးထားခဲ့ပါတယ်။”Happy 9th Birthday Noah! “ဘဝရဲ့လှည့်ကွက်တွေထဲ တချိန်ချိန်တော့ ပေး လျှောက် ရမှာပဲ။ ကိုယ်တွေ့မရှိရင်လောကဓံကို ရင်ဆိုင်နိုင်ဖို့ခက်မယ်။
အမည်းစက်မစွန်းတဲ့လူမရှိဘူးသားရယ် အခြေအနေတွေ ဟာ ပြော င်းလဲနေပေမယ့် ကိုယ်ကျင့်တရားနဲ့ဘာကိုမှမလဲလိုက်ပါနဲ့..” ဂုဏ် ဒြပ် အရာဝတ္တု စည်းစိမ်ဥစ္စာ အာဏာအတွက် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ကိုလဲလိုက်ပြီဆိုရင် မင်းလူဖြစ်ရှူံးပြီသားရေ “ဆိုပြီး သူရဲ့ သီချင်းလေးတစ်ပုဒ်ထဲက စားသားလေးတွေနဲ့အတူ သားဖြစ်သူ ကို ဆုံးမစကား လေးပြောကာ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးလည်း Noah လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။ဇစ်ခီရဲ့ သားဖြစ်သူကို မွေးနေ့ ဆုတောင်းပေးထားတဲ့ထဲက သီချင်းလေးကတော့ သူတို့ဇနီးမောင်နှံရဲ့ သွားနှင့်လေပြီးတဲ့ ပထမသားလေး Tristin Htut Khaung Kyi အတွက်ရေးပေးခဲ့တဲ့ “ရှိနေမယ်” ဆိုတဲ့သီချင်းလေးထဲက တစ်ပိုဒ်ပါတဲ့ CeleGabar ပရိသတ်ကြီးတွေနားဆင်လို့ရအောင် သီချင်းလေးကိုပါ မျှဝေဖော်ပြလိုက်ပါတယ်နော်။
Advertisement
Source – Zenn Kyi
Chilli – CeleGabar
[]zawgyi
Advertisement
Source – Zenn Kyi
Chilli – CeleGabar
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*