ကြက်ဖရဲ့ အူတက်အောင်ခွီမိစေမယ့် အခွီဗီဒီယို

ကြက်ဖရဲ့ အူတက်အောင်ခွီမိစေမယ့် အခွီဗီဒီယို

ကြက်ဖကိုတော့ ပရိသတ်တော်တော်များများမသိသူမရှိအောင်သိကြမှာပါ။ ကြက်ဖဟာ ထိရှစရာစာသားတွေနဲ့ အရမ်းမိုက်တဲ့ Rhymes တွေနဲ့ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပရိသတ်တွေရင်ထဲမှာနေရာယူပြီးသားလို့ဆိုရမှာပါ။ ကြက်ဖဟာ နှစ်တွေအကြာကြီး သီချင်းတွေဆိုလာခဲ့ပြီး ပရိသတ်တွေနဲ့ အပေးအယူမျှခဲ့သလို ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရနေတဲ့အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

ကြက်ဖက မကြာသေးမီကမှ “တစ်ယောက်တည်းတိုက်တဲ့တိုက်ပွဲ”ဆိုတဲ့ သီချင်းခွေထွက်ထားပြီး အောင်မြင်မှုရထားတာလည်းဖြစ်ပါတယ်။ ကြက်ဖမှာ အလုပ်တွေအကုန်လုံးကို အစစအရာရာလိုက်လံကူညီတတ်ပြီး အနုပညာ sense ရှိသလို ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးလည်းရှိပါတယ်။ ကြက်ဖက အင်တာဗျူးတွေမှာဆိုရင် သူ့ချစ်ရတဲ့ ချစ်ဇနီးက အစစအရာရာကူညီတတ်ကြောင်း ချစ်ဖို့ကောင်းကြောင်းတွေဖြေလေ့ရှိတာကြောင့် အဲဒါကိုကြည့်ပြီး ကြက်ဖက ဇနီးဖြစ်သူကို ဘယ်လောက်ချစ်ကြောင်းမြင်နိုင်ပါတယ်။

မကြာသေးမီက Tiktok မှာ ကြက်ဖရဲ့ အခွီ video လေးတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ အဲဒါကတော့ ကြက်ဖက Dawin ရဲ့ Jumpshot ဆိုတဲ့သီချင်းကို အားပါးတရတွေအော်ဆိုနေတာပါ။ You got me jumping like… Boom shakalaka, boom shakalaka, boom ဆိုတဲ့နေရာကို အားပါးတရအော်ဆိုနေတာဟာ ကြည့်ရတဲ့သူ မရယ်ပဲမနေနိုင်အောင် ကြည့်လေအူတက်အောင်ရယ်မိလေဖြစ်စေပါတယ်။ ကြက်ဖရဲ့ အရမ်းကိုရယ်ရတဲ့ video လေးကို ပြောချင်လွန်းလို့ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.