မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် အဖူးအမြော်မခံတော့တာလဲ ? ယခု ဘယ်မှာသီတင်းသုံးနေတာလဲ သိချင်သူများအတွက်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘာကြောင့် အဖူးအမြော်မခံတော့တာလဲ ? ယခု ဘယ်မှာသီတင်းသုံးနေတာလဲ သိချင်သူများအတွက်
[UNICODE FONT]
အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ကသာခရိုင် ၊ဗန် း မောက် မြို့နယ် ရွှေနှစ်တောရ၊ရွှေရတနာကျောင်းတွင် အဓိဌာန်လမ်း ပါရမီအကျင့်စခမ်းဖြင့် ဗောဓိအောင်နန်း မြန်းရာလမ်းသို့ ဖြောင့်တန်းစွာ ကျင့်သုံးနေထိုင်တော်မူပါသည်။
ဆရာတော်ဘုရားကြီး၏ ……….. သာဝက အသစ်/အဟောင်း ဝေနေယျအပေါင်းတို့မှ သူတော်ကောင်းများပီပီ မိမိတို့အကျင့်ဖြင့် ပါရမီဖြည့် ကုသိုလ်ယူနိုင်ကြပါစေ…..ဆရာတော်ဘုရားကြီး …… အဖူးတွေ့မခံပါ။ အဓိဌာန်(၃)နှစ် စတင် ဝင်ပါပြီ။ ဆွမ်းခံခြင်း မပြုတော့ပါ။
လူရှုပ် လာဘ်ပေါ ကျော်ဇော ခြွေရံ ဤလေးတန် အမှန်မနေသင့်။ သာသနာမှီ၍ စီးပါွးရှာပါက ဤနေရာ ငါမနေ။ ဌာနေသံဃာ ငြို ငြင်ပါက ဤနေရာ ငါမနေ။ ငါမနေ သုံးချက် တစ်ချက် ချက်ငြိပါက ဤနေရာမှ ဖယ်ခွာကြွချိတော်မူပါမည်။
သက်တော်ကြီးရင့်တော် မူသော ဆရာတော်ဘုရားကြီးအား ပါရမီ အကျင့်စခမ်းသို့သွားလမ်းသာစေရန် ပါရမီဖြည့်ဝိုင်းဝန်း စောင့်ရှောက်ကြပါရန် လေးစားစွာမေတ္တာရပ်ခံပါသည်။
အထူးသဖြင့် ဆရာတော်ဟာ ဆရာတော်ကို ဖူးတွေ့ချင်သူတွေအတွက် သူ့ကို ဖူးတွေ့မယ့်အစား သူရေးထားသော တရားစာပေများကို ဖတ်ခြင်း /လေ့လာခြင်း / လက်တွေ့လိုက်နာခြင်းကို ပို၍နှစ်သက်ပါသည်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.