မယုံနိုင်စရာကြီးပြင်းလာတဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေး

မယုံနိုင်စရာကြီးပြင်းလာတဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေး

ယွန်းဝတီနဲ့အမျိုးသားတို့ရဲ့ အင်္ဂလိပ်နာမည် Liam နဲ့ မြန်မာနာမည် လွင်ထက်လို့ပေးထားတဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သားလေး လီယမ်ဟာဆိုရင် အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေခံယူပြီး လူ့လောကကြီးထဲကိုရောက်လာခဲ့တဲ့ ကလေးလို့ဆိုရင်လည်းမမှားပါဘူး။ ယွန်းဝတီဟာ သားလေးကို မွေးဖွားပြီး ငါးရက်အကြာမှ ပရိသတ်တွေကိုတရားဝင်အသိပေးခဲ့တာပါ။ နောက်ပြီး သားလေးမွေးပြီးတစ်လခန့်အကြာမှ လူမှုကွန်ယက်ပေါ်မှာသားလေးရဲ့ဓာတ်ပုံလေးကိုတင်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ

လီယမ်လေးကို ပရိသတ်တွေစသိခဲ့တဲ့ ဓာတ်ပုံက ဆံပင်တွေကို သပ်သပ်ရပ်ရပ်ကလေးဖြီးသင်ထားပြီး မျက်ဝန်းလက်လက်လေးတွေနဲ့ ကင်မရာကိုကြည့်နေတဲ့ဓာတ်ပုံလေးဖြစ်ခဲ့ပါတယ်။ အဲဒီကစပြီး တစ်စထက်တစ်စ ချစ်ဖို့ကောင်းစွာ သိတတ်နားလည်တဲ့မျက်ဝန်းလေးတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ လီယမ်လေးနဲ့ မေမေယွန်းဝတီတို့ ဓာတ်ပုံလေးတွေဟာ ပရိသတ်တွေကြားထဲမှာ ပလူပျံလာခဲ့ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်ကိုအပိုင်သိမ်းသွားခဲ့တာပါ။

လီယမ်လေးဟာ မွေးကာစလေးကတည်းက ညဏ်ကောင်းမယ့်ဥပဓိရုပ်လေးရှိပြီး အခုလို လအနည်းငယ်ကြီးပြင်းလာပြန်တော့လည်း လွင်မိုးရဲ့သွေးသား၊ ယွန်းဝတီရဲ့သားဦးလေးပီပီ တစ်နေ့တစ်ခြားပိုပြီး ချောလာခဲ့တာအမှန်ပါပဲ။ ကလေးက အခုဆိုရင် မေမေယွန်းဝတီကို အမြတ်တနိုးမော့ကြည့်နေတတ်ပြီဖြစ်သလို Selfie တွေရိုက်တဲ့အခါဆိုရင်လည်း ခပ်တည်တည်နဲ့ကင်မရာကိုသိတဲ့မျက်လုံးလေးတွေနဲ့ လိုက်ကြည့်ပြီးအလိုလိုအိုက်တင်ပေးတတ်နေပါပြီ။ ပရိသတ်တွေကတော့ လီယမ်လေးတစ်နေ့တစ်ခြားကြီးပြင်းလာပုံကို တအံ့တသြနဲ့ချစ်မဝအောင်ဖြစ်နေကြပါတယ်။

အခုအချိန်မှာတော့ ယွန်းဝတီက သားလေးကို ခဏခွဲထားခဲ့ရပြီး ခင်ပွန်းဖြစ်သူနဲ့အတူ Australia မှာ တက္ကသိုလ်ဆက်တက်နေတာပဲဖြစ်ပါတယ်။ ယွန်းဝတီကသားလေးကိုလွမ်းနေသလို လီယမ်လေးကလည်း မေမေ့ကိုလွမ်းနေမှာအသေအချာပါပဲ။ မကြာခင်မှာ ကျောင်းပိတ်ရက်တွေမြန်မြန်ရောက်ပြီး မေမေယွန်းဝတီတစ်ယောက်သားလေးရှိရာအမြန်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ပရိသတ်ကြီးရော ယွန်းဝတီလွင်မိုးကိုချစ်ကြလား။ တစ်နေ့တစ်ခြားကြီးပြင်းလာတဲ့ လီယမ်လေးကိုရော အသည်းယားနေကြပြီလား။ လီယမ်လေးအသက်ကြီးလာလို့အနုပညာလုပ်ချင်တယ်ဆိုရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.