ကာစတန်အခွန်မဆောင်ဘဲ တင်သွင်းလာသည့် (၁၈၀၀) ကျော်(ကျပ်သိန်းပေါင်း ၇ ထောင်တန်ဖိုးရှိ) ဆမ်ဆောင်းဖုန်းအလုံး အား ဒါးပိန်တွင် ဖမ်းဆီးရမိ

ကာစတန်အခွန်မဆောင်ဘဲ တင်သွင်းလာသည့် (၁၈၀၀) ကျော်(ကျပ်သိန်းပေါင်း ၇ ထောင်တန်ဖိုးရှိ) ဆမ်ဆောင်းဖုန်းအလုံး အား ဒါးပိန်တွင် ဖမ်းဆီးရမိ

ကာစတန် အခွန်မဆောင်သည့် (ဂျူတီမဲ့) ပြည်ပထုတ်ကုန်ပစ္စည်းများ ထည့်သွင်းလာ သည့် ကျပ်သိန်းပေါင်း (၇)ထောင်ကျော် ဒါးပိန်တွင် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒါးပိန်ရဲစခန်းအပိုင်တွင် ကျပ်သိန်းပေါင်း (၇) ထောင်ကျော် တန်ဖိုးရှိ ပြည်ပထုတ် ကာစတန်အခွန်မဆောင်သည့်(ဂျူတီမဲ့) ပါဆယ်အိတ်ထုပ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၈ရက်နေ့ နံနက် ၉နာရီခန့်က ထားဝယ်မှရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ်(၁၇၆)အမြန်ရထားသည် ဒါးပိန်ဘူတာသို့ ဖြတ်သန်းမောင်းနှင် စဉ်ရထားပေါ်မှ အဖြူရောင်ပီနံ အိတ်(ပါဆယ်) အိတ် (၁၀၀)ကျော်ခန့်အား ပစ်ချ၍ ဒါးပိန်ဘူတာမှ တဆင့် ၎င်းပါဆယ်အိတ်များကို ထန်းပင်ချောင်-မအူကားလမ်းအတိုင်း ကားဖြင့် ပြန်လည်သယ်ယူနေကြောင်း ဒါးပိန်ဘူတာအနီးရှိ တာဝန်သိပြည်တစ်ဦးမှ ဒါးပိန်ရဲတပ်ဖွဲ့အား ဆက်သွယ်အကြောင်း ကြားခဲ့ရာ ရဲတပ်ဖွဲ့နှင့် အတူ ထန်းပင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေ/မအူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းဇော်/ဒါးပိန်တောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးမြင့်အောင်/ကျေးရွာဆယ်အိမ်မှူး များက ပိတ်ဆို့ စုံစမ်းစစ်ဆေးခဲ့ရာမှကာစတန်အခွန်မဆောင်သည့်(ဂျူတီမဲ့)ပြည်ပထုတ်ပစ္စည်းများ ထည့်သွင်းသယ်ဆောင်လာ သည့် ပါဆယ်အိတ်များအဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ထို့နောက် အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်း အကောက်ခွန်ဦးစီးဌာန(လှုပ်ရှားဖမ်းဆီးရေးအထူး)အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင် အပါ(၁၀)ဦးအဖွဲ့မှ သတင်းအရ ထပ်မံရောက်ရှိလာပြီး ၎င်းပီနံအိတ်အတွင်း ထည့်သွင်းထားသည့် (ပါဆယ်)အိတ်များကို ဖွင့်ဖောက်စစ် ဆေးခဲ့ရာ အိတ်အတွင်းမှ Samsung A-50 လက်ကိုင်ဖုန်း(၇၂၀)လုံး ကာလတန်ဖိုး(၂၈၈၀)သိန်းကျပ်/ Samsung A-30လက်ကိုင်ဖုန်း(၇၂၀)လုံး ကာလတန်ဖိုး(၁၇၂၈)သိန်းကျပ်/ Samaung J2 Prime လက်ကိုင်ဖုန်း(၁၂၀)လုံး ကာလတန်ဖိုး(၁၄၄)သိန်းကျပ်/ Samsung J2 Core လက်ကိုင်ဖုန်း(၁၂၀)လုံး ကာလတန်ဖိုး(၁၃၄)သိန်း(၄)သောင်းကျပ်/ Samsung Galaxy J4လက်ကိုင်ဖုန်း(၈၀)လုံး ကာလတန်ဖိုး(၇၀၄)သိန်းကျပ်/Samsung Galaxy S 10E(၈၀)လုံး ကာလတန်ဖိုး(၁၂၈)သိန်းကျပ်/ Samsung A-50 လက်ကိုင်ဖုန်းနမူနာ Simple(၆၆)လုံး(နမူနာပစ္စည်းဖြစ်သည့်အတွက် ကာလတန်ဖိုး သတ်မှတ်ချက်မရှိ)BENSONSနှင့်DNAHILLစီးကရက်ဗူး တစ်ပါကင်လျှင် အတောင့်(၅၀)ပါ စီးကရက်ဗူး(၂၃၂)ပါကင် ကာလတန်ဖိုး(၁၈၅၆)သိန်းကျပ် စုစုပေါင်း ကာလ တန်ဖိုး(၇၅၇,၄၄၀,၀၀၀)တို့အား စစ်ဆေးတွေ့ရှိရသဖြင့် အသိသက်သေများရှေ့၌ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ပီနံအိတ်တွေကို အမြန်ရထားပေါ်က ကန်ချတာ။ဒါးပိန်ဘူတာဝင်ကတည်းက ရထားကမရပ်ဘူးဗျ။ အရမ်းလည်း မမောင်းဘူး။ သံလမ်းတောက်လျှောက် အထုတ်တွေ ပြန့်ကျဲနေတာပဲ။ ပထမတော့ အဝတ်ထုတ်တွေ ထင်လို့ အဲဒီအထုတ်တွေကို လိုက်စုပြီး ကားနဲ့တစ်ခါပြန်တင်တာတွေ့တယ်။နောက်တော့ မသင်္ကာတာနဲ့ ရဲစခန်းအကြောင်းလိုက်တာ အိတ်တွေကို ရထားပေါ်က ကန်ချတာ မနက် ၉နာရီကျော်လောက်ကပါ။

ဘူတာကနေတဆင့် အဲဒီအိတ်တွေကို သယ်သွားတဲ့ကားတစ်စီးကိုတော့ နေ့ခင်း ၁နာရီခွဲလောက်က ထန်းပင်ချောင်အုပ်ချုပ်ရေးမှူးနဲ့ မအူအုပ်ချုပ်ရေးမှူး တားပြီး ဖမ်းလိုက်တာလို့ သိရပါတယ်”ဟု ဒါးပိန်ဘူတာဝန်ထမ်းလိုင်းခန်းအနီးရှိ ပြည်သူတစ်ဦး ပြောသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ဒါးပိန်ရဲစခန်းက (ပ)၉၄/၂၀၁၉ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ဖြင့် အမှုဖွင့်ကာ ပစ္စည်းပိုင်ရှင်အား စုံစမ်းလျှက်ရှိကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.