ချစ်သုဝေရဲ့ လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့ ခရီးသွားဖက်ရှင်

ချစ်သုဝေရဲ့ လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့ ခရီးသွားဖက်ရှင်

နိုင်ငံကျော်သရုပ်ဆောင်နှင့် အဆိုတော် ချစ်သုဝေက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့သူပါ။ ချစ်သုဝေက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး ချစ်ရတဲ့ မိသားစုလေးကို အချိန်ပေး ပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ချစ်သုဝေက ခင်ပွန်းဖြစ်သူနဲ့အတူတူ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ၅ နှစ်အောက် နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးတွေကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ ပေးနေတာဖြစ်ပါတယ်။

ဒီန့မှာတော့ ချစ်သုဝေက မန္တလေးမြို့က ဆိုင်ဖွင့်ပွဲတစ်ခုကို တက်ရောက်သီချင်းဆိုရဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ခရီးသွားပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

ချစ်သုဝေရဲ့ ခရီးသွားဖက်ရှင်ကတော့ ရှပ်အင်္ကျီအဖြူလေးနဲ့ ဂျင်းဘောင်းဘီအတိုလေးနဲ့ လုံးဝလွတ်လွတ်လပ်လပ်ပဲနော်။ မိတ်ကပ်မလိမ်းလဲ သဘာဝအလှလေးကို ချပြဖို့ ဝန်မလေးတဲ့ Treaza လေးပါပဲ။

ချစ်သုဝေက ဘယ်အချိန်ကြည့်ကြည့် လုံးဝလူငယ်လေးကျနေတာပဲနော်။ ကလေးနှစ်ယောက်အမေလို့ကို ထင်ရက်စရာမရှိတာပါ။

ပရိသတ်တွေလဲ ချစ်စရာကောင်းတဲ့ အဖြူရောင်ဖက်ရှင်လေးနဲ့ လှနေတဲ့ ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။ ချစ်သုဝေကို ချစ်ရင် ဒီပိုစ့်လေးကို Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.