ချစ်သူရဲ့မွေးနေ့ပါတီပွဲမှာ အနမ်းတွေခြွေရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်

ချစ်သူရဲ့မွေးနေ့ပါတီပွဲမှာ အနမ်းတွေခြွေရင်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေတဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်

သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးကတော့ လက်ရှိမှာ ချစ်သူရှိရာ မန္တလေးရွှေမြို့တော်ကြီးကို ရောက်ရှိလို့နေတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ နေခြည်ဦးတို့စုံတွဲက တစ်နယ်စီဝေးနေရပေမယ့် အချစ်တွေမပျက်ဘဲ လက်တွဲခိုင်မြဲနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာတော့ နေခြည်ဦးက ချစ်သူရဲ့မွေးနေ့ကို မန္တလေးအထိ ကိုယ်တိုင်သွားရောက်ပြီး မွေးနေ့ပွဲလေး စီစဉ်ပေးခဲ့ပါတယ်။

မနက်ပိုင်းမှာတော့ နေခြည်ဦးက ချစ်သူနဲ့အတူ မွေးနေ့အလှူပွဲလေးမှာ အဘက်ဘက်က ပါဝင်ကူညီ လှူဒါန်းပေးခဲ့ပါတယ်။ ညပိုင်းမှာလည်း နေခြည်ဦးက ချစ်သူအတွက် တန်ဖိုးကြီး ဆိုင်ကယ်ကြီးကို မွေးနေ့လက်ဆောင်အဖြစ် Suprise လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် နေခြည်ဦးတို့စုံတွဲလေးက ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲလေးတစ်ခုကိုလည်း ဆင်နွှဲခဲ့ကြပါသေးတယ်။

အခုလည်း နေခြည်ဦးက ချစ်သူနဲ့အတူ မွေးနေ့ပါတီပွဲမှာ ပျော်ပျော်ပါးပါး ဆင်နွှဲနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးမှာတော့ နေခြည်ဦးတို့စုံတွဲက သူငယ်ချင်းတွေနဲ့အတူ သီဆိုကခုန်ရင်း အရမ်းကို ပျော်ရွှင်နေကြတာကို ကြည်နူးဖွယ်ကောင်းလောက်အောင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.