မေမြင့်မိုရ် ရေစက်ချလှူဒါန်းခဲ့တဲ့ အရံစေတီတော်တစ်ဆူနဲ့ ဘုရားဌာပနာပစ္စည်းတွေ

မေမြင့်မိုရ် ရေစက်ချလှူဒါန်းခဲ့တဲ့ အရံစေတီတော်တစ်ဆူနဲ့ ဘုရားဌာပနာပစ္စည်းတွေ

ဇာတ်လမ်းတွဲ မင်းသမီးလေးအဖြစ် ပရိသတ်တ်ေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ မေမြင့်မိုရ်က အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးအဖြစ် အနုပညာလောကမှာ ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်နေတဲ့ မေက လက်ရှိမှာလည်း ” သွေးကြွေး ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားအောင်ရဲလင်း၊ မင်းသမီး အိချောပို၊ မင်းသမီး အေးမြတ်သူတို့နဲ့အတူ ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။

အနေအထိုင် ယဉ်ကျေးသိမ်မွေ့ပြီး အလှူအတန်းနဲ့ ပတ်သက်ရင် လက်မနှေးတဲ့ မေက အခုလည်း မွန်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မေက ဒီနေ့ တပေါင်းလပြည့်နေ့ အခါသမယမှာ မိဘတွေကို ဦးထိပ်မှာ ပန်ဆင်ပြီး ဘုရားထီးတော်တင်ပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ မေက အရံစေတီတော်တစ်ဆူနဲ့ ဌာပနာပစ္စည်းတွေကို ရေစက်ချလှူဒါန်းပူဇော်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ ပြုဖြစ်တဲ့ ကုသိုလ်လေးနဲ့ ပတ်သက်ပြီးလည်း မေက ” တပေါင်းလပြည့်နေ့ ငြိမ်းချမ်းကမ္ဘာမြနန္ဒာ နှီးဘုရား ဆုတောင်းပြည့်စေတီတော်မြတ်ထီးတော်တင်ပွဲမှာ အရံစေတီတော်တစ်ဆူနဲ့ဘုရားဌာပနာပစ္စည်းလှူဖြစ်ပါတယ် လှူဒါန်းမှု့အစုစုကုသိုလ်ကို ၇ရက်သားသမီးများအားလုံး အမျှအမျှအမျှပါ ကိုယ်စိတ်နှလုံးချမ်းမြေ့အေးချမ်းစွာဖြင့်အမျှထပ်တူရကြပါစေရှင့် ” ဆိုပြီး ပြောပြထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွန်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်လှူဒါန်းခဲ့တဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.