အင်းလျားလမ်းလျှောက်သင်္ကြန်ကို သိန်း ၂၅၀၀ ကျော်အသုံးပြုပြီး ထူးခြားစွာပြုလုပ်မည်

အင်းလျားလမ်းလျှောက်သင်္ကြန်ကို သိန်း ၂၅၀၀ ကျော်အသုံးပြုပြီး ထူးခြားစွာပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် Inya Splash Walk 2019အင်းယားလမ်းလျှောက်သင်္ကြန်ကိုဧပြီလ(၁၃)ရက်နေ့မှ(၁၆)နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါအင်းယားလမ်းလျှောက်သင်္ကြန်ကိုအင်ယားလမ်းနှင့်ပြ​ည်လမ်းထိပ်မှစ၍တက္ကသိုလ်ရိပ်သာလမ်းအထိသတ်မှတ်ထားပြီးသတ်မှတ်ထားသည့်လမ်းတစ်လျှောက်တွင်မြန်မာရိုးရာအငွေ့အသက်များနှင့်အတူတိုင်ရင်းသား(၈)မျိုးတို့၏ရိုးရာယဉ်ကျေးမူအငွေ့အသက်များကိုပါခံစားရရှိနိုင်ရန်အတွက်တိုင်ရင်းသား(၈)မျိုး၏အထင်ကရအမှတ်အသားများနှင့်အတူရိုးရာမဏ္ဍပ်များကိုပါတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း​အပြင်လမ်းတစ်လျှောက်တွင်လည်းဈေးဆိုင်များဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီးတိုင်းရင်းသားရိုးရာပစ္စည်းများနှင့်အစားအသောက်များကိုလည်းရောင်းချသွားပေးမည်ဖြစ်ကြောင်းသိရသည်။ထို့အပြင်ထူးခြားမူများအနေဖြင့်လမ်းလျှောက်သင်္ကြန်ပွဲလာရောက်သူများအတွက်ဆေးရောင်စုံများဖြင့်ကစားခြင်း ၊နံသာရည်ဖြင့်ပတ်ဖြန်းခြင်းများ၊ဖျော်ဖြေရေးမဏ္ဍပ်၌နာမည်ကျော်အဆိုတော်များ၏သီဆိုဖျော်ဖြေမှုများ၊မြန်မာရိုးရာသင်္ကြန်လှပျိုဖြူများနှင့်သင်္ကြန်အလှပြယာဉ်များ၊အလှပြဆိုက္ကားများ၊အလှပြနွားလှည်းများ၊အိုးစည်ဒိုးပတ်ဝိုင်းများ၊ယိမ်းအကအလှများ၊တိုင်းရင်းသားရိုးရာအလှများကိုနိုင်ငံတကာအဆင့်မှီပုံစံစီတန်းလှည့်လည်တင်ဆက်ပြသသွားမည်ဟုသိရသည်။

အဆိုပါပွဲအတွက်ငွေကျပ်သိန်းပေါင်း၂၅၀၀ကျော်အသုံးပြုသွားမည်ဟုလည်းသိရှိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.