အပြင်အဆင်တွေနဲ့ နိုင်ငံခြား မင်းသမီးတစ်ဦးလို့တောင် အထင်မှားသွားစေမယ့်လှနေတဲ့ သင်ဇာဝင့်ကျော်

အပြင်အဆင်တွေနဲ့ နိုင်ငံခြား မင်းသမီးတစ်ဦးလို့တောင် အထင်မှားသွားစေမယ့်လှနေတဲ့ သင်ဇာဝင့်ကျော်

နာမည်ကျော် သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုပြည့်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ အလှဘုရင်မလေးတစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်နေတဲ့ သင်ဇာက တစ်နေ့တစ်ခြား အလှတိုးလာတာလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ သင်ဇာက ပွဲအခမ်းအနားတွေ တက်ရောက်နေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သင်ဇာက မန္တလေးမြို့က မျက်မှန်ဆိုင်ဖွင့်ပွဲတစ်ခုကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်လာခဲ့ပါတယ်။ အများနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ သင်ဇာက အခုလည်း စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေပြန်ပါတယ်။ သင်ဇာက သူမအကြိုက်ဆုံး ” Shayi ” ဖက်ရှင်က အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။

အခုလည်း သင်ဇာက ” I Love Shayi ” ဆိုပြီး မြင်သူငေးအောင် လှနေတဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမင်းသမီးလေးတစ်ဦးလို အထာကျကျ လန်းနေတဲ့ သင်ဇာရဲ့ပုံလေးတွေကတော့ အရင်ကနဲ့မတူဘဲ အရမ်းကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားအလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Thin Zar Wint Kyaw;

Comments are closed.