လူတွေက ပုဂံဆိုရင် ဓာတ်ပုံရိုက်ဖို့လောက်ပဲသိတယ် ဆိုတဲ့ လူမင်း

လူတွေက ပုဂံဆိုရင် ဓာတ်ပုံရိုက်ဖို့လောက်ပဲသိတယ် ဆိုတဲ့ လူမင်း

မြန်မာနိုင်ငံရုပ်ရှင်လောကရဲ့ ဦးဆောင်ဦးရွက်တစ်ဦးဖြစ်သလို ရှေ့ဆောင်လမ်းပြတစ်ဦးလည်းဖြစ်တဲ့ အကယ်ဒမီလူမင်းဟာဆိုရင် ရုပ်ရှင်နယ်ပယ်မှာစိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားရုံသာမက လောကုတ္တရာဘက်ကိုလည်း မပြတ်စေရပဲ ဘုရားတရားရိုသေကိုင်းရှိုင်းသူတစ်ဦးပါ။ လူမင်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားရာဖြစ်တဲ့ ပုဂံကို မြတ်နိုးသူတစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးမီက အင်တာဗျူးမှာ လူမင်းက ပုဂံကိုအခုခေတ်လူတွေ တန်ဖိုးထားတတ်စေချင်ကြောင်းနဲ့ သူ့ရဲ့လက်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပြောပြပေးသွားပါတယ်။

လူမင်းက သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ လင်္ကာဒီပချစ်သူဇာတ်လမ်းကို ဇာတ်ကဖို့ရှိကြောင်း “လင်္ကာဒီပချစ်သူဇာတ်ကို ကဖို့ရှိပါတယ်။ဇာတ်တိုက်တာကတော့ ဇာတ်တိုက်သားကတော့ညက်နေပါပြီ။စင်ပေါ်မှာအဝင်အထွက်ကို ပစ္စည်းပစ္စယတွေနဲ့ ကြိုတိုက်ပါမယ်။ လင်္ကာဒီပချစ်သူကြီးက အရှိန်အဝါလည်းအရမ်းကြီးခဲ့တော့တာဝန်ကြီးပါတယ်။ ဒါပေမယ့် ပြဇာတ်အနေနဲဆိုတော့ ပရိသတ်တွေလည်း အမြင်တစ်မျိုးအသွင်တစ်မျိုးနဲ့တော့ခံစားရမှာပါ”လို့ ပြောပြထားပါတယ်။

လူမင်းက ပုဂံမှာရိုက်တဲ့အခန်းတွေပါတဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ဇာတ်ကားမှာပါဝင်ဖြစ်တဲ့အကြောင်း “ဒီကားမှာ ကျွန်တော်ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါတာပါ။ ဒီတစ်ခန်းထဲမှာပါတဲ့စကားကို ဆရာဦးရင်အောင်က အစ်ကိုပြောမှကောင်းမယ်။အစ်ကိုပြောသင့်တယ်ဆိုပြီး အကူအညီတောင်းလို့ ပါဖြစ်တာပါ၊ ကိုယ်ပြောခဲ့ရတဲ့စကားအတွက်တော့ ကျေနပ်တာပေါ့နော်”လို့ ပြောပြထားပါတယ်။

လူမင်းက အခုခေတ်လူတွေက ပုဂံအတွက်တစ်ခုခုလုပ်ကြသင့်ကြောင်း “ပုဂံဆိုတာက ရှေးလူကြီးတွေက ပြောစမှတ်တွင်ကျန်ခဲ့အောင် သမိုင်းအဖြစ်ထားခဲ့တာ။အခုခေတ်လူတွေက ပုဂံဆိုတာကြီးကို ခေါ်ခေါ်ပြီးတော့ပဲ ပြပြီးကြွားနေကြမှာလား။ဘာလုပ်ကြမှာလဲဆိုတဲ့ အနှစ်သာရကို ဒါရိုက်တာကပေးချင်တာပါ။ကျွန်တော်လည်း အဲဒီအနှစ်သာရကို ခံစားရပါတယ်”လို့ ပြောထားခဲ့ပြီး လူတွေက ပုဂံဆို ဓာတ်ပုံရိုက်ဖို့လောက်ပဲစိတ်ဝင်စားနေကြကြောင်း “ကျွန်တော်ခံစားမိတာကတော့ မြန်မာပြည်မှာရှိတဲ့ တန်ခိုးကြီးဘုရား တော်တော်များများမှာ ပုဂံဆိုလို့ရှိရင် လူတွေက ဓာတ်ပုံရိုက်ဖို့လောက်ပဲစိတ်ဝင်စားပါတယ်။ ဘုရားတွေမှာ သေသေချာချာ ဘုရားရှိခိုးအဓိဌာန် ရွတ်ဖတ်သရဇ္ဇျယ်ဆိုတာတော်တော်ရှားပါတယ်။ ကျွန်တော်အဲဒီခံစာချးက်လေးရနေပါတယ်”လို့လည်း သုံးသပ်ပြထားပါသေးတယ်။

လူမင်းကိုယ်တိုင်ကတော့ ဘုရားမှာ သေသေချာချောရွတ်ဖတ်ဖြစ်ကြောင်းကို “ကျွန်တော်ကတော့ အေးအေးဆေးဆေးရှိတဲ့ ဘုရားတိုင်းမှာ သေသေချာချာလေးလေးနက်နက်မေတ္တာပို့အမျှဝေအဓိဌာန်ဆုတောင်းပါတယ်”လို့ ပြောပြထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.