သင့်မျက်နှာပေါ်ရှိ အနီစက်များမှတဆင့် အကဲခတ်နိုင်သော သင့်ကျန်းမာရေးအခြေအနေ

သင့်မျက်နှာပေါ်ရှိ အနီစက်များမှတဆင့် အကဲခတ်နိုင်သော သင့်ကျန်းမာရေးအခြေအနေ

တရုတ်ဆရာဝန်များက ကျွန်မတို့မျက်နှာကို ကျန်းမာခြင်း၏တံခါးပေါက်လို့ ရည်ညွန်းကြပါတယ်။အကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့အရေပြားက ကိုယ်ခန္ဓာရဲ့ပြောင်းလဲမှုဖြစ်စဉ်များကို သိသာစွာ တုန့်ပြန်တတ်တာမို့ဖြစ်ပါတယ်။ဥပမာ သင်စိတ်ဖိစီးမှုများတာနှင့်တပြိုင်နက် မျက်နှာမှာဝက်ခြံတွေ ထွက်လာတာမျိုးပေါ့။

(၁)နဖူးနှင့်မျက်ခုံးပေါ်မှအနီစက်များ

နှဖူးနှင့်မျက်ခုံးတ၀ိုက်ရှိ အနီစက်တွေက အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖော်ထုတ်ပြသနေပါတယ်။မျက်ခုံးနှစ်ခုကြားကနေရာကတော့ အသည်းရဲ့လုပ်ငန်းဆောင်တာတွေနှင့် ဆက်စပ်မှုရှိပါတယ်။
-သင်ဟာထိုနေရာတ၀ိုက်မှာ အနီစက်များတွေ့လာရပါက ဆီကြော်စာများနဲ့အဆီများသောအစာများကိုရှောင်ပြီး အရက်ဘီယာသောက်ခြင်းကို လျှော့ချသင့်ပါတယ်။

(၂)နှာခေါင်း

နှာခေါင်းပေါ်တွင် ၀က်ခြံပေါက်ခြင်းဟာ နှလုံးသွေးကြောပြဿနာများကို ဖော်ပြခြင်းဖြစ်နိုင်ပါတယ်။ ကို်ယ်လက်လှုပ်ရှားမှုရှိပါစေ။အဆီပါသောအစာများစားခြင်း၊အထိုင်များခြင်းရှောင်ကြဉ်ပါ။သွေးပေါင်ကိုပုံမှန်အနေအထားတွင်ထိမ်းညှိပါ။

(၃)နား

တရုတ်ဆရာဝန်များအဆိုအရ နားပေါ်ကအရေပြားဟာ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပြဿနာများနှင့် ဆက်စပ်နေပါတယ်။ နားတ၀ိုက်တွင်ဝက်ခြံများဖြစ်ပေါ်ပါက ဆားနှင့်အငန်များလျှော့စားပါ။ဆေးလိပ် ကွမ်းယာရှောင်ကြဉ်ပါ။ရေများများသောက်ပေးဖို့လိုပါတယ်။

(၄)ပါးနှင့်ပါးရိုးတ၀ိုက်

ပါးနှင့်ပါးရိုးအပေါ်တ၀ိုက်က သင့်အဆုတ်နှင့်လေပြွန်နေရာများနှင့် ဆက်စပ်နေပါတယ်။ထိုနေရာတ၀ိုက်တွင် ၀က်ခြံဖြစ်ပေါ်ပါက အဆုတ်ရောဂါများကို သတိပြုသင့်ပါတယ်။ပါးရိုးအောက်နားတ၀ိုက်ကတော့ သွားရောဂါများနှင့် ဆက်စပ်နေပါတယ်။
-ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။လေကောင်းလေသန့်ကိုရှူရှိုက်ပါ။သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုပြုပါ။အချိုများစားခြင်းကိုရှောင်ပါ။

(၅)နှုတ်ခမ်း

နှုတ်ခမ်းတ၀ိုက်အရေပြားဟာ အစာခြေစနစ်နှင့်ဆက်စပ်နေပါတယ်။အသင့်စားအစာများကိုရှောင်ပါ။အသီးအရွက်နှင့်အမျှင်ဓာတ်ကြွယ်ဝသောအစာများကို စားသုံးပါ။ဝမ်းမှန်အောင်ဂရုစိုက်ပါ။

(၆)မေးစေ့

မေးစေ့တ၀ိုက်မှာ အနီစက်များဖြစ်ပေါ်လာပါက မိန်းမများအနေဖြင့် မီးယပ်နှင့်ဆိုင်သောရောဂါများကို သတိချပ်သင့်ပါတယ်။မေးစေ့ပေါ်မှာ တစ်ခါတစ်ရံ တစ်လုံးတစ်လေလောက်ပေါက်တာ အရေးမကြီးပေမယ့် မကြာခဏပေါက်တတ်ပါက မပေါ့ဆသင့်ပါဘူး ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.