တောဘုရင်ကို အိမ်မွေးကြောင်လို မွေးပြီးနေသွားခဲ့တဲ့ (၁၉၇၀)၀န်းကျင်ခေတ်က မိသားစု

တောဘုရင်ကို အိမ်မွေးကြောင်လို မွေးပြီးနေသွားခဲ့တဲ့ (၁၉၇၀)၀န်းကျင်ခေတ်က မိသားစု

တိရိစ္ဆာန်လေးတွေဟာ တောရိုင်းမဆိုထားနဲ့ အိမ်မွေးကောင်လေးတွေတောင် စိတ်အခန့်မသင့်ရင် လူတွေကိုထိခိုက်အောင်ပြုမူတတ်ကြတဲ့အမျိုးပါ။ ဒါကိုတောင်မကြောက်မရွံ့နဲ့ အမဲလိုက်တဲ့သဘာဝရှိတဲ့ တောကောင်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးခဲ့တဲ့လူတွေရှိနေပါတယ်။ ဒီအထဲကမှ ၁၉၇၀ ပတ်ဝန်းကျင်က မိသားစုတစ်စုကတော့ အထူးခြားဆုံးလို့ ပြောလို့ရပါတယ်။

ရုပ်ရှင်မင်းသမီး Tippi Hedren, ယောက်ျားဖြစ်သူ ဒါရိုက်တာ Noel Marshall နဲ့ ဆယ်ကျော်သက်သရုပ်ဆောင်ဖြစ်တဲ့ သမီးလေး Melanie Griffith တို့မိသားစုဟာ သာမန်မွေးနေကျမဟုတ်တဲ့ တိရိစ္ဆာန်မျိုးကို အိမ်မွေးကြောင်အလား မွေးထားခဲ့ပါတယ်။ တိတိကျကျပြောရရင်တော့ ၁၉၇၁ ခုနှစ်မှာပါ။ သူတို့မိသားစုသုံးယောက် အာဖရိကသို့ပျော်ခရီးထွက်ခဲ့ကြပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေကို အနီးကပ်တွေ့ခဲ့အပြီး အာဖရိကမှပြန်ပြန်လာချင်း မိသားစုသုံးယောက်လုံးရဲ့စိတ်ထဲ ခြင်္သေ့တွေအကြောင်းကိုအခြေခံကာ ရုပ်ရှင်ရိုက်ကူးချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာပါတယ်။

ခြင်္သေ့တွေရဲ့သဘာဝတွေနဲ့ လှုပ်ရှားမှုပုံစံတွေအကြောင်း ထဲထဲဝင်ဝင်ရိုက်ကူးမှာဖြစ်တဲ့အတွက် တိရိစ္ဆာန်ထိန်းကျောင်းရေးဆရာ Ron Oxley ရဲ့ အကြံပေးချက်အရ ခြင်္သေ့တစ်ကောင်နဲ့လက်ပွန်းတတီးနေထိုင်ဖို့ စီစဉ်ကြပါတော့တယ်။

Anton Lavey တည်ထောင်ခဲ့တဲ့ Satan ဘုရားကျောင်းမှ ခြင်္သေ့တစ်ကောင်ကိုခေါ်ယူမွေးစားခဲ့ပြီး အိမ်မွေးကြောင်လေးတစ်ကောင်နဲ့နေနေတဲ့သဖွယ် အကြောက်အလန့်မရှိ စတင်နေထိုင်ကြပါတော့တယ်။ မိသားစုနဲ့ ခြင်္သေ့ Neil တို့ကြားက သံယောဇာဉ်တွေနဲ့ နေ့စဉ်လှုပ်ရှားသွားလာပုံတွေကိုတော့ Live Photography မှ မှတ်တမ်းတင်ရိုက်ကူးထားခဲ့ကြတာဖြစ်ပါတယ်။

များသောအားဖြင့် Neil နဲ့ သမီးဖြစ်သူ Melanie တို့ဟာ ပိုပြီးအချိန်အတူတူကုန်တာများပါတယ်။ မိသားစုနေထိုင်ရာ California မှာရှိတဲ့ Sherman Oaks အိမ်မှာ ကိုယ်ပိုင်ရေကူးကန်ရှိပါတယ်။ အဲဒီရေကူးကန်ထဲ နေ့တိုင်းလိုလို Neil နဲ့ Melanie တို့ ဆော့နေခဲ့ပါတယ်။

အကောင်ကြီးသလောက် Neil ဟာ အစအနောက်လည်း သိပ်သန်ပြီး သိပ်ကြမ်းပါတယ်။ တစ်ခါတစ်ရံလူတွေကိုကိုက်ဟန်ပြုပြီးစတတ်သလို ပွတ်သီးပွတ်သက်လုပ်တဲ့အခါမျိုးမှာလည်း သူ့အင်အားကြီးနဲ့ အတင်းကာရောလူပေါ်တက်တတ်ပါသေးတယ်။

သမီးအပြင်အမေဖြစ်သူ Tappi Hedren ကပါ အားလပ်ချိန်တိုင်း Neil နဲ့ ဆော့ဆော့ပေးနေကျပါ။

ရေမကူးတဲ့နေ့တွေဆိုရင်တော့ Melanie နဲ့ Neil တို့ဟာ အိမ်ထဲတစ်နေရာမှာ စကားတွေပြောရင်း ငြိမ်ငြိမ်လေးနေနေတတ်ကြပါတယ်။

Neil ရှိတာ ဝက်ဝံရုပ်ထက်ပိုပြီး သာတယ်လို့ Melanie ကဆိုပါတယ်။

တစ်ခါတစ်ရံ Tappi ဟာ Neli ကို မီလိုက်၊ ခေါင်းအုံးလိုက်နဲ့ သတင်းစာဖတ်တတ်သလို

တစ်ခါတစ်ရံကျပြန်တော့လည်း ဧည့်ခန်းထဲ နပန်းသတ်တမ်းကစားကြပါသေးတယ်။

မီးဖိုချောင်ထဲကိုလည်း တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာခွင့်ပြုထားပြီး

ရေခဲသေတ္တာထဲကိုလည်း စိတ်ကြိုက်မွှေခွင့်ပြုထားပါသေးတယ်။

အိမ်မွေးကြောင်တွေလိုပဲ နေ့လည်နေ့ခင်းကျ မီးဖိုချောင်ကြမ်းပြင်မှာ လာလာအိပ်တတ်ပါသေးတယ်တဲ့။

အိမ်ထောင်ဦးစီးဖြစ်သူ ဒါရိုက်တာ Noel Marshall ကိုလည်း Neil က အလွတ်မပေးပါဘူး။

ရုပ်ရှင်ကိစ္စတွေနဲ့ ရှုပ်ယှက်ခက်နေတဲ့အတွက် Neil နဲ့ အချိန်မဖြုန်းနိုင်တာကြောင့် Neil ကပဲ Noel ဆီကို သွားသွားပြီး မျက်နှာပြလေ့ရှိပါတယ်။ သူ့ကိုဂရုလုံးဝမစိုက်တဲ့အခါမျိုးကျ Noel မျက်နှာနားကပ်ပြီး ဟိန်းတာဟောက်တာတွေ ပြုလုပ်တတ်ပါသေးတယ်။

Neil နဲ့ အတူတူနေတာ ကြာလာတာနဲ့အမျှ မိသားစုဟာ သူတို့သိချင်လေ့လာချင်တဲ့ ခြင်္သေ့တွေရဲ့သာဝကိုလည်း လေ့လာနိုင်ခဲ့ပြီး ကြောင်ကြီးနဲ့ပါ သံယောဇာဉ်တွေတိုးလာခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Roar ကို ရိုက်ကူးဖို့အတွက် အချိန် (၁၁) နှစ်ကြာခဲ့ပြီး (၁၇.၅) မီလီယံဒေါ်လာအကုန်ကျခံခဲ့ကြပါတယ်။ ကြော်ငြာပြဿနာကြောင့် အရင်းရဲ့တစ်ဝက်တောင်ပြန်မရဘဲ နိုင်ငံတစ်ကာက ရုံဝင်ငွေအားလုံးပေါင်းမှ (၂) မီလီယံဒေါ်လာသာ ရခဲ့ပါတယ်။

ဒီရုပ်ရှင်ရိုက်ကူးဖို့အတွက် Melanie အပါအဝင် အခြားသောရုပ်ရှင်အဖွဲ့မှ လူပေါင်းပျမ်းမျှအယောက် (၇၀) လောက်အထိကို ဒဏ်ရာရရှိခဲ့ကြပါတယ်။ Melanie ကတော့ ရုပ်ရှင်မှာအသုံးပြုတဲ့ ခြင်္သေ့မရဲ့ကုတ်ရာကြောင့် မျက်နှာမှာ အကြီးအကျယ်ဒဏ်ရာရခဲ့ပါတယ်။

နောက်တော့ Tappi Hedren ဟာ မအောင်မြင်တဲ့ရုပ်ရှင်ကို ပစ်ထားခဲ့ပြီး တောရိုင်းတိရိစ္ဆာန်တွေ လွဲမှားစွာဆက်ဆံခံနေရခြင်းနဲ့ ပစ်ထားခံရမှုတွေအတွက် Roar Foundation ကို ထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့အဓိကပညာပေးချင်တာကတော့ ထိုခေတ်ထိုအခါက ခေတ်စားခဲ့ကြတဲ့ အန္တာရာယ်ရှိသားရဲများကို တစ်ဦးပိုင်မွေးမြူခြင်းအကြောင်းနဲ့ သက်ဆိုင်တာတွေကိုပဲဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: Boredpanda, Elite Readers

Comments are closed.