ဖြိုးမြတ်အောင် ဦးဇင်း ပညာဝံသ က သူ့ရဲ့ ထီးတော်တင်ပွဲ ကြီးကို ပြုလုပ်ပြီးမြောက်ခဲ့ပြီ

ဖြိုးမြတ်အောင် ဦးဇင်း ပညာဝံသ က သူ့ရဲ့ ထီးတော်တင်ပွဲ ကြီးကို ပြုလုပ်ပြီးမြောက်ခဲ့ပြီ

Myanmar Idol season 3 winner ဆုရှင်ဖြိုးမြတ်အောင်ဟာဆိုရင်ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦးပါ။ ဖြိုးမြတ်အောင်က ပြိုင်ပွဲပြီးဆုံးပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေတောက်လျှောက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ သူ့ရိုက်ကူးထားတဲ့ ကြော်ငြာများကလည်း ခုဆိုရင် ပရိသတ်တွေမြင်တွေ့နေရပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ဘာသာတရားကိုင်းရှိုင်းသူ ဆိုတာ ပရိသတ်တွေ သိပြီးလောက်ပြီ ထင်ပါတယ်။ ဒီတစ်ခါမှာ မိုမိုလေးပရိသတ်တွေအတွက် ဖြိုးမြတ်အောင် ရဲ့ သူ့ လှူချင်နေတဲ့ ထီးတော် တင်ပွဲအလှူကြီး ပြီြးော်က်ခဲ့တဲ့အကြောင်းကို ဖော်ပြပေး လိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် (ဦးဇင်း ပညာဝံသ)က သူသီချင်းဆိုပြိုင်ပွဲစဝင်ကတည်း က Winner ဆုကို ရချင်ကြောင်း ရလျှင် ဘုရားထီးတော် တင်ချင်ကြောင်းကို ပြောခဲ့တာ ပရိသတ်တွေ မှတ်မိလောက်မယ် ထင်ပါတယ်။

ခုချိန်မှာတော့ သူလိုချင်တဲ့ winner ဆုကိုလည်း ရရှိခဲ့ပြီး သူလှူချင်တဲ့ ထီးတော် တင်မယ့်အလှူကြီးကို လည်း ပြုလုပ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်အားလုံးကိုလည်း သူ့ရဲ့ အလှူကို ကြွရောက်ကြရန် online ကနေ တဆင့် ဖိတ်ကြားခဲ့ပါသေးတယ်။

အလှူပွဲကြီးမတိုင်ခင် ကတည်းက လာသမျှ ဧည့်ပရိသတ်များကို ဧည့်ခံချက်ပြုတ်ကြွေးခဲ့ပြီး ဒီနေ့မှာတော့ ဟင်္သာတမြို့၊ ကိုးနဝင်း စေတီတ်ာမြတ်ကြီး၏ တံခွန်တိုင်စေတီ(အရံစေတီ) ထီးတော်တင်လှူခြင်း အခမ်းအနား ကို ဧည့်ပရိသတ်များစွာ နဲ့ ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြိုးမြတ်အောင် (ဦးဇင်း ပညာဝံသ) ရဲ့ ထီးတော်တင်တဲ့ အလှူပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

အလှူ့အမကြီး ရဲ့ ပီတိ

ကိုးနဝင်း စေတီတ်ာမြတ်ကြီး၏ တံခွန်တိုင်စေတီ(အရံစေတီ) ထီးတော်တင်လှူခြင်း အခမ်းအနား

ကိုးနဝင်း စေတီတ်ာမြတ်ကြီး၏ တံခွန်တိုင်စေတီ(အရံစေတီ) ထီးတော်တင်လှူခြင်း အခမ်းအနား

ကိုးနဝင်း စေတီတ်ာမြတ်ကြီး၏ တံခွန်တိုင်စေတီ(အရံစေတီ) ထီးတော်တင်လှူခြင်း အခမ်းအနား

ဦးဇင်း ပညာဝံသ Myanmar Idol Season3 Winner ဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ရဲ့ ထီးတော်တင်ပွဲမှ အမှတ်တရ ပုံရိပ်တွေနဲ့ video file များကို ကြည့်ပြီး ပရိသတ်တွေကျေနပ်ဝမ်းသာ လိမ့်မယ်ထင်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးကလည်း ဖြိုးမြတ်အောင် အလှူအတွက် သာဓု ခေါ်ပေးကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.