Gravity အပြင်ဖက်ခုန်ထွက် သီချင်းက လုံးဝကော်ပီမဟုတ်ပါဘူးဆိုတဲ့ ထက်ယံ

Gravity အပြင်ဖက်ခုန်ထွက် သီချင်းက လုံးဝကော်ပီမဟုတ်ပါဘူးဆိုတဲ့ ထက်ယံ

ယခုရက်ပိုင်းတွေမှာတော့ ဖေ့ဘုတ်ကြီးပေါ်မှာ Gravity အပြင်ဖက်ခုန်ထွက်၊ သိပ်လှတဲ့ သက်တန့်ကြီးတောင် ကွေးသွားတယ် စတဲ့စာသားတွေကို ပွထနေအောင်မြင်နေရမှာပါ။ အဆိုတော်ထက်ယံသီဆိုထားတဲ့ ဒီသီချင်းလေးကတော့ ပရိသတ်တွေကြားမှာ နည်းလမ်းမျိုးစုံနဲ့အောင်မြင်နေတာ ဖြစ်ပါတယ်။ ထက်ယံကတော့ လက်ရှိမှာ သူသီချင်းကို ဘယ်ဖန်တီးဖြစ်ခဲ့ပုံနဲ့ သူ့သီချင်းလေးကို လက်ခံအားပေးကြလို့ ကျေးဇူးတင်တဲ့အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

Mc နဲ့အင်တာဗျူးမှာတော့ ထက်ယံက သီချင်းကိုဘယ်လိုဖန်တီးဖြစ်ခဲ့တာလဲဆိုတဲ့ အပေါ်မှာတော့ ” ကျနော်ကို အဲ့လိုတွေမေးတဲ့အချိန် နည်းနည်းတော့ စားတယ်ဗျာ။ ငါဘယ်လိုစဉ်းစားခဲ့တာလည်း ဆိုပြီး တိတိကျကျဖြေဖို့ ခက်ခဲတယ်ပေါ့။ ကျနော်သီချင်းလေးအပေါ် တွေးလိုက်တာက လွတ်လွတ်လပ်လပ်ချစ်မယ်။ အချစ်နဲ့ပျော်ပြီးတော့ လွှင့်နေမယ်ပေါ့။ အဲ့ဒါကိုမှ တင်စားပြီးရေးချင်တာ။ အဲ့မှာတွေးလိုက်တယ်။ Gravity အပြင်ဖက်ခုန်ထွက် အဲ့ဒါမဖြစ်နိုင်ဘူး။ မင်းလေးတချက်ပြုံးလိုက်တိုင်း ငါနှေးသွားတယ်။ ဒါကလည်းရုပ်ရှင်တွေထဲမှာပဲ ဖြစ်တာ။ နောက်တချက်ကတော့ သတ်တန့်ကြီးတောင် ကွေးသွားတယ်။

သတ်တန့်ကြီးကတော့ ကွေးနေတာကျွန်တော်သိတာပေါ့” “အဲ့လိုမဖြစ်နိုင်တာတွေပဲ ကျနော်တန်းစီရေးထားတယ်။ မင်းရည်းစားမင်းသမီးလားလို့ မေးကြတယ်။ အဲ့ဒါက ခံစားချက်လေး တခုပေါ့။ သူရှိရင် ဘဝကပြည့်စုံတယ်ပေါ့။ လူတွေက ကြွယ်တာကို ကြိုက်တယ်လေ။ ကျနော့်လိုပဲ မွန်းကြပ်နေတဲ့ လူတွေအကုန်လုံးက ခုန်ထွက်ခုန် ထွက်ချင်နေကြတာပဲလေ။ အဓိကက ပျော်စရာကောင်းတဲ့ mood ကိုကြိုက်သွားကြတာ ဖြစ်မယ်။ ကျနော်တို့ရင်ဘတ်ချင်းနီးသွားတာ ဖြစ်မှာပေါ့။ တကယ်ထွက်ချင်ရင်တော့ ကျနော့်ကို Troll တဲ့ပုံတွေအများကြီးထဲက တနည်းနည်းနဲ့တော့ ထွက်လို့ရမယ်ထင်တယ်”

သီချင်းက ကော်ပီပါလို့ ဝေဖန်နေကြတဲ့အပေါ်မှာတော့ “ကျနော်အဲ့ဒါကို ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ကျနော့်ကိုဒီလိုပြောနေတဲ့သူတွေကို ပြနိုင်တာဆိုလို့ ကမ္ဘာကျော်သီချင်းတွေထဲမှာလည်း flow တူတဲ့သီချင်းတွေမှ အများကြီးပဲ။ ဒါပေမယ့်လည်း ဒီလိုဝေဖန်ပေးကြတာ ဝမ်းသာတယ်။ သူတို့ကျနော်သီချင်းကို ဘာသီချင်း နဲ့တူလည်းဆိုပြီးတော့ ပြောချင်ဇောနဲ့ သီချင်းကိုနားထောင်ရတာကြောင့် ကျနော့်သီချင်းက သူတို့နားထဲမှာ စွဲသွားပြီဆိုတာ ကျနော်သိတယ်။ ဒါကြောင့် ဒီကိစ္စကတော့ နားထောင်တဲ့ပရိသတ်တွေပဲ ဝေဖန်မယ်လို့ထင်တယ်။ ကျနော်တို့က ကမ္ဘာကျော်လည်း မဟုတ်ဘူး။ ကမ္ဘာကျော်သီချင်းလေးတွေ နားထောင်ပြီးတော့ ကိုယ့်သီချင်းလေးတွေ ပိုပြီးတိုးတက်လာအောင် လုပ်နေရတဲ့အချိန်မှာ ကျနော်ကမ္ဘာကျော်သီချင်းတွေကို နားထောင်ရလိမ့်မယ်။ ဒါပေမယ့် ကော်ပီတော့ ကျနော်တခါမှ မလုပ်ပါဘူး။ သေချာတာကတော့ သူများသီချင်းကို ယူလုပ်တာမဟုတ်ပါဘူး။ ကျနော်ကလိပ်ပြာလုံပါတယ်”

“ကျနော့်သီချင်းလေးတွေကို စာသားလေးတွေပြောင်းပြီးတော့ အပျော်သဘောလေးတွေနဲ့ လုပ်ကြတယ်။ အရင်ကဒီလိုတွေ မရှိဘူးလေ။ လူအများလက်ခံကြတော့ ကျနော်ဝမ်းသာတာပေါ့။ ပျော်ပါတယ်။ နောက်ထပ်ဒိလိုအပျော်မျိုး ရှိဦးမလားပေါ့။ ကျနော့်အနုပညာသက်တမ်းမှာ ပုံစံမတူပဲပေါက်ခဲ့တဲ့အတွက်ပါ။ ပရိသတ်တွေအနေနဲ့လည်း ဂီတကိုပိုပြီးတော့ စိတ်ဝင်စားစေချင်ပါတယ်။ ဝေဖန်ပါ အကြံပြုပေးကြပါ” ဟုပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.