ခံစားချက်ပြင်းတဲ့ သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု

ခံစားချက်ပြင်းတဲ့ သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့တဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်စရာကောင်းတဲ့ မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ သက်မွန်မြင့်က သူမသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများစွာရှိသလို ဒီတစ်ခါမှာတော့ သက်မွန်မြင့် ရဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ဇာတ်ကားကြီး ကိုမကြာခင်ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။

“သခင်ကြီးနဲ့ ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးက နမူနာဗီဒီယိုမထွက်ရှိသေးပေမယ့် သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ချက်တွေပါဝင်တဲ့ ပိုစတာဓာတ်ပုံတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာဖြစ်ပါတယ်။

ထိုထဲမှာမှ မင်းသမီးချောလေး ပိုင်ဖြိုးသုကလဲ သူမရဲ့ စီနီယာအစ်မဖြစ်သူ သက်မွန်မြင့်ကို “မသက်မွန် မျက်လုံးတွေ 😍😍😍 သေလို့ရတယ်!!!!” ဆိုပြီး ချီးကျူးစကားဆိုထားပါတယ်။ ပိုင်ဖြိုးသုကတော့ သူမရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းသာ ပြောတတ်ဆိုတတ်တဲ့ စိတ်ကောင်းရှိသူ မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။

“သခင်ကြီးနဲ့ ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာစတီးလ်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင် ဖြိုးငွေစိုး ၊ သက်မွန်မြင့်၊ ထွန်းကိုကို ရွှေသမီး စတဲ့ သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင် ထားကြတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသု ချီးကျုးခဲ့ရတဲ့ သက်မွန်မြင့်ရဲ့ မျက်လုံးတွေ

ပိုင်ဖြိုးသု ချီးကျူးမယ်ဆိုလဲ ချီးကျူးချင်စရာပဲနော်။ “သခင်ကြီးနဲ့ ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ချစ်သက်တစ်ယောက် ဘယ်လိုတွေ အကောင်းဆုံးထားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.