သားတပည့် ဖြိုးမြတ်အောင် ရဲ့ အလှူ ကို အားကျိုးမာန်တက် သွားရောက်ခဲ့ပြီး သီချင်းများနဲ့ ဖျော်ဖြေခဲ့တဲ့ မြန်မာပြည်သိန်းတန်

သားတပည့် ဖြိုးမြတ်အောင် ရဲ့ အလှူ ကို အားကျိုးမာန်တက် သွားရောက်ခဲ့ပြီး သီချင်းများနဲ့ ဖျော်ဖြေခဲ့တဲ့ မြန်မာပြည်သိန်းတန်

Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် ရဲ့ အလှူကို သွားရောက်ခဲ့တဲ့ မြန်မာပြည်သိန်းတန် တို့ဇနီး မောင်နှံ တို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင် ရဲ့ ပြိုင်ပွဲတစ်လျှောက်မှာလည်း မြန်မာပြည်သိန်းတန်ဟာဆိုရင် ဒိုင်တစ်ဦးအနေနဲ့ ဝေဖန်အကြံပေးမှုတွေရှိသလို ချီးကျူးစကားများကို လည်း အမြဲပြောလေ့ရှိသူပါ။ မြန်မာပြည်သိန်းတန်ကဖြိုးမြတ်အောင်အတွက် ပြိုင်ပွဲနောက်ဆုံးနေ့မှာ သီချင်းလေးတစ်ပုဒ်ကိုယ်တိုင်ရေးပြီး ချီးမြှင့်ခဲ့ပါသေးတယ်။ဖြိုးမြတ်အောင်ကို သားတစ်ယောက်လိုချစ်ခင်တဲ့ မြန်မာပြည်သိန်းတန်တို့ဇနီးမောင်နှံက တပည့်သား အောင်မြင်မှုအတွက် အမြဲဂုဏ်ယူဝမ်းမြောက်နေကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မြန်မာပြည် သိန်းတန်က သူ့ရဲ့ သားတပည့်ဖြစ်တဲ့ ဖြိုးမြတ်အောင် ရဲ့ ထီးတော် တင်ပွဲ အလှူမှာ အားကျိုးမာန်တင့် သွားရောက် ပြီး ဧည့်ပရိသတ်တွေကို သီချင်းလေးနဲ့ ဖျော်ဖြေပေးခဲ့တာပါ။

မြန်မာပြည် သိန်းတန်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.