အခက်ခဲဆုံး အနုပညာခရီးလမ်းကို ဖွင့်ချလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

အခက်ခဲဆုံး အနုပညာခရီးလမ်းကို ဖွင့်ချလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

အခု အချိန်မှာတော့ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာ အဖြစ် ရပ်တည်နေပြီ ဖြစ်တဲ့ ကိုပေါက်က အခုလို ပဲ သူ့ရဲ့ ခက်ခဲ ပင်ပန်းလှတဲ့ အနုပညာခရီးလမ်းကို ပြောပြခဲ့ပါတယ်။ ဒီစာစုလေးကိုတော့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ မျှဝေထားတာ ဖြစ်လို့ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီအကြောင်းအရာတွေကိုတော့ သူက အခန်းဆက်နဲ့ အားလုံးကို ပြောပြနေတာပဲ ဖြစ်ပါတယ်။”ရင်​ထဲမှာလန့်​သွားပြီး အသံလာရာကိုကျွန်​​တော်​လှည့်​ကြည့်​လိုက်​တယ်​။ တံခါးက တစ်​ထွှာ​လောက်​ပွင့်​​နေပါပြီ။ သူကျွန်​​တော့ကို အ​ဝေးလှမ်းကြည့်​​နေတယ်​။ပြီး​တော့ ထွက်​သွားတယ်​။ အရင်​က ကျွန်​​တော်​ပြန်​လာရင်​ ကျွန်​​တော့​ခြေ​ထောက်​နားလာပွတ်​ပြီ အစာ​တောင်း​နေကြ ​ကြောင်​။ ကျွန်​​တော့ကိုရင်​တုန်​​အောင်​လုပ်​တဲ့အထဲမှာလည်းသူပါခဲ့တယ်​။အဲ့ဒီလိုနဲ့ ခက်​ခဲတဲ့​နေ့​တွေကို ဖြတ်​သန်းရင်း သူငယ်​ချင်း ရစ်​သန်​(ရာဇဝင်​မင်းသား မင်းကို) က သီချင်းvcd ရိုက်​ရမယ်​တဲ့။ အလုပ်​ပြန်​ရ​တော့မယ်​ဆို​တော့ ​ပျော်​ပြီ​လေ။ ​ပျော်​လို့မဆုံးခင်​မှာပဲ ပိုက်​ဆံက​ပေးသ​လောက်​ပဲရမှာ​နော်​တဲ့။ကဲ ဘာပဲ ဖြစ်​ဖြစ်​ အလုပ်​မရှိဖြစ်​​နေတာက​နေ ပိုက်​ဆံမရတဲ့အလုပ်​ရ​တော့လည်းလုပ်​မယ်​။ရှူ တင်​ထမင်း​တော့ စားရမှာပဲဆို ပြီး လက်​ခံလိုက်​တယ်​။

ဒါရိုက်​တာက လှ​ကျော်​​နေ။ ရိုက်​ရမယ့်​ အဆို​တော်​​တွေက ​အောင်​သူ အနိုင်​ မင်း​အောင်​ တို့သီချင်း​တွေကိုရိုက်​ရမှာ။ မနက်​ ၆ နာရီလာ​ခေါ်မယ်​တဲ့။ အ​စောကြီးဘာလုပ်​မလို့လဲလို့​မေးလိုက်​​တော့ ၁ ရက်​ကို စီးရီး၁ ​ခွေရိုက်​တာတဲ့။ အမ​လေး​လေး လန့်​သွားတယ်​။ အဝတ်​အစား ​၄ ၅ စုံထည့်​ခဲ့ရမယ်​ဆို​တော့ရှိတာ​လေး​တွေ ​ကောက်​ထည့်​ပြီး မနက်​​စော​စော​စောင့်​​ခဲ့ရတာ​ပေါ့။ ​လှော်​ကားမှာရိုက်​တယ်​။ သီချင်းဖွင့်​​ပေးထားတယ်​။တောင်​​ပြေး​မြောက်​​ပြေး ဟိုလက်​ညှိုးထိုး ဒီလက်​ညှိုးထိုး ဟိုသစ်​ပင်​ကိုင်​ ဒီသစ်​ပင်​ကိုင်​။ ဟိုနား ခဲနဲ့ပစ်​ ဒီနားခဲနဲ့ပစ်​ နဲ့ တစ်​​နေ့လုံးရိုက်​ရတယ်​။ရှုတင်​ထမင်းစားရတယ်​။ရှုတင်​ထမင်းနဲ့​ဝေး​နေတာကြာ​တော့ အလွမ်း​ပြေ အားရပါးရစားဖြစ်​ခဲ့တယ်​။ ည​နေရှုတင်​ပြီး​တော့ သရုပ်​​ဆောင်​​ကြေးကမရဘူး ။မနက်​ဖြန်​ပါ​သေးတယ်​။ မနက်​ဖြန်​မှ​ပေါင်းယူရမယ်​တဲ့။ ဘာပဲ ဖြစ်​ဖြစ်​မနက်​ဖြန်​အတွက်​ပါ အလုပ်​က ရှိ​သေးတယ်​ဆို​တော့ လည်း ရပါတယ်​​ပေါ့။နောက်​​နေ့ သံလျှင်​ဘက်​မှာ မ​နေ့ကလိုပဲ မနက်​​စော​စောထ ရိုက်​ရတယ်​။ ည​နေရှုတင်​ပြီး​တော့ ၃၀၀၀ လာ​ပေးတယ်​။ ၂ ရက်​စာကို ၃၀၀၀ ​ပေးတာ။

ထပ်​လိုချင်​​ပေမယ့်​ မရခဲ့ဘူး။ ဘာပဲ ဖြစ်​ဖြစ်​ အလုပ်​​ခေါ်​ပေးတဲ့ သူငယ်​ချင်း ​ကြောင့်​ ပိုက်​ဆံ​လေးရပြီး ဝမ်းဝ ခဲ့တယ်​။ အဲ့ဒီ​နောက်​ပိုင်း ရှုတင်​​တွေနဲ့​ဝေးသွားပြန်​တယ်​။ ဒီလိုနဲ့ ကိုရစ်​သန်​နဲ့​တွဲမိပြီး သူ​ဌေးဖြစ်​ဖို့မျှော်​လင့်​ချက်​​တွေရှိတဲ့ လမ်းစတစ်​ခုဆိုပြီး သတင်းတစ်​ခု ကိုရစ်​သန်​က သယ်​​ဆောင်​လာတယ်​။ ဘာလဲဆို​တော့ မိုးကြိုးသွားဝယ်​မယ့်​ ဝယ်​လက်​ ရှိတယ်​။လိုက်​ရှာရမယ်​။ အ​ရောင်းအဝယ်​ဖြစ်​ရင်​ သိန်း ၄၀၀၀ နဲ့ဖြစ်​မယ်​တဲ့။ ပွဲ ဖြစ်​ရင်​ ပွဲခက သိန်း၄၀၀ ​လောက်​ရမယ်​တဲ့။အားရစရာပွဲခ ပါပဲ။ ထမင်းငတ်​ပြီးဘဝပျက်​​နေတဲ့ အ​ဖြစ်​က​နေကျွတ်​ဖို့လမ်းစ ပဲဆိုပြီး ဘာမှန်းတိတိပပ မသိတဲ့ မိုးကြိုးသွား​နောက်​လိုက်​ရာက​နေ ​ရေဆင်​ ​ကျောက်​လက်​ဝါး ဝက်​မာန်​စွယ်​ ငုံးမ​ဒ္ဓေ ​တွေပါ ပါလာ​တော့တယ်​။

ရှာလိုက်​ရတဲ့​နေရာ သွားလိုက်​ရတဲ့​ဒေသ ​တွေ့ခဲ့ရတဲ့ ပစ္စည်း​တွေနဲ့ စစ်​မစစ်​ စမ်းရတာ​တွေ၊​ ​ငွေတင်​ရတာ​တွေ၊ ​ကောက်​စားသွားတာ​တွေ ဘိုး​တော်​​တွေ ဆရာ​တွေ စုံလို့ပါပဲ။ ဘာမှလဲမဟုတ်​ပဲ အလိမ်​ခံရတာသာအဖတ်​တင်​ပြီး “ဖွတ်​မရ ဓားမဆုံး” ​တွေများလာတယ်​။လောဘ​နောက်​ တ​ကောက်​​ကောက်​လို​က်​လို့ လမ်းမှား​တွေထဲ ထပ်​​လျှောက်​မိပြန်​တယ်​။ မိုးကြိုးသွားအစစ်​လဲဘယ်​သူမှမမြင်​ဖူးဘူး။ဝက်​မာန်​စွယ်​အစွမ်းလဲ ဂဃနဏမသိကြပဲ “စားလိုက်​ပြီ စားလိုက်​ပြီ “ဆိုပြီးပါသွားတဲ့ပိုက်​ဆံ​တွေနဲ့ အချိန်​​တွေက မနည်းဘူး။တစ်​ရက်​သား ငုံးမ​ဒ္ဓေအစစ်​ရပြီဆို​တော့ အိပ်​မက်​ထဲမှာ​ထောပြီ​ပေါ့။ သူငယ်​ချင်း၂​ယောက်​ ပွဲခ​တွေကြို တွက်​ပြီး စိတ်​ကူးနဲ့ရူး​နေပြီ။အဲ့ဒါနဲ့ ​သေနတ်​ပြီးတယ်​ဆိုတဲ့ငုံးမ​ဒ္ဓေကိုမင်္ဂလာဒုံစစ်​တပ်​ထဲသွားပြီး ​သေနတ်​​နဲ​တေ့ပစ်​ပြီး အစစ်​ခံလိုက်​တာ ​သေနတ်​ပြီးတယ်​ဆိုတဲ့ ငုံးမ​ဒ္ဓေဘယ်​​ရောက်​သွားမှန်း​တောင်​မသိပါဘူး။ ​နောက်​ဆုံး ပိုက်​ဆံမရှိရတဲ့ကြားထဲ အ​ကြွေး​တွေနဲ့ အဆုံးသတ်​ပြီးရပ်​လိုက်​ရတယ်​။

အလုပ်​မရှိလို့ကားမရိုက်​ရတာ၊ကားမရိုက်​ရလို့ ပိုက်​ဆံမရှိတာ ၁ နှစ်​​လောက်​ဖြစ်​ သွားခဲ့တယ်​။တစ်​ချို့ ​နေ့​တွေ​တော့ အုတ်​ကျင်းက အစ်​မအိမ်​ပြန်​ရင်​ အ​ကြော်​အ​လှော်​နဲ့ ပိုက်​ဆံနည်းနည်းရတယ်​။ ဘာအလုပ်​မှမရှိ ဘာပိုက်​ဆံမှမရှိဘဲ ၁ နှစ်​​လောက်​ ​ပေ​တေပြီးခံနိုင်​ဖို့က ​တော်​ရုံ စ​ကေးနဲ့​တော့မရဘူးထင်​ပါတယ်​။ တစ်​ရပ်​သား ​မျှော်​လင့်​ချက်​​ရောင်​နီ​လေးသန်းလာခဲ့တယ်​။ သန်းလာတဲ့​ရောင်​နီကိုမြင်​ရဖို့ ကျွန်​​တော်​​စောင့်​ ​နေခဲ့တာကြာပါပြီ။ မဏိ​ရွှေစင်​ထုပ်​လုပ်​​ရေးက မန်​​နေဂျာက ကားရိုက်​လှမ်းချိတ်​တယ်​။ Day-Labourer ရိုက်​ရမယ်​တဲ့။ တစ်​ရက်​စာ 2 scene ပဲရိုက်​ရမယ်​။ ဒါရိုက်​တာက ​ကျော်​​ဇောလင်း မင်းသားက ​ဝေဠု ​ကျော်​ ထွန်းအိန္ဒြာဗိုလ်​ မိုးပြည့်​ပြည့်​​မောင်​။ကျွန်​​တော်​က ဆံပင်​ရှည်​ရှည်​ 925 ​တွေ ကန်​ထရီး​ဒေါက်​​တွေနဲ့ဆို​တော့ ​တေး​ရေး ဆရာအဖြစ်​ ကို​ဝေလု က​ခေါ်ခိုင်းလိုက်​လို့ဆိုပြီးမန်​​နေဂျာဖုန်းဆက်​တာ။ ဒါရိုက်​တာ​ကျော်​​ဇောလင်း ကိုကြားဖူး​နေ​ပေမယ့်​ အခုမှမြင်​ဖူးတယ်​။ ရိုက်​ကွင်းအိမ်​က ​သုဝဏ​ဘောလုံးကွင်းနားက သုမင်္ဂလာလမ်း ​ဒေါ်ညို တိုက်​မှာရိုက်​တာ။ ဒါရိုက်​တာ​ကျော်​​ဇောလင်းနဲ့ခင်​ရဖို့​နေ​နေသာသာ အနား​တောင်​မကပ်​ရဲခဲ့ဖူး။

နေ့စားရိုက်​တာ ၈၀၀၀ ရတယ်​။ အလုပ်​​ခေါ်​ပေးတဲ့ ကို​ဝေ ​ကျေးဇူးပါ။ အဆင်​​ပြေ​နေတဲ့အချိန်​မှာ စား​ကောင်း​သောက်​ဖွယ်​​တွေ​ကျွေးတာမသိသာ​ပေမယ့်​ ဒုက္ခ​ရောက်​​နေချိန်​​ကျွေးတဲ့ မုန့်​ဟင်းခါးတစ်​ပွဲက မှတ်​မှတ်​ရရရှိ​နေတတ်​ပါတယ်​။ ထပ်​ပြီးကံ​ကောင်းတာက မနက်​ဖြန်​အသစ်​ရိုက်​မယ့်​​နောက်​ဇာတ်​ကားအတွက်​လည်း မန်​​နေဂျာက ထပ်​ချိတ်​ပါတယ်​။ ဒါရိုက်​တာက ကိုမျိုးထူး။ မင်းသားက ကို​ဝေလုပါပဲ။ကိုမျိုးထူးနဲ့​နောက်​တစ်​ကားရိုက်​​တော့ နည်းနည်းခင်​သွားတယ်​။ကျွန်​​တော့ ဖြတ်​သန်းမှု့တစ်​ချို့ လည်းသိသွား​တော့ ကိုမျိုးထူးက ကားရိုက်​​တွေဆက်​တိုက်​​ခေါ်တယ်​။ အလုပ်​​တွေဆက်​တိုက်​ပြန်​လုပ်​ဖြစ်​တယ်​။ ပိုက်​ဆံ​တွေလည်း ရလာတယ်​။ ကိုမျိုးထူးကလည်း ကျွန်​​တော်​​ကျေးဇူးတင်​ရမယ့်​သူထဲက တစ်​​ယောက်​ပါ။ကျေးဇူးပါ ကိုမျိုးထူး​ရေ။ မ​တွေ့ဖြစ်​တာကြာ​ပေမယ့်​ အမြဲသတိရပါတယ်​​နော်​။ကိုမျိုးထူးကား​တွေရိုက်​ရင်း ကရင်​မ ဆိုတဲ့သူငယ်​ချင်းနဲ့ခင်​ခဲ့တယ်​။တွဲခဲ့တယ်​။ ကိုမျိုးထူးနဲ့ရိုက်​ရင်း ပိုင်​​ဇေရဲထွန်းနဲ့ခင်​တယ်​။ ပိုင်​​ဇေကိုမျက်​ချယ်​က ကား ၈၀ စာချူ ပ်​ချူပ်​ ထာတဲ့အချိန်​​ပေါ့။

အဲ့ဒီအချိန်​မှာ ကျွန်​​တော်​က ဖူး​မောက်​ခြံကိုခွာလို့ သူငယ်​ချင်းတစ်​​ယောက်​နဲ့ တာ​မွေ​ဈေးနားက ခိုင်​နှင်း​ဝေအိမ်​အ​ပေါ်ထပ်​မှာ ငှား​နေနိုင်​ခဲ့ပြီ။ ​ရွှေလက်​စွပ်​​ ​မောင်းကွင်း​လေး​တွေ​တောင်​ဝယ်​ စုနိုင်​ခဲ့ပါပြီ။ ကိုယ်​ပိုင်​​ချွေးနည်းစာနဲ့ ​ရွှေတို​ငွေစ​လေး​တွေ ကိုယ်​​ပေါ်တင်​နိုင်​ခဲ့ပါပြီ။ သိပ်​ပြီးပိုပိုလျှံလျှံ ဖြစ်​လို့​တော့ မဟုတ်​ပါဘူး။ အရင်​လိုထမင်းငတ်​ရင်​ စု​ဆောင်းထားတာ​လေးထုခွဲ​ရောင်းချ လို့ရ​အောင်​ပါ။ ခိုင်​နှင်း​ဝေအိမ်​အ​ပေါ်ထပ်​မှာ စပ်​တူငှား​နေတဲ့ သူငယ်​ချင်းနာမည်​က ဗုန်းကြီးတဲ့။ ​ပျော်​ဘွယ်​သားပဲ။သူ့ညီတစ်​​ယောက်​လည်းရှိတယ်​။အဲ့ဒီအနားမှာမင်းသမီးပန်းဖြူအိမ်​လည်းရှိတယ်​။ရှုတင်​ပြီးတဲ့​နေ့ဆိုရင်​ ကိုမျိုးထူးနဲ့ကရင်​မ ကကျွန်​​တော့အခန်းကို မကြာမကြာလာလာလည်​တတ်​တယ်​။

ကိုမျိုးထူးကား​တွေမှာပိုင်​​ဇေနဲ့ရိုက်​ရင်း ပိုင်​​ဇေက ကျွန်​​တော့ကိုခင်​​တော့ သူ့ရဲ့ မဟာဗန္ဒု လ လမ်းက အိမ်​ကိုလိုက်​အိပ်​ပြီး ဇာတ်​​ရေးဖို့​ခေါ်တဟ်​။အဲ့ဒီအချိန်​က အခုမန်​​နေဂျာ ကို​ဆောင်းဦးကပိုင်​​ဇေကား​မောင်းတာ။ နယ်​​တွေမှာ ပိုင်​​ဇေ သီချင်းသွားဆိုရင်​ ကျွန်​​တော်​က အ​ဖော်​လိုက်​ရတယ်​။ ပိုင်​​ဇေရဲထွန်း ပိုင်​​ဇေရဲထွန်း ဆိုပြီးနာမည်​ကြီး ​နေတဲ့အချိန်​ သဲ​တောဝမ်းတွင်းမှာ ပိုင်​​ဇေသီချင်းသွားဆို​တော့ ပရိသတ်​အမျိုးသမီး​တောသူ​တွေက ပိုင်​​ဇေနဲ့​တွေ့ချင်​​တော့ကျွန်​​တော့ကိုခွင့်​​တောင်းရတယ်​။ကျွန်​​တော်​က ပိုင်​​ဇေ့PA​ပေါ့။ ပိုင်​​ဇေနဲ့​ပေး​တွေ့​တော့ သဲ​တောဝမ်းတွင်းသူ ​တွေဘယ်​​လောက်​ရိုးတယ်​မှတ်​လဲ။ ပိုင်​​ဇေရဲထွန်းအသား​လေးကိုင်​ကြည့်​ချင်​လို့ပါ ဆိုပြီး မျက်​နှာကိုတဖက်​လှည့်​လိုက်​ပြီး ပိုင်​​ဇေ့လက်​ကို ကိုင်​ကြည့်​တယ်​။ မျက်​နှာကိုတဖက်​လှည့်​ရတာက မသိတဲ့​ယောက်ျားတစ်​​ယောက်​ရဲ့အသားကို ကိုင်​ရ​ပေမယ့်​ ရှက်​​နေတဲ့သ​ဘောပါ။ အသား​လေးက နူးအိ​နေတာပဲတဲ့။ ​အော်​ ဟင်းချက်​ထားတယ်​များမှတ်​​နေလားမသိ၊အဲ့ဒီလို​ကျေးလက်​အညာက ရိုးသားတဲ့​တောသူ​တွေကို ကျွန်​​တော်​​တွေ့ခဲ့ဖူးပါတယ်​။ (အို​အေစစ်​က မဂျူ လိုင်​မိုးရဲ့အမျိုးသား ကို​စောနဲ့ အဲ့သည်​တုန်းက ​တွေ့ခဲ့ ခင်​ခဲ့ကြတယ်​)

ပြီး​တော့ ပိုင်​​ဇေက ကြက်​တို​က်​ ကြက်​​မွေး ဝါသနာပါတယ်​။ဘောလုံးကန်​​ကောင်းပြီး မြန်​မာ့လက်​​ရွေးစင်​ တိုက်​ကွမ်​ဒို ကစားသမား။ကိုရဲထွဠ်​ဆိုတာ အဲ့ကတည်းကခင်​ခဲ့တာ။ ပိုင်​​ဇေက တိုက်​ကြက်​​တွေကို ဟိုလူ့ဆီ တစ်​​ကောင်​ ဒီလူ့ဆီတစ်​​ကောင်​​ပေးပြီး ​မွေးခိုင်းထားတတ်​တယ်​။ တစ်​ချို့ ရက်​​တွေ ရှုတင်​အားရင်​ ပိုင်​​ဇေက သူတိုက်​ချင်​တဲ့အချိန်​ သူ့ကြက်​​တွေကို​ခေါ်ပြီးတိုက်​တတ်​တယ်​။ကျွန်​​တော့ရဲ့တာ​မွေက ခိုင်​နှင်း​ဝေအိမ်​အ​ပေါ်ထပ်​ဟာ ပိုင်​​ဇေ့ရဲ့ကြက်​တိုက်​ကွင်း တစ်​ခုလည်းဖြစ်​ခဲ့ဖူးပါတယ်​။ပိုင်​​ဇေ့​ဘေး​နေပြီး ဇာတ်​​တွေဖတ်​​ပေး၊ ဇာတ်​​တွေ​ရေး​ပေးရင်း သူတိုက်​တဲ့ BE​တွေလည်း​သောက်​ခဲ့ဖူးတယ်​။ သူက BE ကြိုက်​တဲ့မင်းသားပါ။သူအိမ်​မှာအတူစား အတူတူသွား ​ဘောလုံးပွဲအတူတူကြည့်​ ကားအတူတူရိုက်​နဲ့ ညီအစ်​ကိုလို​နေခဲ့ကြတယ်​။ သူနဲ့ကျွန်​​တော်​ ဇာတ်​လမ်းတစ်​ခုကိုအတူတူ ဇာတ်​စားခဲ့ကြတယ်​။ ဒိုးလုံးရဲ့ ချစ်​ဦး​မေ ဆိုတဲ့သီချင်းကို အ​ခြေခြံပြီး သူက မင်းသားမင်းသမီးက မျိုးစန္ဒီ​ကျော်​ကျွန်​​တော်​က ဒါရိုက်​တာလုပ်​ပြီးရိုက်​မယ်​ဆိုတဲ့ စိတ်​ကူး​တွေနဲ့​ရေးခဲ့ကြတယ်​။ ကျွန်​​တော့်​ကိုဒါရိုက်​တာရိုက်​လို့ရ​အောင်​ မျက်​ခြယ်​မှာသူက​ပြောထား​ပေးတယ်​။ အဲ့ဒီအချိန်​ကျ​တော့ ကျွန်​​တော်​က ဒါရိုက်​တာရိုက်​ချင်​တဲ့စိတ်​​တွေ ​ပေါက်​ဖွား​နေပါပြီ။ဒါ​ပေမယ့်​ ပိုင်​​ဇေနဲ့ရိုက်​ဖို့​ရေး​ပေးခဲ့တဲ့ အချစ်​ဇာတ်​လမ်း​လေးကို မျက်​ခြယ်​က ကျွန်​​တော့ကိုဒါရိုက်​တာအဖြစ်​ ​ပေးမရိုက်​ဖြစ်​ခဲ့ပါဘူး။(​နောက်​ပိုင်း ဒါရိုက်​တာဖြစ်​ပြီး မ​ဟော်​ဂနီထုပ်​လုပ်​​ရေးက​နေ မြင့်​မြတ်​ နဲ့ ချစ်​သု​ဝေ ကိုရိုက်​ခဲ့တဲ့ #တစ်​ခါက မိုးညများမှာ” ဇာတ်​ကားဟာ ပိုင်​​ဇေနဲ့မရိုက်​ဖြစ်​ခဲ့တဲ့ ဇာတ်​လမ်း​လေးပါပဲ။)

တစ်​ရက်​သား ပိုင်​​ဇေ့အိမ်​မှာ သူ​မွေးထားတဲ့ကြက်​​သမား​တွေ ​ခေါ်ပြီးသူတို့အိမ်​ဝင်းထဲမှာကြက်​တိုက်​ဖို့ချိန်းတယ်​။ကြက်​​မွေး​ပေးတဲ့လူတစ်​​ယောက်​က ​ခြေ​ထောက်​သိပ်​မသန်​​တော့ လမ်း​လျှောက်​ရင်​ နည်းနည်းဟန်​ချက်​မညီဘူး​ပေါ့။ လူ​စုံ​တော့ကြက်​တိုက်​ကြတယ်​။သိပ်​မကြာလိုက်​ပါဘူး။ ပိုင်​​ဇေ့အ​မေ အိမ်​​ပေါ်ကဆင်းလာပြီး “အခုရပ်​ အခုချက်​ခြင်းရပ်​ အကုန်​လုံးရဲတိုင်​မယ်​” ဆို​တော့ ​ပြေးရပြီ​လေ။ခြေမသန်​တဲ့လူများ ကြက်​ကိုပိုက်​ပြီး ဝန်းနံရံ​ကျော်​တက်​ပြီး​ပြေးသွားလိုက်​တာများ ကိုယ်​​တွေ​တောင်​မမှီလိုက်​ဘူး။ပိုင်​​ဇေတို့များ ဝါသနာဘဟ်​​လောက်​ထုံသလဲဆိုရင်​ အားမရလို့ ကျွန်​​တော့အိမ်​ကိုလိုက်​တိုက်​တယ်​။ ကျွန်​​တော့ အခန်းကြမ်းပြင်​က လျှာထိုးခင်းဆို ​တော့ ကြက်​​တွေ အပြိုင်​ခွပ်​ဖို့ ​မြေကြီးလိုကုတ်​အားမရှိ​တော့ တပိုင်းပိုင်း​ချော်​လဲ​နေတာ​ပေါ့။ ​ပျော်​ဖို့လည်း​ကောင်းခဲ့တယ်​။ကျွန်​​တော်​ကြိုက်​တဲ့ ၃၆ လမ်း​ကြေးအိုးဘုရင်​ လည်းခဏ ခဏသွားစားလို့ခဲ့ပြီ။ ​ရွှေပုဇွန်​က ဖာလူဒါလည်းဝယ်​​သောက်​နိုင်​ခဲ့ပါပြီ။ကျွန်​​တော့အခန်းမှာ စားကြ ​သောက်​ကြ ဖဲ​တွေရိုက်​ကြ ​ဒါရိုက်​တာဖြစ်​ရင်​ ရိုက်​ချင်​တဲ့ ဇာတ်​ကား​အ​ကြောင်း​တွေ​ပြောကြနဲ့ အဲ့ဒီအချိန်​မှာ ကျွန်​​တော့ဘဝက ​ လွမ်း​မောစရာ​တွေ ဒုက္ခ​တွေ ပူပန်​​ကြောင့်​ကျ မှု​တွေမရှိ​တော့ပဲ ​ပျော်​စရာ​တွေအပြည့်​နဲ့ တစ်​ခါက ကျွန်​​တော်​​လျှောက်​ခဲ့တဲ့ ရန်​ကုန်​လမ်း ​တွေဟာ လှချင်​တိုင်းကို လှ​နေပါ​တော့တယ်​။”

Comments are closed.