ခေးကြီးလု Hair Style ပြောင်းပြီးနောက်ပိုင်း ပုံတွေ ဆက်တိုက်တင်နေ

ခေးကြီးလု Hair Style ပြောင်းပြီးနောက်ပိုင်း ပုံတွေ ဆက်တိုက်တင်နေ

ပုရိသတွေကြားမှာ နာမည်ကြီးရေပန်းစားတဲ့ အမျိုးသမီးဆယ်လီတွေထဲမှာ လုလုအောင်ကလည်း တစ်ယောက် အပါ အ၀င် ပါ။ဆိုရှယ်မီဒီယာပေါ်မှာ လုလုအောင်ဆိုပြီး တစ်ခေတ်ထချိန်တုန်းကဆိုရင် သူမရဲ့ အကြောင်းကို စပ် ဆိုထား တဲ့ သီချင်းပါ ထွက်ပေါ်လာတဲ့ အထိ နာမည်ကြီးခဲ့တာပါ။လုလုအောင်ကိုတော့ ခေးကြီးလု ဆိုပြီး ပုရိသ အများအပြား က ခေါ်ကြပါတယ်။

ပုရိသတွေချစ်တဲ့ ခေးကြီးလုကတော့ အခုဆိုရင် ဆံပင်အရောင်ပြောင်းလိုက်ပါတယ်။အရင်က အနက်ရောင်ဆံပင် ကနေ အခုတော့ အမိုက်စားကာလာကို ပြောင်းလိုက်သလို ဆံပင်ပါ နည်းနည်း ညှပ်လိုက်ပါတယ်။Hair Style ပြောင်း ပြီး နောက်ပိုင်းမှာတော့ ခေးကြီးလုက သူမရဲ့ အကောင့်မှာ ပုံအလန်းတွေ ဆက်တိုက်ဆိုသလို တင်နေပါတယ်။

သူမရဲ့ သမီးလေးမွေးနေ့တုန်းကတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ သူမသမီးလေးရဲ့ ဖေဖေကို ထုတ် ပြ ခဲ့ပါတယ်။ သမီးလေးရဲ့ ဖေဖေကို ထုတ်ပြပေမယ့် နောက်ကျောပုံကိုပဲ ထုတ်ပြတာပါ။အဖေနဲ့ သမီး ကို နောက်ကနေ ရိုက်ထား တဲ့ ပုံပါ။

#တချိန်ကယွကျားခုသူငယ်ဂျင်✌️…………..” ဆိုပြီးတင်လိုက်တဲ့ ပုံရဲ့ အောက်မှာတော့ အသည်းကွဲ Comment တွေ အများကြီးစုပုံနေတာကိုတွေ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.