“တာတူး” ဆိုတဲ့ မိန်းမလျာ ကာရိုက်တာရဖို့ ကြိုးစားဖန်တီးခဲ့ပုံတွေကို ချပြခဲ့တဲ့ နေတိုး

“တာတူး” ဆိုတဲ့ မိန်းမလျာ ကာရိုက်တာရဖို့ ကြိုးစားဖန်တီးခဲ့ပုံတွေကို ချပြခဲ့တဲ့ နေတိုး

ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။နေတိုးက လက်ရှိမှာလဲ သူချစ်ခင်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

အခုတလော ပြသနေတဲ့ နေတိုးရဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး နာမည်ကြီးပြီး ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက တာတူး ရုပ်ရှင်ဇာတ်ကားကြီးထဲက တာတူးဆိုတဲ့ ဇာတ်ရုပ်ကို ရဖို့အတွက် ကြိုးစားခဲ့ရပုံတွေကို ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်။

“တာတူး” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့ အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ ဟိန်းမင်း၊ ငှက်ပျောကြော်၊ 5 STAR အဖွဲ့၊ နေလင်း၊ နန္ဒကျော်စွာ၊ ဇင်မျိုး၊ မျိုးမျိုးခိုင်၊ ရဲလေးမ၊ အိတုံ၊ ထက်ကိုလင်း၊ ဝေယံမောင်၊ မေသင်္ကြန် နှင့် အနုပညာရှင်ပေါင်းများစွာတို့က ပါဝင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထို “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးက သူ့ရဲ့ယောက်ဖဖြစ်သူ လွင်မိုးကို စနိုက်ကြော်ဖို့ ကြိုးစားတဲ့ မိန်းမစိတ်ပေါက်နေသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပြီး ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။

“တာတူး” ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။

တာတူး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်းပေါ်မှ နေတိုးရဲ့ သရုပ်ဆောင်မှု

နေတိုးကို အခုလို မိန်းကလေးပုံစံဖြစ်အောင် မိတ်ကပ် မေဦးနဲ့ ဒီဇိုင်နာမင်းသက်စံတို့က ဖန်တီးပေးထားတာဖြစ်ပါတယ်။

လုံးဝကို Sexy ပဲနော်။

လှလိုက်တာ မမတိုးရယ်

နေတိုးရဲ့ မိန်းမပုံစံ ကာရိုက်တာကတော့ ပရိသတ်တွေကြားထဲ ပြောစမှတ်ဖြစ်ပြီး တကယ့် မိန်းကလေးအစစ်လို လှနေတာပဲနော်။ ပရိသတ်ကြီးလဲ တာတူး ရုပ်ရှင်ဇာတ်ကားကြီးအတွက် နေတိုးရဲ့ ကြိုးစားအားထုတ်ထားမှုတွေကို သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.