အကယ်ဒမီအတွက် စပွန်ဆာကို ၇၂နှစ်မှရဖူးတယ်ဆိုတဲ့ ဝါရင့် သရုပ်ဆောင် ဒေါ်စန်းစန်းဝင်း

အကယ်ဒမီအတွက် စပွန်ဆာကို ၇၂နှစ်မှရဖူးတယ်ဆိုတဲ့ ဝါရင့် သရုပ်ဆောင် ဒေါ်စန်းစန်းဝင်း

အနုပညာလောကထဲကို အသက်၁၆ နှစ်ကနေ စတင်ဝင်ရောက်ခဲ့ပြီး အဖြူအမည်းခေတ် Flim ခေတ် Digital ခေတ် စတဲ့ ရုပ်ရှင်နဲ့ဆိုင်တဲ့ခေတ်တွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့မှုကြောင့် ပရိသတ်တွေကြိုက်ပြီး အကယ်ဒမီ ရဖို့အတွက် နီးစပ်ခဲ့ပေမယ့် မရခဲ့တဲ့ ဝါရင့်သရုပ်ဆောင် ဒေါ်စန်းစန်းဝင်းကတော့ ဒီနှစ်အကယ်ဒမီမှာလည်း ဆန်ခါတင်အထိ ပါဝင်နေပြီး ရခဲ့ရင်တော့ မသေခင်မှာ မှတ်တိုင်ရာဇဝင်လေးအနေနဲ့ ကျန်မှာပေါ့ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒေါ်စန်းစန်းဝင်းက”ရရင်တော့ အမေမသေခင်လေးမှာ မော့စ်လို့ပေါ့ `ဟဲ့ကောင်မ ငါဖမ်းလိုက်တာ မိပြီဟ` ဆိုပြီးတော့ အမေလည်း အော်… ငါလည်း မဖမ်းပေမယ့် ရချင်တော့လည်း သူ့ဘာသာရလာတာပါပဲ ဆိုပြီးတော့ ဘဝမှတ်တိုင်လေးအဖြစ် သေသွားရင် ရာဇဝင်လေး ကျန်ခဲ့မှာပေါ့ ဒါပေါ့နော်။ တကယ့်တကယ် ငယ်ငယ်လေးကတည်းကလည်း ရင်မခုန်ခဲ့ဘူး အခုလည်း ရင်မခုန်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

ဆန်ခါတင် ဇာတ်ကားစရင်းမှာ ပါဝင်ရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “ဆန်ခါတင် ၂၅ ကားထဲမှာ ပါတယ်လို့ အမေလည်း သိတယ်ပေါ့နော်။ ခံစားချက်ကတော့ ပါတာပါတာ သိတာပဲပေါ့ ဒီလိုပါပဲ။ လူတွေကတော့ အမေပါတယ် ဝမ်းသာတယ် အမေရတော့မှာပါ ဘာညာတော့ ပြောကြတာပေါ့နော် ဒါပေမဲ့ ရတယ်မရဘူးဆိုတာက ကံတရားနဲ့လည်း ဆိုင်တယ်နောက်တစ်ခုက အမျိုးမျိုးပေါ့နော် အဖက်ဖက်က လိုအပ်တာတို့ ဖြည့်စွက်တာတို့ဘာတို့ညာတို့ အခြေအနေတွေပေါ်မှာလည်း မူတည်ကြတာပေါ့နော် အဲ့တော့ ရတာမရတာထက် ဆန်ခါတင်ပါသွားတယ် ဆိုတော့ ကိုယ် ၁၆ နှစ်သမီးကနေ အခု၇၂နှစ်အထိ အနုပညာကို လှုပ်ရှားပြီးတော့ ဆန်ခါတင်ပါတယ်ဆိုတော့ အော်.. ငါ့ကိုပရိသတ်တွေ အားပေးနေတာပဲ အဖွားကြီးဖြစ်တာတောင်မှ အားပေးတုန်းဆိုတော့ ရင်ခုန်တာထက် ပရိသတ်အားပေးတာကို ပီတိဖြစ်တာက ပိုများပါတယ်။

အမေ ကလေးဘဝကတည်းက မိစန်းဆိုတဲ့ ဇာတ်ကားမှာ ကိုယ်ကိုယ်တိုင် သရုပ်ဆောင် ဒါရိုက်တာနဲ့ ထရဲသီးချိုချိုလေး ဇာတ်ကားမှာ အကယ်ဒမီ ဆန်ခါတင်ပါတာပဲဒါပေမဲ့ လွဲတာပဲ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသင်းကြည် ဇာတ်ကားမှာလည်း အကယ်ဒမီဆန်ခါတင်ပါတာပဲ။ ဒါပေမဲ့ မရခဲ့ပါဘူး နောက်ပြီးတော့ ပုလဲရောင်မမှိန်ဇာတ်ကား ခင်မောင်ချစ် ကော်လိဂ်ဂျင်နေဝင်းနဲ့ အမေတို့ ရမယ်ရမယ်နဲ့ မရပါဘူး။ အမေက ကံမကောင်းလို့ပေါ့နော်။ မခုတ်တတ်တဲ့ကြောင်ဆိုလည်း အိုက်တင်အမျိုးမျိုး မင်းသမီးရူး တွံတေးသိန်းတန် စံရှားတင်နဲ့ ပိုက်ဆံလည်း အရမ်းရတယ်။ အရမ်းလည်း ပရိသတ်အားပေးတယ် အကယ်ဒမီလည်း ဆန်ခါတင်ပါတာပဲ။ ကားတိုင်းလိုလိုပါပါတယ် ဒါပေမဲ့ ကားတိုင်းလိုလို လွဲခဲ့ပါတယ်။ ငယ်ငယ်ကတည်းက လွဲတဲ့အလွဲက အခုအချိန်အထိလည်း ရမယ်လို့ အမေ မမျှော်မှန်းပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အကယ်ဒမီပေးပွဲတက်ဖို့အတွက် ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး” အကယ်ဒမီပေးပွဲတက်ဖို့က အမေက နှစ်တိုင်းလည်း ကိုယ့်ဘာသာကိုယ် ဒီလိုပဲ ဖြစ်သလိုတက်တာလေ။ ဒါပေမဲ့ အခုအမေ့ကို စပွန်ဆာတော့ ပေးတာပေါ့နော်။ အဝတ်အစားတော့ သွားတိုင်းထားတယ်။ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီတစ်ခါပဲ ရဖူးပါတယ်။ တစ်ခါမှ မရဖူးပါဘူး ကိုယ့်ဘာသာ ဖြစ်သလိုနဲ့ဟိုဟာထည့်ဒီဟာထည့် အဲ့လိုနဲ့ပဲသွားတာပဲ အခုဒီတစ်ခါတော့အမေ့ကို စပွန်ဆာပေးထားတယ် ဝတ်စုံ။ အမေက မယူပါဘူးလို့ ပြောထားတယ် ဘာလို့လဲဆိုတော့ ကိုယ်ရမှန်းမသိမရမှန်းမသိ သူများဟာ အလကားမလိုချင်ပါဘူး။ ဒါပေမဲ့ သမီးတွေကလည်း အမေရယ် ဘာပဲဖြစ်ဖြစ်တဲ့ အကယ်ဒမီမရတာတောင်မှ ထိုက်ထိုက်တန်တန်လေးဝတ်ပြီး ဂုဏ်ယူလိုက်ပါဆိုပြီးတော့ပြောတယ်။ မိတ်ကပ်ရော အဝတ်အစားရော တစ်စုံစာ။ သူတို့ကို အားနာနေတာ အဲ့တာဝတ်ရမှာ ရရင်တော့ ကိစ္စမရှိဘူးပေါ့နော် မရဘူးဆိုတော့ အားနာတယ်။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ် အဲ့လိုစပွန်ဆာပေးတာကို အမေ့တစ်သက်မှာ ၇၂နှစ်ရှိပါပြီ တစ်ခါမှလည်း စပွန်ဆာလည်း မရခဲ့ဖူးပါဘူး ဒီတစ်ခါပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.