ရွှေတိဂုံစေတီတော်ကြီးရဲ့ ရှားရှားပါးပါး ဖူးမြင်ရခဲတဲ့ မြေအောက်ဌာပနာတိုက်တော်ကို 3D နဲ့ ဖန်တီးထားတဲ့ဗီဒီယိုလေးပါ

ရွှေတိဂုံစေတီတော်ကြီးရဲ့ ရှားရှားပါးပါး ဖူးမြင်ရခဲတဲ့ မြေအောက်ဌာပနာတိုက်တော်ကို 3D နဲ့ ဖန်တီးထားတဲ့ဗီဒီယိုလေးပါ

ကျနော်တို့ မြန်မာနိုင်ငံသားတွေတင်သာမက နိုင်ငံရပ်ခြားမှ တိုင်းတပါးသားတွေတောင် လာရောက်ဖူးမျှော်ပြီး လေ့လာစူးစမ်းရတဲ့ လေးဆူးဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးရဲ့ တန်ဖိုးအာနုဘော်ကတော့ အလွန်တရာကြီးမားလှပါတယ်။

တိုင်းတပါးသားတွေတောင်မပြောနဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေတောင် တိတိကျကျမသိတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ မြေအောက်အတွင်းဋ္ဌာပနာတိုက်အကြောင်းကို အများပြည်သူ ပိုမိုကြည်ညိုဖူးမြော်နိုင်ရန် သမိုင်းစာအုပ်တွေထဲကအတိုင်း Computer ပန်းချီရေးဆွဲပြီး Jemo CG (ခ) Ko Anung Kyaw Min မှ ဇာတ်လမ်းတိုလေးသဖွယ် ဖန်တီးထားတာဖြစ်ပါတယ်။

Jemo CG မှ ဒီ (၇)မိနစ်စာ Video လေးကို လူအား၊ ငွေအား၊ နည်းပညာစိုက်ထုတ်ကာ အချိန်ယူဖန်တီးထားတာလဲဖြစ်ပါတယ်။

  • (၁) ဋ္ဌာပနာတော်တိုက်အတွင်းပိုင်းကို (၆၆)ပေအမြင့်ရှိပြီး ခမ်းနားထည်ဝါစွာတည်ဆောက်ထားခြင်း။
  • (၂) (၁၀)ပေ ပတ်လည်ရေတွင်းနဲ့ ပြဿဒ်(၅)ခုပါ ကရဝိတ်ဖောင်းတော်။
  • (၃) ကကုသန်မြတ်စွာဘုရားတောင်ဝှေးတော် ကောဏဂုံမြတ်စွာဘုရာရဲ့ ဓမ္မကရိုက်ရေစစ်တော် ကဿပမြတ်စွာဘုရားရဲ့ရေသနုပ် သင်္ကန်းတော် ဂေါတမမြတ်စွာဘုရားရဲ့ ဆံတော်(၈)ဆူ ဒါကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံဆိုကြသည်။
  • (၄) ဋ္ဌာပနာတော်တိုက်မှာ ပင်မအလယ်တိုင်မပါ သံရက်မရှိပဲကျောက်တုံးကျောက်ခဲများဖြင့် ခမ်းနားစွာတည်ဆောက်ထားခြင်း။
  • (၅) ဖောင်တော်မှာ အလျား(၆)ပေခွဲခန့်အတိုင်းတာရှိ ရွှေအစစ်ချထားခြင်း။
  • (၆) ဋ္ဌာပနာတော်တိုက် မုဉ်ဦးအတွင်းပိုင်းဥက္ကလာမင်းရုပ်ထုနှင့် စလွယ်တော် တဖုဿဘလ္လိကညီနောင် သာသနာတော်စောင့် နတ်မင်းကြီးလေးပါးနှင့် နတ်ဒေဝါများပူဇော်နေဟန် ရွှေရုပ်ထုများထုလုပ်ထားခြင်း။
  • (၇) (၁၈၂၀)ဝန်းကျင်ခန့်က လူစွမ်းကောင်း မောင်ကံသည် ဆံတော်တွင်းမှ မြတ်ဗုဒ္ဓဆံတော်အစစ်ကို တရုတ်ပြည်ကောက်ကွန် ဥတည်မင်းထံသို့ပင့်ရန် ဆံတော်အတွင်းသို့ ဝင်ရာတွင် ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။
  • (၈) (၁၈၁၄)ခုနှစ်တွင်း အင်္ဂလိပ်စစ်တပ်များ ဋ္ဌာပနာတိုက်ဖောက်၍ အဖိုးတန်ရတနာများယူကြသည်။ ဆံတော်တွင်းဋ္ဌာပနာတိုက်အား အကြိမ်(၂)ဖောက်ခဲ့သော်လည်း ကျောက်နံရံကြီးများမဖောက်နိုင်၍ လက်လျှော့ခဲ့ရသည်။
  • (၉) (၁၉၀၄)ခုနှစ် အာမေနီယားလူမျိုး မစ္စတာအပရမေ အသက်(၇)နှစ်အရွယ် ဆံတော်ကိန်ဝပ်ရာသို့ ဆင်းသပ်ကြည့်ဖူးသည်။ ရသေ့ကြီးများ ဘုရားဖူးလာရောက်ချိန်တွင် အမှတ်မထင်ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
  • (၁၀) မစ္စတာအပရမေပြောပြချက်အရ ရှေးမြန်မာများလည်း (၁၉၇၁)ခုနှစ်က စူးစမ်းသုသေသနပြုလုပ်ခဲ့ကြပြီး ကျောက်နံရံကြီးကာထားသည့် နေရာထိရောက်အောင်သွားနိုင်ခဲ့ကြသော်လည်း အတွင်းသို့ဝင်ရောက်နိုင်မည့်လမ်းမတွေ့ရှိခဲ့ကြပါ။
  • (၁၁) မစ္စတာအပရမေသည် ဌာပနာတော်တိုက်အတွင်းပိုင်း ဖွဲ့စည်းထားပုံများ ရှေးဗိသုကာလက်ရာများ၊ ပင်လယ်ရေ ဝင်ပေါက် ထွက်ပေါက်နှင့် အလင်းရောင်ယူထားပုံ နည်းစနစ်များကို ကောင်းစွာမှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ရွှေတိဂုံဌာပနာတိုက် အနေအထားပုံကို ပန်းချီရေးဆွဲထားနိုင်ခဲ့သည်။
  • (၁၂) ပညာရှင်များ၊ ကျောင်းသားလူငယ်များပါအား တက်သရောသုသေသနပြုပါဝင်ခဲ့ကြသော်လည်း မတည်မငြိမ်နှောင်းပိုင်းခေတ်များတွင် မသမာသူများ နှောက်ယှက်နိုင်ခြင်းမရှိရန်ရည်ရွယ်ကာဆုတောင်းပြည့်စေတီလှိုဏ်းဝကို သံတံခါးပိတ်သော့ခတ်ထားလိုက်ကြသည်။
  • (၁၃) (၁၉၇၁)ခေတ်အလွန်နှောင်းပိုင်း နှစ်ပေါင်း (၅၀)ကြာခဲ့သည်ဖြစ်ရာ ဌာပနာတော်တိုက်အကြောင်း ဆက်လက်သုသေသနပြုနိုင်ခြင်း မရှိတော့ပေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.