တက္ကသိုလ်စာမေးပွဲမှာ သူ့အကြောင်း ထည့်မေးလို့ အံ့အားသင့်နေတဲ့ အိစိကွေး

တက္ကသိုလ်စာမေးပွဲမှာ သူ့အကြောင်း ထည့်မေးလို့ အံ့အားသင့်နေတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်အိစိကွေးကတော့ အခုဆိုရင် ခေါင်းဆောင်မင်းသား​နေရာက​နေ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်​။ လတ်တလောမှာတော့ အိစိကွေးက တက္ကသိုလ်က စာမေးပွဲမှာ သူ့အကြောင်းထည့်မေးထားလို့ အံ့အားသင့်နေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါမေးခွန်းကိုတော့ တောင်ကြီးတက္ကသိုလ်က Fourth year စာမေးပွဲမှာ အင်္ဂလိပ်ဘာသာထဲမှာ ထည့်သွင်းမေးထားတာလို့လည်း သိရပါတယ်။

ချစ်ပရိသတ်တွေအတွက် တက္ကသိုလ်စာမေးပွဲမှာ သူ့ရဲ့အကြောင်း ထည့်မေးထားလို့ အံ့အားသင့်ပြီး ပျော်နေတဲ့ အိစိကွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိစိကွေးကတော့ “မထင်ထားဘူး ကျွန်တော့အကြောင်းလေးကို စာမေးပွဲမှာထည့်မေးလိမ့်မယ်လို့ ဘာပဲဖြစ်ဖြစ်ပျော်တယ် အားလုံးလည်းဖြေနိင်မယ်ထင်ပါတယ် လာပို့ပေးတဲ့ အမ ကိုလည်းကျေးဇူးပါဗျာ ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ ပျော်ရွှင်စွာ တင်ထားတာပဲ ဖြစ်ပါတယ်။

အိစိကွေးကတော့ သရုပ်ဆောင်အလုပ်အပြင် အဆိုပိုင်းမှာလည်း ထူးချွန်တာမို့ ပရိသတ်တွေရဲ့သဘောကျနှစ်သက်ခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ အိစိကွေးက အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာပါ။ ချစ်ပရိသတ်တွေလည်း တက္ကသိုလ်စာမေးပွဲတစ်ခုမှာ သူ့အကြောင်းထည့်မေးထားလို့ ပျော်နေတဲ့ အိစိကွေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.