သိန်း ၅ ထောင်တန်လက်စွပ်နဲ့အကယ်ဒမီပေးပွဲ တက်မယ့် ကျော်ကျော်နန္ဒ

သိန်း ၅ ထောင်တန်လက်စွပ်နဲ့အကယ်ဒမီပေးပွဲ တက်မယ့် ကျော်ကျော်နန္ဒ

သင်္ကြန်ကာလမှာတော့ သကြွန်သီချင်းအကြမ်းစားကြီးတွေနဲ့ ပေါ်ပေါ်လာတတ်တဲ့ အဆိုတော် ကျော်ကျော်န္ဒကိုတော့ ပရိသတ်တွေ သတိထားမိကြမယ်ထင်ပါတယ်။ အဆိုဖက်မှာတင်မဟုတ်ပဲ ဖက်ရှင်ပိုင်းမှာပါ ဂေါ်ထွက်နေတဲ့ ကျော်ကျော်နန္ဒကတော့ ယခုနှစ်အကယ်ဒီမီပေးပွဲမှာတော့ ပွဲတက်ဖြစ်မယ့်ဒီဇိုင်း ပုံစံကိုပြောကြားသွား ခဲ့ပြီး သိန်း ၅ ထောင်တန် လက်စွပ်ကြီးဝတ်ပြီး ပွဲတက်မယ်လို့လည်း ပြောကြားသွား ခဲ့ပါတယ်။

ကျော်ကျော်နန္ဒကတော့ ကုမုဒြာနဲ့အင်တာဗျူးမှာတော့ ” ကျနော့်ဖက်ရှင်ကိုတော့တော်တော်များများ ကတော့ ဝေဖန်နေကြတာပဲလေ။ လူမှုအသိုင်းအဝိုင်းကရာ မီဒီယာတွေပေါ်မှာရောပေါ့။ ဖက်ရှင်ကလည်း တခုနဲ့တခုမတူဘူး။ လူအများလိုက်မဝတ်တဲ့ ဖက်ရှင်ကို ဝတ်လိုက်တြာေ့ကာင်လည်း အဲ့အပေါ်မှာ ကျနော်ကနောရတနေရာ ရလာတာပါ။ ကျနော်က လုပ်ယူတာလည်းမဟုတ်ပါဘူး။ ဝါသနာပေါ့။

ပရိသတ်တွေကို အဆန်းလေးတွေပြသချင်လို့ပါ ဒါကြောင့်ကျနော့်ကိုနားလည်ပေးကြပါ။ ဘာလို့လဲဆိုတော့ ကျနော်ကအဆိုရော ဖက်ရှင်ရော ဆန်းသစ်ထားတဲ့အတွက်ပါ။ ကျနော်ဆယ်လီမဖြစ်ခင်တုန်းကလည်း ထင်ပေါ်ချင်တဲ့အတွက် ဟာသဗီဒီယိုလေးတွေကို အများကြီးတင်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူမှစိတ်မဝင်စားကြဘူး။ အခုဆယ်လီဖြစ်လာတော့ လူတွေကြားမှာ နည်းအမျိုးမျိုးနဲ့ ပြန့်နှံ့သွားပြီး ပိုနာမည်ကြီးသလိုမျိုး ဖြစ်လာတာပေါ့။ ပရိသတ်တွေ ကျနော့်ကို သိသွားလို့ ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်းကျနော်အရင်က လုပ်ထားတာတွေအမှားပါသွားခဲ့ရင် ခွင့်လွှတ်ပါလို့”

“အကယ်ဒမီကတော့ ဒီနှစ်တော့တက်မှာပါ။ အရင်နှစ်တွေတုန်းကလည်း ခပ်ဆန်းဆန်းလေးတက်ဖြစ်ပါတယ်။ ဒါပေမယ့်အရင်တုန်းကတော့ လူလည်းသိပ်ပြီးတော့ သတိမထားမိတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်မှာတော့ ပရိသတ်တွေကလည်း သတိထားမိပြီဆိုတော့ ခပ်ဆန်းဆန်းလေးနဲ့ တက်ဖြစ်မှာပါ။ အခုအဖွဲ့စည်းကလည်း သတ်မှတ်ထားတာကြောင့် ကျနော်တိုင်းရင်းသား ဝတ်စုံကိုတော့ ဘယ်သူနဲ့မှမတူအောင်လုပ်မှာပါ။ သိန်းသောင်းချီတဲ့ဝတ်စုံနဲ့ကျနော်မတက်ပါဘူး။ ကျနော်ရိုးရိုးသားသားဝတ်စုံကိုပဲ ဝတ်ပြီးတတ်မှာပါ။ ဒါပေမယ့်တခုတော့ရှိတယ် သိန်း ၅ ထောင်တန် လက်စွပ်ကြီးကိုဝတ်ပြီးတော့ တက်မှာပါ။ သိန်း ၁၂၀၀ တန်လက်ကောက်ကြီးကိုလည်း ဘယ်သူလိုချင်လဲ။ တနေ့နေ့ကျရင်တော့ ပရိသတ်ကိုပဲပေးမှာပေါ့။ အခုလောလောဆယ်တော့ အကယ်ဒမီပေးပွဲမှာ ဝတ်လိုက်ဦးမယ်နော်” လို့ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.