မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမယ့် Nicolas Cage ရဲ့ဇာတ်ကားသစ်

မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးမယ့် Nicolas Cage ရဲ့ဇာတ်ကားသစ်

Nicolas Cage ဟာ Jiu Jitsu အမည်ရှိ Comic ကို Live – Action အဖြစ်အသက်သွင်းရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုမြန်မာနိုင်ငံရဲ့နေရာအချို့မှာလာရောက်ရိုက်ကူးမယ်လို့ဆိုပါတယ်။ဒီဇာတ်ကားမှာဆိုရင်နောက်ထပ်မင်းသားအဖြစ် “Kickboxer: Vengeance” နဲ့ “Kickboxer: Retaliation,” တို့ကိုရိုက်ကူးထားတဲ့ Alain Moussi လဲပါဝင်မှာဖြစ်ပါတယ်။

Alain Moussi ဟာဆိုရင် Titans Series မှာ Batman အဖြစ် Stunt ပါဝင်ထားတဲ့မင်းသားလဲဖြစ်ပါတယ်။Highland FilmGroupကထုတ်လုပ်မှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာသိပ္ပံစွန့်စားခန်းဇာတ်ကားဖြစ်ပြီးခြောက်နှစ်တခါကမ္ဘာကိုလာရောက်ဒုက္ခပေးတတ်လေ့ရှိတဲ့ ဂြိုလ်သားတွေကို ဂျူဂျစ်ဆုသိုင်းပညာနဲ့ပြန်လည်တိုက်ခိုက်သွားမယ့်ဇာတ်လမ်းဖြစ်ပါတယ်။

အခုဆိုရင်နိုင်ငံတကာရုပ်ရှင်လောကသားတွေကမြန်မာနိုင်ငံကိုအာရုံစိုက်မိလာပုံရပါတယ်။ဒါဟာဆိုရင်တော့LineWalker2ကိုမြန်မာနိုင်ငံမှာအခွင့်အရေးကြီးကြီးပေးပြီးရိုက်ကူးခွင့်ပေးလိုက်ခြင်းရဲ့အကျိုးဆက်တွေလို့ဆိုရမှာပါပဲ။အခုတော့နာမည်ကြီးမင်းသားNicolasCageတစ်ယောက်မြန်မာနိုင်ငံရဲ့ဘယ်အပိုင်းတွေမှာများဇာတ်ကားရိုက်ကူးမလဲဆိုတာမြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့စိတ်လှုပ်ရှားမိတာတော့အမှန်ပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.