အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပေးခဲ့တဲ့ ရုပ်ရှင်ဒေတာပေါက်ကြားသွားခဲ့တဲ့ မုန်းစွဲရုပ်ရှင်

အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပေးခဲ့တဲ့ ရုပ်ရှင်ဒေတာပေါက်ကြားသွားခဲ့တဲ့ မုန်းစွဲရုပ်ရှင်

ပရိသတ်ကြီးရေ မကြာသေးခင် နာရီပိုင်းက အွန်လိုင်းပေါ်မှာ မုန်းစွဲရုပ်ရှင် ဇာတ်ကားကြီးအစအဆုံးကို ဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။ အခုလို ဖြန့ဝေတာဟာ မူပိုင်ခွင့်ကို ချိုးဖောက်တာဖြစ်သလို ထောင်ဒဏ်(၅) နှစ်အထိအပြစ်ပေးနိုင်တယ်လို့ဆိုပါတယ်။ အခုလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလုံး ပေါက်ကြားခဲ့ရတဲ့ ဖြစ်စဉ်ဟာ အကယ်ဒမီအကဲဖြတ်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့လည်းသိရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ မုန်းစွဲ ဇာတ်ကားအစအဆုံး မှာ အကယ်ဒမီ တံဆိပ်ညာဖက်ထောင့်မှာ ပါဝင်နေပါတယ်။ အဆိုပါ လိုဂို ဟာ အကယ်ဒမီကို အကဲဖြတ်ပေးရတဲ့ အဖွဲ့ကို သီးသန့်ပေးရတဲ့ ဒေတာအချက်အလက်ဖြစ်မှ အခုလို တံဆိပ်ပါဝင်တယ်လို့ဆိုပါတယ်။ အဆိုပါကိစ္စ ဟာာ အင်မတန် အန္တရာယ်ရှိတဲ့ပေါက်ကြားမှုတစ်ခုဖြစ်တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဦးတင်ထွန်းဝင်း(ကိုငယ်လေး) က မှတ်ချက်ပေးပါတယ်။

အဆိုပါကိစ္စ ကို တင်းတင်းကြပ်ကြပ် ဂရုစိုက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ပရိသတ်ကြီးလည်း အခုကိစ္စအတွက် ဘယ်သူတွေတာဝန်ယူသင့်လဲ မှတ်ချက်ကနေ တစ်ခုခုပြောပေးခဲ့ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.