နေတိုးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာမှတ်တိုင်တစ်ခု ဖြစ်လာဦးမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီး နမူနာဗီဒီယို

နေတိုးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာမှတ်တိုင်တစ်ခု ဖြစ်လာဦးမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီး နမူနာဗီဒီယို

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာမောင်နှမဖြစ်တဲ့ နေတိုးနဲ့ ရွှေမှုံရတီက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်သူများ ဖြစ်ပါတယ်။ အနုပညာမောင်နှမဖြစ်သလို ဆရာတပည့်တွေ ဖြစ်ကြတဲ့ နေတိုးနဲ့ ရွှေမှုံရတီ နှစ်ယောက် တွဲဖက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဗီဒီယိုတွေလဲ အများအပြား ရှိပြီး ပရိသတ်တွေကလဲ သဘောကျကြိုက်နှစ်သက်ကြပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ နေတိုးနဲ့ ရွှေမှုံရတီတို့  အားပြိုင်ကြမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးကလဲ မကြာခင်ရုံတင်ရတော့မှာ ဖြစ်ပါတယ်။

“ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးက အကြည်တော်ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗို၊ အေးမြတ်သူနဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အခြားသောအနုပညာရှင်တွေများစွာလဲ ပါဝင်ပါတယ်။

ဒီနေ့မှာတော့ “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုအတိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားခဲ့ပါပြီ။ မိုမိုလေးပရိသတ်တွေအတွက် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုအတိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

“ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီး နမူနာဗီဒီယို

“ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ကားကြီးကတော့ Drama စစ်စစ်ကို ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုပါပဲ။ လူတွေကို ရီမောပျော်ရွှင်အောင် လုပ်ပေးနေတဲ့ ပြုံးရွှင်ရဲ့ ရင်ထဲက ခံစားချက်က သူကိုယ်တိုင်ရော ပျော်ရွှင်နေလား? ဝမ်းနည်းနေလား? ဆိုတာ ဧပြီလ(၂၅) ရက်နေ့မှာ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.