ဖုန်းကိုလိမ်ယူသွားပြီး ဖုန်းထဲက နံပါတ်တွေကို လိုက်ဆက်ပြီး လိမ်တဲ့လိမ်နည်းအသစ် (သူခိုးတွေ အဆင့်မြင့်လာပြီ)သတိထားကြပါ

ဖုန်းကိုလိမ်ယူသွားပြီး ဖုန်းထဲက နံပါတ်တွေကို လိုက်ဆက်ပြီး လိမ်တဲ့လိမ်နည်းအသစ် (သူခိုးတွေ အဆင့်မြင့်လာပြီ)သတိထားကြပါ

အသိ အကိုတစ်ယောက် မနေ့က ကြုံခဲ့ရတာလေးပါ။ သတိထားလို့ရအောင် ပြန်ရေးပေးတာပါ…

အဲ့အကိုရဲ့ အမျိုးသမီးက မန္တလေးက electronic ဆိုင်ကြီးတစ်ခုမှာ အလုပ်ဝင်နေတော့ အဲ့အကိုက မနက်တိုင်း လိုက်ပို့ပြီး အဲ့ဆိုင်ရှေ့မှာပဲ ကားလေးထိုးပြီး ပစ္စည်း အသယ်အပို့ taxi ဆွဲပါတယ်။ တစ်ရက်ကျတော့ ဆိုင်က ကောင်လေးတစ်ယောက်ကို အမျိုးသားတစ်ယောက်ကလာပြီး မင်းတို့ဆိုင်က မဘယ်သူရဲ့ အမျိုးသား ကားနံပါတ် ဘယ်လောက်လောက်ကို ငှားချင်လို့ ။ရွှေဘိုဆိုင်ကနေ မန်းလေးကို ပစ္စည်းသယ်ချင်တာ ပြောပေးစမ်းကွာ ဆိုပြီး ခိုင်းပါတယ်။

ကောင်လေးကလဲ အဲ့အကိုကားကို ငှားနေတယ်ဆိုပြီး သွားပြောပေးလိုက်တယ်။အဲ့လိုနဲ့ ကားငှားဖြစ်သွားတော့ အဲ့အမျိုးသားက အရင်ဆုံး ဘုရားကြီးကို မောင်းခိုင်းတယ်။ဘုရားကြီးနားက သူ့အလုပ်သမားနှစ်ယောက်ကို ပစ္စည်းကူသယ်ခိုင်းဖို့ စောင့်နေခိုင်းလို့ ဝင်ခေါ်ရဦးမယ်ပြောပါတယ်။အဲ့လိုနဲ့ ဘုရားကြီးနားကနေ လူနှစ်ယောက်ဝင်ခေါ်ပြီး စွပ်ကျယ်လက်ပြတ်နဲ့ အလုပ်ကြမ်းသမားပုံစံ ယောကျာ်း နှစ်ယောက် တက်လာခဲ့တယ်။

တစ်လမ်းလုံး စကားတွေပြော ဆွေမျိုးတွေအကြောင်း ဟိုမေးသည်မေး လုပ်ပြီး ရွှေဘိုမြို့ထဲရောက်တော့ အသိဆီ ph ဆက်ဦးမယ် ဘတ်ထရီကုန်နေလို့ ph ငှားပါဆိုပြီး ပြောကော။ ကားရှေ့ခန်းမှာလည်း တူတူထိုင်နေတယ်။နောက်မှာလည်း သူ့အလုပ်သမားနှစ်ယောက်ပါတယ်ဆိုတော့ ယုံကြည်ပြီး phပေးတယ်။ ph ဆင်းပြောသလိုနဲ့ အဲ့လူက ပျောက်သွားပါ လေကော။ အဲ့အကိုလည်း စောင့်နေပေမယ့် ပေါ်မလာတော့မှ စိတ်ဆိုးပြီး နောက်မှာပါလာတဲ့ လူနှစ်ယောက်ကို မေးပြီး ဆွဲထိုးမယ်လုပ်ကော။

အဲ့တော့မှ အဲ့လူနှစ်ယောက်ကလည်း သူတို့ကို လုပ်အားခ နှစ်ဆပေးမယ်။ ရွှေဘိုကို ပစ္စည်းလိုက်သယ်ပေးဖို့ဆိုပြီး သူတို့အလုပ်သမားခေါင်းဆောင်က လွှတ်လိုက်လို့ စွပ်ကျယ်လက်ပျက်နဲ့ လိုက်လာတာပိုက်ဆံတောင် တပြားမှ မပါခဲ့ဘူးဆိုပြီး သိလိုက်ရတာပဲ။အာ့နဲ့ သူတို့သုံးယောက်သား ကားကို ဟိုမောင်းလိုက် သည်မောင်းလိုက်နဲ့ အဲ့လူကို လိုက်ရှာပါလေကော။ သူတို့ ခဏ ခဏ ယောင်လည်လည်ဖြစ်နေတာတွေ့တဲ့ ရွှေဘိုမြို့ခံ အမတစ်ယောက်က

‘အကိုတို့ သည်မြို့က မဟုတ်ဘူးထင်တယ်။ဘာရှာနေတာလဲမေးတော့မှ အကြောင်းစုံပြောပြလိုက်တယ်’အဲ့တော့မှ အဲ့အမက အခုတလော သူတို့မြို့မှာ ခေတ်စားနေတာက ph လုပြေးတာပဲတဲ့။phလုတာက phက တန်ဖိုးရှိလို့ မဟုတ်ဘူးတဲ့။အဲ့ထဲမှာ ပါတဲ့ contact တွေနဲ့ ငွေတွေလိုက်လိမ်တာ။အကို့ အိမ်ကို phဆက်ပြီး sim card ပိတ်ခိုင်းလိုက်လို့ ပြောတယ်။

အဲ့အကိုကလည်း ပျာသွားပြီး အိမ်ကို phဆက်ချင်လို့ phခဏငှားပါပြောတယ်။အဲ့အမကလည်း မယုံလို့ထင်ပါတယ် မငှားဘဲ အိမ်ထဲပြန်ဝင်သွားတယ်။လမ်းမှာတွေ့တဲ့ ဂိမ်းဆော့နေတဲ့ကောင်လေးတစ်ချို့ကိုလည်း ph တစ်call လောက်ပြောချင်လို့ ငှားပါဆိုပြီး ပြောပေမယ့် မငှားရဲကြလို့ ထင်တယ် မငှားပေးကြဘူး။အာ့နဲ့ အဲ့အကိုလည်း နောက်ဆုံးတော့ သူ့ကားသော့ကြီးကို ဦးလေးကြီး တစ်ယောက်ကိုအပ်ပြီး ‘ဦးလေး သည်မှာ ကျွန်တော့်ကားသော့။ ကျွန်တော်ဘယ်မှ မပြေးဘူး။ phလေးတစ် call လောက် ခေါ်ပါရစေ’ဆိုပြီး ပေးထားမှ phငှားလို့ရသွားတယ်။

phခေါ်လို့ရရချင်း သူ့အမျိုးသမီးဆီဆက်တော့ သူ့အမျိုးသမီးက ငိုနေကော။ ‘ခုနက ကားငှားသွားတဲ့အကိုက ဆက်တာ …ရှင်ကားတိုက်မိလို့ လျော်ရမှာ နှစ်သိန်းရှစ်သောင်းကို wave money ကလွှဲပေးပါဆိုပြီး။ ရှင်က စခန်းမှာအဖမ်းခံနေရလို့ သူ့ကိုဆက်ခိုင်းပြီး ကျေအေးငွေလှမ်းတောင်းခိုင်းတာတဲ့။ခုပဲ သုံးသိန်းသွားလွှဲပေးတော့ မလို့’ ဆိုပြီး ငိုပြီးပြောကော…

နောက်မှသိရတာက အဲ့လူလိမ်က သူ့အမျိုးသမီးဆီ တင်မကဘဲ သူ့အမဆီကော… သူ့ယောက္ခမတွေဆီကော သူ့ကျောက်ဝိုင်းက ဆရာတွေဆီပါ လှမ်းဆက်ထားတာတဲ့…နေ့တွင်းချင်း phကဒ်ပိတ်ပေးဖို့ သူ့မိတ်ဆွေဆီ အကူညီ လှမ်းတောင်းပြီး ပိတ်ခိုင်းလိုက်ရတယ်တဲ့phငှားပေးတဲ့ရွှေဘိုကအကိုကတော့ အပြန်ကို တခြားလမ်းက ပတ်ပြန်ဖို့မှာလိုက်တယ်…သူတို့တွေက phတစ်ခုတည်း နဲ့တော့ မန်းလေးကနေ ရွှေဘိုထိခေါ်လာမှာ မဟုတ်ဘူး…အပြန်ကို ဆိုင်ကယ်နဲ့တိုက်ချင်ယောင်ဆောင်ပြီး အဖွဲ့လိုက် ကားကို ရိုက်လုတာတွေ လုပ်လာနိုင်တယ်… သူတို့က စနစ်တကျလိမ်တာဆိုတော့ အဖွဲ့နဲ့လုပ်တာ ဖြစ်နိုင်တယ် သတိထားပြန်လို့မှာလိုက်တယ်။ မန်းလေးကနေလည်း အဲ့အကိုအိမ်က လူတွေလိုက်လာကြပြီး အဖွဲ့လိုက် တူတူ ပြန်လာခဲ့ရတယ်။

လိမ်နည်းအသစ်ကို သတိထားရအောင်ရေးပေးတာပါ။ ကားဆွဲတဲ့အကိုတွေလည်း သတိထားရအောင်ပါ…

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.