ကွယ်လွန်သူဖြစ်လို့ ဖိတ်စာရော ၊ အကယ်ဒမီရော အပေးမခံရတဲ့ အကယ်ဒမီ ကိုသော်ဇင်(ဥပါဒါန်)

ကွယ်လွန်သူဖြစ်လို့ ဖိတ်စာရော ၊ အကယ်ဒမီရော အပေးမခံရတဲ့ အကယ်ဒမီ ကိုသော်ဇင်(ဥပါဒါန်)

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မကြာခင်နာရီပိုင်းအတွင်းမှာကျင်းပတော့မယ့် (၂၀၁၈) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဟာ ပရိသတ်တွေရဲ့ အသည်းကို ကိုင်လှုပ်တော့မှာပါ ။ နှစ်တိုင်း ရင်နာစရာတွေဖြစ်တတ်တဲ့ အကယ်ဒမီဟာ ဒီနှစ်မှာလည်းပွဲမကျင်းပရသေးခင်မှာ ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်။ အကယ်ဒမီဆန်ကာတင်စာရင်းဝင်နေတဲ့ ဇာတ်ကားတစ်ကားရဲ့ တည်းဖြတ်သူ နှင့် မိသားစုဝင်တို့ကို ပွဲတက်ခွင့်မပေးသလို အကယ်ဒမီလည်း ထည့်သွင်း စဉ်းစားမထားဘူးဆိုတဲ့ သတင်းပါ။

တည်းဖြတ်နယ်ပယ်မှာ အကယ်ဒမီတစ်ဆုပိုင်ဆိုင်ပြီးဖြစ်တဲ့ အကယ်ဒမီသော်ဇင်ဟာ အကယ်ဒမီဆန်ကာတင်ဥပါဒါန်ရုပ်ရှင်ကို တည်းဖြတ်ပြီး မကြာခင်မှာ ကွယ်လွန်ခဲ့တာပါ ။ လတ်တလောဆန်ကာတင်စာရင်းဝင်ပေမယ့် ကိုသော်ဇင့်အတွက် ဖိတ်စာလည်းရောက်မလာသလို ဇနီးဖြစ်သူအတွက်လည်း ပွဲတက်ခွင့်ဖိတ်စာေ ရာက်မလာခဲ့ပါဘူး ။

အဆိုပါကိစ္စအပြင် လူသေဖြစ်လို့ အကယ်ဒမီမပေးဘူးဆိုတဲ့ တည်းဖြတ်မှု အကဲဖြတ်လူကြီးတစ်ယောက်ရဲ့ ဖုန်းဖြေဆိုမှုကို ကြုံခဲ့ရပါတယ်။ ရွှေရုပ် ရဲ့ လူမှုကွန်ရက်မှာ”မောင်ရေ. မောင် တည်းဖြတ်ခဲ့တဲ့ ဥပါဒန် ဇာတ်ကား ဇကာတင် ပါပေမယ့်လဲ? ????” ဆိုပြီး ကိုသော်ဇင့် ရဲ့ အကောင့်ကို Tag တွဲပြီးရင်နာနာရေး သားထားပါတယ်။ သရုပ်ဆောင် ၊ ဒါရိုက်တာ မင်းညီ က”ကိုသော်ဇင်ရေ..ခင်ဗျားမိန်းမ..အကယ်ဒမီပွဲတက်ချင်ပေမယ့်….သေပြီးတဲ့သူမို့

ဆုမပေးသလို.ဖိတ်စာလဲမရဘူး..လို့..တည်းဖြတ်လူကြီးတဦးကိုဖုန်းဆက်မေးတော့ပြောတယ်တဲ့.။ကျွန်တော်လဲစိတ်မကောင်းရုံပဲတတ်နိုင်တယ်…ခင်ဗျားကလည်းဘာလို့အကယ်ဒမီပွဲမတိုင်ခင် ထွက်သွားရတာလဲဗျာ…။ ခင်ဗျားမိန်မ..သနားပါတယ်။သူတော်တော်စိတ်မကောင်းဖြစ်နေရှာတယ်…” လို့ရေးသားထားပါတယ်။အနုပညာတကယ်ကောင်းရင် ကွယ်လွန်ခဲ့သူတွေကိုတောင် အကယ်ဒမီပေးတဲ့ ထုံးစံတွေရှိခဲ့တာကြောင့် အခုလိုဖြစ်ပွားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်လေးတွေ ပြောပြခဲ့ပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.