ကျွန်တော်ကတော့ ကိုနေတိုးပဲ အကယ်ဒမီရမယ်လို့ထင်တယ် ကျွန်တော် အတွက်တော့ မထင်ပါဘူး” ဆိုတဲ့ မြင့်မြတ်

ကျွန်တော်ကတော့ ကိုနေတိုးပဲ အကယ်ဒမီရမယ်လို့ထင်တယ် ကျွန်တော် အတွက်တော့ မထင်ပါဘူး” ဆိုတဲ့ မြင့်မြတ်

လက်ရှိ အောင်မြင်မှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော် ဂျင်းကောင်ကိုတော့ အားလုံးချစ်ပြီးသားဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်းသရုပ်ဆောင်လောကမှာ ထိပ်တန်းစာရင်းဝင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

မြင့်မြတ်ကတော့ သရုပ်ဆောင်မှုပိုင်းမှာ သဘာဝဆန်ဆန်လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တဲ့အပြင် အနုပညာသားအချင်းချင်းတောင်လေးစားအားကျခြင်းခံနေရသူတစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်

ဒီနေ့မှာတော့ ၂၀၁၈ အကယ်ဒမီပေးပွဲကြီးက ညနေ (၃) နာရီမှာ စတင်ကျင်းပတော့တော့မှာပဲဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီရင်ခုန်သံ နဲ့ပတ်သတ်ပြီး မြင့်မြတ်က ” ကျွန်တော်တော့မထင်ဘူးဗျ ကျွန်တော်တော့ ဒီနှစ်က ကိုနေတိုးရမယ်လို့ထင်တယ်။

ကျွန်တော့်ကိုချစ်တဲ့ပရိသတ်တွေက ရစေချင်လို့မှန်းကြပေမယ့်လဲ သိပ်မမှန်းပါနဲ့လို့ပြောချင်ပါတယ် ကျွန်တော်ကတော့မထင်ဘူး။ အဲ့ဒါကြောင့် we love အဖွဲ့တွေလဲ သိပ်မမှန်းကြပါနဲ့လို့ ရတာမရတာကံပဲ” ဆိုပြီးပြောခဲ့ပါတယ်။ ပရိသတ်ကြီးကတော့ ငဒူရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြင့်မြတ်ကို အကယ်ဒမီမှန်းနေကြတာပဲဖြစ်ပါတယ်။

သားလေးကငယ်သေးလို့ အကယ်ဒမီပေးပွဲကို မခေါ်ဖြစ်ပဲ သူတစ်ယောက်ထဲပဲ ပွဲတက်မယ်လို့ပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် မြင့်မြတ်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ မြင့်မြတ်ကို အကယ်ဒမီရစေချင်တဲ့ ပရိသတ်တွေရှိလား ပြောပေးခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.