
မုန်းစွဲရုပ်ရှင်တစ်ကားလုံးစာ ဗီဒီယိုဖိုင်များ အွန်လိုင်းတွင်ပျံ့နှံ့မှုကို စုံစမ်းအရေးယူမည်
မုန်းစွဲရုပ်ရှင်ဇာတ်ကား အွန်လိုင်းစာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့် အပေါ် စုံစမ်း၍ အရေးယူမည်ဟု ယင်းဇာတ်ကားထုတ်လုပ်သူ ကို ဝေမင်းမောင်က ပြောကြားသည်။
‘‘မနက်ဖြန် အကယ်ဒမီရှိတဲ့ အတွက် ရုပ်ရှင်အစည်းအရုံးက လည်း မအားမလပ်တွေဖြစ်နေ တော့ အခုလောလောလတ်လတ် မှာ ထပ်ပြီးမပြန့်ပွားရေးကိုဆောင် ရွက်နေရတယ်’’ ဟု ၎င်းကပြော သည်။ မုန်းစွဲဇာတ်ကားတစ် ကားလုံးစာ ဗီဒီယိုဖိုင်များ မတ်လ ၂၁ ရက်နေ့လယ်က အွန်လိုင်းစာ မျက်နှာ၌ ပျံ့နှံ့နေသည်ကို သိရ ကြောင်း ယင်းဇာတ်ကား ဒါရိုက် တာသြရသက ပြောသည်။
‘‘ဒါကမဖြစ်သင့်ဘူးပေါ့။ ဒီ ကိစ္စကြီးက ရုပ်ရှင်လောကအ တွက်လည်း ကြောက်စရာကောင်း တယ်။ ကိုယ့်အနေနဲ့စိတ်မ ကောင်းဘူး။ ဘယ်ကနေဖြစ်လဲဆို တာ ဒီဟာကိုစထုတ်တဲ့သူ တရား ခံအစစ်ကို သိဖို့အရေးကြီးတယ်။ ပြင်းပြင်းထန်ထန် အရေးယူသင့် တယ်’’ ဟု ဒါရိုက်တာသြရသက ပြောသည်။
ပျံ့နှံ့နေသည့် ဗီဒီယိုင်ဖိုင် တွင် အကယ်ဒမီ Logo ပါဝင်နေ ပြီး အကယ်ဒမီအတွက်ထုတ်လုပ် ရေးဘက်က ပေးထားသည့် ဗီဒီ ယိုဖိုင်ဖြစ်ကာ မည်သည့်နေရာမှ ပျံ့နှံ့သည်ကို စုံစမ်းမည်ဟု ကို ဝေမင်းမောင်က ပြောသည်။
ရုပ်ရှင်တစ်ကားလုံး အွန် လိုင်းတွင် ပျံ့နှံ့ခြင်းသည် ပထမ ဆုံးအကြိမ်မဟုတ်ဘဲ ယခင်က ‘ကျွန်မကနှင်းဆီပါမောင်’ ၊ ‘ဥ ပါယ်တံမျဉ်’ စသည့် ဇာတ်ကား များ အွန်လိုင်း၌ ပျံ့နှံ့ဖူးပြီးအရေး ယူဆောင်ရွက်မှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။
‘ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား ထွက်ဖို့မလွယ်ပါဘူး။ မသမာမှုလုပ်ဖို့ အရမ်းလွယ်နေပါ လား။ တစ်ကားလုံးစာကြီးဆို တော့ ထိန်းသိမ်းရမယ့်နေရာတွေ များနေပြီ’’ ဟု ယင်းကဲ့သို့ဇာတ် ကားများ ပျံ့နှံ့သည့်အပေါ် လပ် ကီးဆဲဗင်းထုတ်လုပ်ရေးမှ ကို အုန်းဝင်းက မတ်လ ၂၂ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။