“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရနိုင်တယ်လို့ ခန်းမှန်းခြင်းခံနေရတဲ့ အေးဝတ်ရည်သောင်း

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရနိုင်တယ်လို့ ခန်းမှန်းခြင်းခံနေရတဲ့ အေးဝတ်ရည်သောင်း

အေးမြတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် မအေးသောင်းက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက်ပါပဲ။ လတ်တလော မအေးသောင်းနဲ့ ပတ်သက်ပြီး ရေပန်းစားနေတဲ့ အကြောင်းအရာလေးကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မအေးသောင်းက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိနိုင်တယ်လို့ ပရိသတ်တွေနဲ့အတူတူ အနုပညာညီအစ်ကို မောင်နှမတွေကပါ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဖြစ်ရပ်မှန်တရားတော်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဩရသက အကောင်းဆုံး ရိုက်ကူးပုံဖော်ထားပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကသရုပ်ဆောင်များအဖြစ် နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အေးဝတ်ရည်သောင်းက လူဆိုးလူမိုက်ကြီး ထူးဇော်ကို ချစ်လွန်းအားကြီးလို့ လူဆိုးမှန်းသိပေမယ့်လဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်ရှာသူ ကြာဥအဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် နောက်ဘဝကို ရောက်ပြန်တော့လဲ ချစ်စွဲမချွတ်နိုင်ပဲ ဘုရားသားတော် သံဃာကို ပစ်မှားမိတဲ့ မိန်းမပျိုလေးအဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားပါတယ်။

မအေးသောင်းကတော့ သူမတစ်သက်တာမှာ သင်ကြားမြင်တွေ့ခဲ့ရတဲ့ အနုပညာအရည်အသွေးတွေကို သူမရဲ့ပင်ကိုယ်ပါရမီနဲ့ အိတ်သွန်ဖာမှောက် ကြိုးစားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီး ထင်ကြေးပေးသလို မအေးသောင်းတစ်ယောက် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.