မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုကို ဒဲ့ဝေဖန်လိုက်တဲ့ လွင်မိုး

မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုကို ဒဲ့ဝေဖန်လိုက်တဲ့ လွင်မိုး

လွင်မိုးဟာဆိုရင် မြင့်မြတ်နဲ့ တစ်ခါမှရုပ်ရှင်တွဲမရိုက်ခဲ့ဖူးပဲ ဒယ်ဒီဖားကင်ရုပ်ရှင်ဇာတ်ကားကြီးကျမှသာ အတူတွဲရိုက်ဖူးတာဖြစ်ကြောင်းသိရပါတယ်။ ဝါရင့်မင်းသားတစ်လက်ဖြစ်တဲ့ အကယ်ဒမီလွင်မိုးက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ မြင့်မြတ်ရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအကြောင်းနဲ့ သရုပ်ဆောင်မှုတွေကို ဝေဖန်ပြောဆိုထားတာတွေ့ရပါတယ်။

လွင်မိုးက ဒယ်ဒီဖားကင်ထဲကကာရိုက်တာအကြောင်း “မင်းသမီးရဲ့အဖေ၊ သူက မြင့်မြတ်နဲ့က မတည့်ဘူးပေါ့။ မတည့်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆေးထိုးကြတာပေါ့”လို့ ပြောပြထားပြီး ဒယ်ဒီဖားကင်ရဲ့အစက ဦးဇာဂနာဖြစ်ကြောင်းကို “ဒယ်ဒီဖားကင်ရဲ့အစကဘယ်သူလဲသိလား။ ဇာဂနာ။ သူက သည်းခြေမှာလားမသိဘူး ရောဂါဖြစ်လို့ အဲဒီမှာ ဆေးသွားကုလိုက်ရတယ်။ အဲဒီမှာ ဇာတ်ကားကလည်းရိုက်တော့မှာဆိုတော့ ပရိုဂျူဆာတွေတိုင်ပင်ပြီးတော့ အဲဒါနဲ့ ရိုက်ဖြစ်သွားတာ”လို့ ပြောပြထားပါတယ်။

လွင်မိုးက မြင့်မြတ်နဲ့အတူတွဲသရုပ်ဆောင်ရတဲ့အပေါ် “မြင့်မြတ်ဆိုတာကလည်း ဟာသမှာ တော်တော်လေးကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့လည်း ပထမဦးဆုံးတွဲပြီးရိုက်ရတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကိုကျွန်တော်တို့အနုပညာညီအစ်ကိုတွေ တကယ့်ကိုလိုက်ဖက်ညီညီနဲ့ကြိုးစားထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်”လို့ မြင့်မြတ်ရဲ့သရုပ်ဆောင်မှုကိုဝေဖန်ရင်းပြောပြထားပါတယ်။

မြင့်မြတ်က အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်နေတာကိုလည်း လွင်မိုးက “မြင့်မြတ်က ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတွေအများကြီးပဲ။အတွေ့အကြုံတွေအများကြီးရှိပါတယ်။ သူ့ရဲ့အောင်မြင်မှုအချိန်ကာလက အခုအချိန်မှာကျရောက်လာတဲ့အတွက် သူဟာ တကယ့်ကို အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေတာပေါ့။ သူနဲ့အတူကျွန်တော်တွဲပြီးသရုပ်ဆောင်ထားပါတယ်”လို့ ပြောကြားထားပါတယ်။

ပရိသတ်ကြီးရော မြင့်မြတ်နဲ့ လွင်မိုးသရုပ်ဆောင်ထားတဲ့ ဒယ်ဒီဖားကင်ဇာတ်ကားကြီးကိုသွားရောက်အားပေးကြမှာလား။ မြင့်မြတ်နဲ့လွင်မိုးကို နောက်ထပ်ရုပ်ရှင်ကားပေါင်းများစွာမှာအတူတူတွဲပြီးတွေ့ချင်ကြလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.