သုံးထပ်ကွမ်း အကယ်ဒမီဆုကြီး ရရှိဖို့ (၉၉%) လောက်သေချာနေတဲ့ ဖွေးစိန်လေးရဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကောင်များ

သုံးထပ်ကွမ်း အကယ်ဒမီဆုကြီး ရရှိဖို့ (၉၉%) လောက်သေချာနေတဲ့ ဖွေးစိန်လေးရဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကောင်များ

ဒီနှစ်ရဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်(၁၀)ကားထဲမှာ ဇာတ်ဆောင် မင်းသမီးနေရာကနေ သရုပ်ဆောင်ခွင့်ရရှိပြီး ဇကာတင်ရုပ်ရှင်စာရင်းမှာ အများဆုံးပါဝင်နေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ကတော့ အထူးတည်ပြောပြစရာ မလိုအောင် ပရိသတ်တွေ ချစ်ရတဲ့ အကယ်ဒမီ မင်းသမီးချော ဖွေးဖွေးဖြစ်ပြီး လက်ရှိမှာ သူမဟာ နောက်ထပ် သုံးထပ်ကွမ်း အကယ်ဒမီဆုကြီးကို ရရှိနိုင်ချေ မြင့်မားလို့ နေပါတယ်။

သူမဟာ အရည်အချင်းပြည့်မီပြီး တကယ့်ကို စံချိန်တင် မင်းသမီးတစ်ယောက်အဖြစ် အကယ်ဒမီဆုကြီး (၂) ဆုကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီနှစ်ရဲ့ (၂၀၁၈) ခုနှစ်မှာလည်း နောက်ထပ်အကယ်ဒမီဆုရရှိဖို့အတွက် သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကြီးတွေ နဲ့ တကွ (၉၉%) လောက်သေချာနေတဲ့ ဖွေးစိန်လေးရဲ့ နောက်ထပ် အကယ်ဒမီဆုကို ယူဆောင်လာပေးမဲ့ သူမ ရဲ့ ရုပ်ရှင်ဇာတ်ကောင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ရွှေကြာ- ရွှေကြာ

အရမ်းကို မှောင်မိုက်ပြီး မထူးဇာတ်ခင်းနေရတဲ့ ပြည့်တန်ဆာအမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ဘ၀မှာ အားကိုးစရာ၊ ရင်ဖွင့်စရာ ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ချိန်မှာ ချစ်ခွင့်တောင် မရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ပီပြင်အောင် သရုပ်ဆောင်ထားပြီး တဖက်မှာလည်း ပြည့်တန်ဆာလုပ်စားရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ဘ၀တူမိန်းကလေးတွေကို စာနာကူညီပေးတတ်သူ ” ရွှေကြာ ” ဇာတ်ရုပ်နဲ့ အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုရရှိနိုင်ပြန်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်- သာယာ

ချစ်တတ်၊ ကြင်နာတတ်လွန်းပြီး မကြာခင် လက်ထပ်တော့မဲ့ သာယာဆိုတဲ့ မိန်းကလေးက သူငယ်ချင်းဖြစ်တဲ့ နောင်နောင် ဆိုတဲ့ ကောင်လေးအပေါ် ရုတ်တရက် စိတ်ပြောင်းပြီး တန်းတန်းစွဲနေရတဲ့ နောက်ကွယ် အလွန်တရာကြောက်ဖို့ကောင်းတဲ့ ပရလောကသား ရဲ့ အငြိုးများကပါ လိုက်ပါနှောင့်ယှက်ချိန်မှာ သိမ်ငယ်လိုက်၊ ကြောက်လိုက်၊ ကြမ်းတမ်းလိုက်နဲ့ တစ္ဆေ၊သရဲ ၀င်ပူးခန်းတွေကို အကောင်းဆုံး သရုပ်ဆောင်ထားနိုင်တာမို့ အသံပြဲနေအောင် အော်ခဲ့ရတဲ့ ဒီ ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင် ဇာတ်ကားကြီးနဲ့ ဖွေးစိန်တစ်ယောက် ဆုရရှိမယ် ထင်ပါသလား ပရိသတ်ကြီးတို့ရေ…။

ငါ့ကို နမ်းတဲ့ မုန်တိုင်း- ပျို

နှလုံးသားထဲမှာ ရယူပိုင်ဆိုင်ချင်စိတ်မရှိပဲ ဖြူဖြူစင်စင် တကယ်ချစ်နေသူကတစ်ယောက်၊ အချိန်မပေးနိုင်တဲ့ ချစ်သူကြောင့် စွဲစွဲလမ်းလမ်းနဲ့ ဂရုတစိုက်ချစ်လာပေးသူကတစ်ယောက် တကယ်ကို ဝေခွဲရခက်နေတဲ့လူငယ်မိန်းကလေးတစ်ယောက်အနေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီသဘာဝကို ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ခဲ့တဲ့ ပျို ဆိုတဲ့ မိန်းကလေး ဇာတ်ကောင်နဲ့ တမျိုးတဖုံ လူငယ်ဆန်ဆန်လေးနဲ့ ဖွေးစိန်ကို ပရိသတ်တွေ ရင်ထဲ ထိရှအောင် ခံစားကြည့်ရှူ့ခဲ့ရမှာပါ။

သမ္မတကြီးထံ ပေးစာ-ခက်ခက်ခိုင်

အမှန်တရားဆိုတဲ့ စကားလုံးကို ဖုံးကွယ်နေတုန်းရှိတဲ့ ငွေနဲ့ အာဏာရှင်တွေရဲ့ အောက်က ယနေ့လက်ရှိအချိန်အထိဖြစ်နေဆဲ အခြေအနေကို ရိုက်ပြပုံဖော်ထားတာကြောင့် ဆင်တာကျဖို့ (၅)နှစ်စောင်ခဲ့ရပြီး အမှန်တရားရဲ့ ဘက်တော် ရှေ့နေမလေးတစ်ယောက်အဖြစ် ရဲဝင့်ပြတ်သားစွာ တာဝန်ထမ်းဆောင်တတ်တဲ့ ခက်ခက်ခိုင် ဇာတ်ကောင်နဲ့ သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း တကယ့်ကို လက်မြောက်ရလောက်အောင် သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ ဖွေးစိန်လေးဟာ “ခက်ခက်ခိုင် ” ဇာတ်ရုပ်နဲ့ပဲ သူမရဲ့တတိယမြောက် အကယ်ဒမီထပ်ရနိုင်မယ် ထင်ပါသလား ပရိသတ်ကြီးရေ..။

မုန်းစွဲ -မသဲအုံ

ကိုယ့်ရဲ့ အပျိုစင်ဘ၀ ဖျက်စီးခံရ၊ ကိုယ့်မိဘကိုပါ သတ်ခဲ့ပြီး ခါးခါးသီးသီး နဲ့ တစ်ဘ၀လုံးစာ ကိုယ်အလွန်မုန်းတီးရသော ရန်သူလိုမျိုး လူနှစ်ယောက် မုန်းစွဲစွဲပြီး မိမိရဲ့ ၀မ်းမှာ လူပြန်ဖြစ်လာတဲ့ ခံစားချက်မှုမျိုးပရိသတ်တွေ တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ တစ်ဘ၀လုံး အမုန်းတွေနဲ့ ရှင်သန်လာလိုက်ရတာ ဇာတ်ကောင်နဲ့ သူမဟာ မုန်းစွဲစွဲ လို့ လူပြန်ဖြစ်လာတဲ့ သူမရဲ့ သွေးသားရင်း သားနှစ်ေယာက်အပေါ် နောက်ဆုံး အငြိုးတွေ ပြန်ချေပေးရတဲ့ အချိန်မှာတော့ ဘယ်လိုမှထင်မထားရလောက်အောင် မသဲအုံ ဇာတ်ကောင်နဲ့ ဖွေးဖွေးက မုန်းစွဲ ဇာတ်အိမ်တစ်ခုလုံးရဲ့ အသက်လို့ ဆိုရမှာပါ။

သတို့သမီး

ကြောက်စရာအကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ သတို့သမီး ရုပ်ရှင်ဇာတ်ကားကြီးဟာ (၂၀၁၈) ခုနှစ်ရဲ့ လူကြိုက်အများဆုံးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး ရူးသလိုကြောင်သလို ဇာတ်ကောင် နဲ့ အလင်းရောင်ရဲ့ ဇနီးသည်တစ်ယောက်အဖြစ် ၊ သတို့သမီးဝတ်စုံ တစ်စုံရဲ့ နောက်ကွယ်မကျွတ်လွတ်တဲ့ အငြိုးအတေးနဲ့ သတို့သမီးလောင်းတစ်ယောက်ပါဝင်နေတဲ့ အခါမှာ သရဲဝင်ပူးတဲ့အခန်းတိုင်းကို ဘယ်လို ပီပြင်အောင်၊ ကြောက်စရာကောင်းလောက်အောင် သရုပ်ဆောင်နိုင်ခဲ့သလဲ ဆိုတာ ဆယ်လီကမ္ဘာပရိသတ်များ ကြည့်ရှူ့ခဲ့ပြီးဖြစ်သလို ဒီနှစ်ရဲ့ အမျိုးသမီးဇာတ်ကောင်ဆုကို ဘယ်ဇာတ်ကောင်နဲ့ ရရှိနိုင်မလဲ ပရိသတ်များ ခန့်မှန်းကြည့်ကြပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.