အဂေါ်လွန်သွားသော ဒီနှစ်အတွက် အကယ်ဒမီ ဖက်ရှင် အဆန်းကြီးများ

အဂေါ်လွန်သွားသော ဒီနှစ်အတွက် အကယ်ဒမီ ဖက်ရှင် အဆန်းကြီးများ

ကဲ…ဒီနေ့တော့ အားလုံး အကယ်ဒမီ ကြည့်နေကြမှာ သေချာပါတယ်။ အခု ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် တင်ဆက်ပေးမှာကတော့ မြန်မာ့ အနုပညာရှင်တွေရဲ့ အဂေါ်ဆုံး အထွင်နိုင်ဆုံး အကယ်ဒမီ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။ လက်ရှိ မြင်ရသလောက် ဒီဇိုင်းဆန်းတွေ ထဲကမှ ပရိသတ် သဘောကျလောက်မယ့် ဒီဇိုင်း အဂေါ် အဆန်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

လက်ရှိ မြင်ရသလောက် ဒီဇိုင်းဆန်းတွေ ထဲကမှ ပရိသတ် သဘောကျလောက်မယ့် ဒီဇိုင်း အဂေါ် အဆန်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

ရဝမ် ကချင် ရိုးရာ အဆင်​​လေးနဲ့ ဂေါ်ထွက်နေသူကတော့ ဆာရာဆောင်းဦးပဲ ဖြစ်ပါတယ်။ Hand madeအစစ်​ အိတ်​နဲ့ ဖိနပ်​ပြင်​ဆင်​​ပေးထားတာလို့ဆိုပါတယ်။ ကဲ…ကြွေကြလား  ပြောကြည့် !

မီးတောက် အလန်းစားနေတွနဲ့ ဂေါ်နေသူကတော့ အိချောပိုပါပဲ။ ဝတ်စုံအောက်ခြေဒီဇိုင်းက သူ့ဝတ်စုံရဲ့ အသက်ပါပဲနော်။ ဘယ်လိုလဲ ကြိုက်ကြရဲ့လား

ဒီနှစ်အကယ်ဒမီပွဲတက်ဝတ်စုံလေး ကို နွေဦးရာသီမှာ အလှပဆုံးပွင့်ကြတဲ့ ပြီးပြည့်စုံသောချစ်ခြင်းတရား,မေတ္တာတရားတို့ကို ဖော်ကျူးတဲ့ ကျူးလစ်ပန်း (Tulip ) ပန်း ပုံစံလေး ဖန်တီးထားပါတယ်တဲ့။ ကဲ….ကြွေနေပြီလောက်တော့ လုပ်လိုက်တော့ !

ထုံးစံအတိုင်း ဦးခင်လှိုင်တို့ကတော့ ဂေါ်ထွက်နေပါပြီ။ သေချာကြည့်တော့မှ ဟိုတလောက အရမ်းပေါက်သွားတဲ့ ဘွဲ့ယူတဲ့ ကောင်လေးတွေရဲ့ ဝတ်စုံတွေနဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ ဆိုဘေမယ့် အရမ်းဂေါ်ပါတယ်နော်။

အမိုက်စား ဆံပင်ဒီဇိုင်းနဲ့ အဂေါ်ဆုံး လုပ်ချလိုက်သူကတော့ ချီချီပါ။ အဆန်းဆုံးတွေပဲ လုပ်ချပစ်တတ်တဲ့ ချီချီကတော့ ဒီနှစ်မှာ ပထမဆုံး အကြိမ်အကယ်ဒမီပွဲကို တက်ရောက်တာဖြစ်ပြီး အကယ်ဒမီအတွက်လည်း ရင်ခုန်နေပါတယ်တဲ့။ Dragon theme နဲ့ ဖန်တီးထားတဲ့ ချီချီ့ရဲ့ ဝတ်စုံက ဂေါ်ထွက်နေရဲ့လား။

စကားပြောပြတ်သားပြီး ချစ်စရာကောင်းလှတဲ့ မာရီကိုးလ်ကတော့ ပြတ်ပြတ်သားသားပဲ တိုင်းရင်းသား ဝတ်စုံလေးနဲ့ တက်ရောက်လာခဲ့ပါတယ်။ လာမငြင်းပါနဲ့တော့…သူအဂေါ်ဆုံးပါပဲနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.