အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုဇော် (အရုဏ်ဦး) – အချိန်ပေးဖတ်ပြီးမျှဝေပေးကြပါ။

အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို ဒဲ့ဝေဖန်လိုက်တဲ့ ကိုဇော် (အရုဏ်ဦး) – အချိန်ပေးဖတ်ပြီးမျှဝေပေးကြပါ။

အကယ်ဒမီဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကတော့အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကဘယ်လိုတွေမမှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးတွေ ပြုလုပ်နေလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

“ဇာတ်ကား အပြိုင်ဆိုင်များတာကတော့ ဟိုတုန်းထဲက ရှိခဲ့တာပါပဲ။ ရာကျော်တောင် တင်ခဲ့ကြသေးတာ အဓိကပြဿနာက ဘာလဲဆိုတော့အကယ်ဒမီပေးတဲ့စည်းမျဉ်းစည်းကမ်းတွေကဒီမှာတော့အရေးကြီးတာပေါ့လေ။အကိုတို့ကဘာဖြစ်ချင်တာလဲဆိုတော့ အစထဲက ဒီရုပ်ရှင်အစည်းအရုံးအနေနဲ့ပေးမယ်ဆိုထဲကအကိုတို့အကြံဥာဏ်ပေးဖူးတယ်တကယ်ကိုနိုင်ငံခြားကနေ အာဆီယံနိုင်ငံတွေကနေ ခေါ်ပြီး ပေးကြည့်ပါလား။ဘာလို့ဆိုအကုန်လုံးကသိသလိုလိုတတ်သလိုလိုနဲ့ပဲလုပ်နေကြတာလေ။ တကယ့်တကယ်ကျတော့အကိုတို့လည်းဘာမှသိတာမဟုတ်ဘူး။အဓိကကပညာအရည်ချင်းပေါ့အတန်းပညာကစာတွေ့မှာအကိုတို့ကဘာမှမရှိကြဘူးအရင်ခေတ်တုန်းကဆိုနိုင်ငံခြားတွေဘာတွေသွားကြတယ်။အဲ့မှာလေ့လာသင်ယူကြရတယ်။သင်တန်းဆိုရင်လည်း courseတွေဘာတွေနဲ့သင်ကြရတယ်။အဲ့လိုဆိုတော့ဘယ်အရာမှာမဆိုစည်းစနစ်တကျဖြစ်သွားတာပေါ့။

အဲ့ဒီကနေပြ်ီးတော့ ဒီ၈၄ခုနှစ်နောက်ပိုင်းမှာပေါ့ဒီဗီဒီယိုတွေစပေါ်လာထဲကအဲ့ဒါတွေမရှိတော့ပဲနဲ့၈၆ခုနှစ်ထိလောက်ထိတော့ ရှိသေးတယ်။သင်တန်းတွေဘာတွေပေးမယ်ဆိုရင်စာအုပ်တွေဘာတွေနဲ့ဆိုတာရှိသေးတယ်။၈၆နောက်ပိုင်းမှာတော့မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ ဒီသင်တန်းတက်တာတွေကလည်း ကဲ…ဟုတ်ပြီ ဘာတတ်လဲဆိုတော့ ဘာမှမတတ်ဘူး သရုပ်ဆောင်တွေအနေနဲ့လည်း ဘာမှ မတတ်ဘူး ကျန်တဲ့ အပိုင်းတွေလည်း ဘာမှ မတတ်ဘူးပေါ့နော် ဘာလို့လဲဆိုတော့ သင်တဲ့သူတွေကိုယ်တိုင်ကတတ်မှမတတ်တာအဓိကကတော့အကိုတို့ကိုလာသင်ခိုင်းလည်းကိုယ်တွေတောင်မှဘာမှမသင်ခဲ့ရတာဘာပြန်သင်ပေးလို့ရမှာလဲ။အဲ့တော့အကိုတို့အနေနဲ့ကစာတွေ့တွေမရှိကြဘူးဆိုတော့သူများဆီကနေအတုယူရတာတွေ ရှိတယ်။

ကိုယ့် ကိုယ်ပိုင် ideaတွေမရှိဘူးလေ အဲ့ဒါကြောင့်မို့အကိုတို့ကတော့အကယ်ဒမီလည်းတူတူပဲသူတို့ဘာသာသူတို့ပေးနေတဲ့ အမှတ်ပေးစည်းမျဉ်းတွေကဘယ်လိုလဲဘယ်လိုဟာမျိုးကိုပေးတာလဲသိရအောင်အာဆီယံနိုင်ငံတွေကနေအကူညီတောင်းလိုက်ပါ။ ဥပမာပေါ့ ဇကာတင်စာရင်းတွေကိုပဲ ကြည့်ခိုင်းလိုက်ပြီး ခြောက်ကားထဲကမှ ဆယ့်သုံးဆုလည်း ပေးချင် ပေးလိုက် တစ်မှတ်ပဲ ရရ နှစ်မှတ်ပဲ ရရ ဆယ့်သုံးဆုလုံးပေးလိုက်ပါ လို့ပြောပေါ့ အဲ့လိုမှမဟုတ်ရင်ဘယ်သူ့မှရမှာမဟုတ်တော့ဘူးလေ နောက်တစ်ခုက Cultureမတူဘူး တူစရာမလိုပါဘူးကျွန်တော်ပြောတာကအကယ်ဒမီကcultureနဲ့လည်းမဆိုင်ဘူးအဲ့ဒါကို ဒီလူတွေကိုပဲပြန်ပြီးတော့ရွေးနေကြတယ်။ရွေးနေတော့ရောဒီလူတွေကဒါတွေကိုသေချာကြည့်ကြလားနောက်အတတ်ပညာရှင်က ဘယ်နှယောက်ပါလဲ။ အတတ်ပညာရှင်ဆုပေးတော့မယ်ဆိုရင် အတတ်ပညာရှင် ဘယ်နှယောက်က ရွေးချယ်မလဲ အတတ်ပညာပိုင်းဆိုင်ရာရော ဘာသိလဲ။ ကင်မရာပိုင်း ဘာတွေကအစ ဘယ်နားက ရိုက်လို့ ရိုက်နေကြမှန်းမသိတဲ့ ကိစ္စပါ မီးဘယ်နားက ဘယ်လိုထိုးရမှာလဲ မသိတဲ့အခါကျတော့ ဘယ်သူက အကဲဖြတ်ပေးမလဲ အသက်ကြီးတဲ့သူတွေကတော့ ဟာငါတို့သိနေတာပဲခက်နေတာကလည်းဒီအသက်ကြီးပိုင်းတွေနဲ့တော်တော်ခက်နေတာအသက်ကြီးနေတဲ့အခါကျတော့အကုန်သိ အကုန်တတ်ပုံစံတွေပဲရှိတော့တာပေါ့။

အဲ့လိုတော့ဘယ်ဟုတ်မလဲအကုန်သိအကုန်တတ်တယ်ဆိုပေမယ့်ခေတ်ကာလကရွေ့နေတာလေသူတို့သိတာသူတို့တတ်တာကသက်သက်ငါတို့တုန်းကကွာငါတို့တုန်းကကွာဆိုပြိးပြောနေကြတာကအခုအခြေနေကအဲ့တုန်းကအခြေနေမဟုတ်တော့ဘူးလေကြည့်နေတဲ့ပရိတ်သတ်တွေကလည်းအဲ့တုန်းကအခြေနေတွေမဟုတ်ကြတော့ဘူးဒါတစ်ခုကိုသူတို့သိဖို့ကောင်းတယ်။ အဲ့လိုသိဖို့ကိုတော့ ကျွန်တော်ပြောကြတယ် ဟာမင်းတို့ကဘာသိလို့လဲဆိုပြီးတုံ့ပြန်မှုတွေကမကောင်းတော့ဘူးလေ။ အခုကလူကြီးနဲ့လူငယ်ဖြစ်နေကြတော့မပြောတော့ဘူးမပြောတဲ့အခါကျတော့လည်းနှစ်တိုင်းဒီလိုတွေပဲအက်ကြောင်းထပ်နေရော တစ်နှစ် တစ်နှစ် အကယ်ဒမီပွဲပြီးတိုင် အပြောခံရတာက ခံရမှာပဲလေ လုပ်နေတဲ့ စနစ်ကိုက မမှန်တဲ့ အခါကျတော့ တစ်နှစ်တစ်နှစ် အားသွန်ခွန်စိုက် လုပ်သာ လုပ်သွားကြတယ် ပွဲပြီးရင် အောင်မြင်သွားတဲ့အသံမကြားရဘူး”လို့ အကယ်ဒမီ အကဲဖြတ်တွေနဲ့ ရုပ်ရှင်လောကသားတွေအကြား အဆင်မပြေမှုတွေကို ပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.