တ​ည်ငြိမ်ရင့်ကျက်ကာကျက်သရေအပေါင်းနဲ့ပြည့်စုံပြီး မြင်သူတိုင်းမျက်စိအေးရလောက်တဲ့ ရှေးဗမာမိန်းက လေးတွေရဲ့သွင်ပြင်ကိုအပြည့်အဝဖော်ကြူးထားတဲ့ ပုံတွေရိုက်ကူးခဲ့တဲ့ ဟန်လေး

CeleGabar ပရိသတ်ကြီးရေဟန်လေးကတော့လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆော င်ထား နိုင်သူလေး ဖြစ်တဲ့အပြင် Miss Universe myanmar (2015-2016 ) First Runner Up ဆုကိုလည်း ရရှိဖူးတဲ့သူတစ်ယောက်ပါ။ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားရတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပြီး MTV များစွာလည်း ရိုက်ကူးထားတဲ့ သူတစ် ယောက်ပါ။

ဒီနေ့မှာတော့ ”စိတ်ကူးထဲကအတိုင်း ပုံဖော်လိုက်တာ 🤍📝အတူ အဖွဲ့လိုက် အကောင်းဆုံးပုံဖော်ပေးလို့ ကျေးဇူးပ့ါနော် အရမ်းကျေနပ် အားရလွန်းလို့ 🤍”ဆိုတဲ့စာလေးနဲ့ ရှေးခေတ်ကဗမာအရပ်သူအမျိုးသမီးတစ်ယောက်အသွင်ကို ရိုက်ကူးထားတဲ့ အမိုက်စားပုံလေးတွေကို တင်လာခဲ့တာပါ။တ​ည်ငြိမ်ရင့်ကျက်ကာကျက်သရေအပေါင်းနဲ့ပြည့်စုံပြီး မြင်သူတိုင်းမျက်စိအေးရလောက်တဲ့ ရှေးဗမာမိန်းကလေးတွေရဲ့ သွင်ပြင်ကိုအပြည့်အဝဖော်ကြူးထားတာ ပေါ်လွင်လှပါတယ်နော်။

ဟန်လေး​ရဲ့ပုံလေးတွေကို ပရိသတ်တွေကလည်း လှလွန်းလို့ချီးကျူးနေကြတာပါ။ CeleGabarပရိသတ်တွေလည်းသဘောကျ ရင်မှတ်ချက် တစ်ခုခုပေးသွားခဲ့ကြပါဦးနော်။

Koe-CeleGabar

Advertisement

Source-  Han Lay

Be the first to comment

Leave a Reply

Your email address will not be published.


*