
ယုံကြည်စွာ အပ်နှံထားတဲ့ ဒီဇိုင်နာရဲ့ တာဝန်မကျေမှုကြောင့် အကယ်ဒမီပွဲ မတက်ဖြစ်တော့တဲ့ ခင်သဇင်
ပရဟိတ မင်းသမီးချောလေး ခင်သဇင်က အကယ်ဒမီ ပေးပွဲ တက်ရောက်ဖို့ ဖိတ်ကြားခံထားရပြီးမှ ဒီဇိုင်နာကြောင့် သူမနေနဲ့ အကယ်ဒမီပွဲကြီးနဲ့ ဝေးကွာခဲ့ရပါတယ်။ ခင်သဇင်က သူမအနေနဲ့ အကယ်ဒမီပွဲတက်ဖို့ အကုန်ပြင်ဆင်ပြီးမှ ဝတ်စုံမရှိတာကြောင့် အကယ်ဒမီပွဲကြီးကို မတက်ရောက်နိုင်တော့ကြောင်း ကြေကွဲစွာနဲ့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ ပြောပြထားပါတယ်။

“အရမ်းလည်း စိတ်တိုသလို အရမ်းလည်း ဝမ်းနည်းပါတယ်။ အကယ်ဒမီ ပွဲတက်ပုံစံ အဆင့်မမှီလို့ ဒီနှစ် အကယ်ဒမီ ကိုဝမ်းနည်းစွာနဲ့ မတက်ဖြစ်တော့ပါဘူးရှင်။ သေချာ ဖိတ်ကြားထားတဲ့ ရုပ်ရှင် အစည်းအရုံးကိုလည်း အားနာသလို sponsor ပေးထားသော စိန်နန်းတော် အခန်းစီစဉ်ပေးပါသော ibis hotel တို့လည်း အားနာပါတယ်။ မိတ်ကပ် စီစဉ်ပေးသော မိတ်ကပ်လင်းလင်း တို့ကိုလည်း အားနာပါတယ်။”

“နှစ်တိုင်း အကယ်ဒမီ အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ဒါမျိုးလည်း ဘဝမှာ တခါမှ မဖြစ်ဖူးပါ။ ချုပ်ပေးဖို့ပြောသော တခြားဒီဇိုင်နာ များကိုလည်း တဖက်သူကို ယုံကြည်မှုနဲ့ ကိုယ်က တခြားနေရာမှာ ကြိုအပ်ပြီးသားမို့ပါလို့ ငြင်းလိုက်ပါတယ်။ အစောကတည်းက ချုပ်ပေးမယ်ပြောလို့ ချုပ်နေပြီ ထင်လို့ပါ။ နီးမှ မချုပ်ရသေးတာ သိရပါတယ်။”

“ကိုယ်လည်း အလုပ်တွေ ရှုပ်နေလို့ စိတ်ချစွာနဲ့ပဲ နေခဲ့လိုက်မိတယ်။ အဆင်ပြေမှာပါလေ လို့ပဲ တွေးခဲ့လိုက်တယ်။ ပုံတောင် တောင်းမကြည့်ခဲ့မိဘူး။ ဘာချုပ်နေတာလဲဆိုတာ ကိုယ့်အပြစ်ပဲ နောက်ဆုံးတင်လိုက်ရပါတယ်။ ဒီနေ့မနက် ရောက်တော့မှ ပြထားတဲ့ အရောင် နဲ့ ချုပ်ထားတဲ့ အရောင် မတူ ဒီဇိုင်းကိုလည်း လုံးဝမကြိုက် ဝတ်ရမှာ အဆင်လုံးဝ မပြေတော့လို့ ဒီနှစ် အကယ်ဒမီ ကို ဝမ်းနည်းစွာနဲ့ မတက်ဖြစ်တော့ပါဘူးရှင်။”

” မှတ်ချက် ။ ဒီဇိုင်နာ နာမည်ကို စုံစမ်းမေးမြန်းခြင်း သည်းခံပါရှင်။ အလုပ်လုပ်နေသူခြင်းမို့ သူများ ထမင်းအိုး နဲ့ အိပ်မက်ကို ရိုက်မချိုးချင်လို့ပါ။ ကိုယ့်ဘက်က ခံစားချက်သက်သက်ကိုသာ ရင်ဖွင့်ခြင်းဖြစ်ပါသည်။ နောက်နောင် လူတွေကို ယုံကြည်လွန်းခြင်း အားနာတက်ခြင်း သဘောကောင်းလွန်းခြင်းများကို သေချာ ကိုယ့်ဘက်ကပဲ ပြင်ဆင် စိစစ် ထိန်းသိမ်းသွားပါတော့မယ်။ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ပါတယ်ရှင်။” ဆိုပြီး ပြောထားပါတယ်

ခင်သဇင်ရဲ့ အဖြစ်ကတော့ အကုန်လုံး စီစဉ်ပြီးခာမှ ဒီဇိုင်နာကို ယုံကြည်မှုကြောင့် ဝမ်းနည်းစွာနဲ့ပဲ အကယ်ဒမီပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။