ရှက်စရာအလွန်ကောင်းတဲ့ ၂၀၁၈ အကယ်ဒမီပွဲအကြောင်း ပြောလိုက်တဲ့ ဝါရင့်သရုပ်ဆောင်လွင်မိုး

ရှက်စရာအလွန်ကောင်းတဲ့ ၂၀၁၈ အကယ်ဒမီပွဲအကြောင်း ပြောလိုက်တဲ့ ဝါရင့်သရုပ်ဆောင်လွင်မိုး

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကသားတွေအတွက် မှတ်တိုင်၊ ပန်းတိုင်တစ်ခုလို့ဆိုရမယ့် အကယ်ဒမီပေးပွဲကြီးကိုတော့ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ The One Entertainment မှာပြုလုပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို အနုပညာလောကသားတွေအမြောက်အမြားတက်ရောက်လာခဲ့တာတွေ့ရပါတယ်။

ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့အကယ်ဒမီကတော့ ပရိသတ်တွေဆန္ဒနဲ့ တက်တက်စင်အောင်လွဲတဲ့နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ပရိသတ်တွေမျှော်မှန်းထားတဲ့ ဇာတ်ကား (၂) ကားလုံးဟာ စကာတင်အဆင့်မှာသာပါဝင်ခဲ့ပြီးတော့ တစ်ဆုမှ ပေးအပ်ခြင်းမခံခဲ့ရပါဘူး။ ဒီလို တက်တက်စင်လွဲခဲ့တဲ့ နှစ်ဟာလည်း ပရိသတ်တွေကို စိတ်ပျက်မှုတွေဖြစ်စေခဲ့ပါတယ်။

အကယ်ဒမီပေးပွဲပြီးသွားတဲ့နောက်မှာတော့ အကယ်ဒမီရဲ့နောက်ဆက်တွဲ ဂယက်ကြီးက ပရိသတ်တွေကြားထဲ ဆူညံပွက်လောရိုက်ခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေရဲ့စိတ်မကောင်းဖြစ်မှု၊ စိတ်မကျေနပ်မှုတွေနဲ့ပြီးဆုံးသွားတဲ့ အကယ်ဒမီပေးပွဲကြီးဟာ ဒီလူတွေပဲ ပတ်လည်ရိုက်ရနေကြောင်းလည်း မှတ်ချက်ပေးတာကိုခံနေရပြန်ပါတယ်။

ယနေ့မှာတော့ ဝါရင့်သရုပ်ဆောင်လွင်မိုးက ၂၀၁၈ အကယ်ဒမီဟာ ရှက်စရာအလွန်ကောင်းတဲ့အကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်လွင်မိုးကတော့ ပြတ်ပြတ်သားသားနဲ့ ဒီစကားကိုပြောခဲ့တာပါ။

“တခွန်တည်းပြောမယ်” ၂၀၁၈..အကယ်ဒမီ ရှက်စရာအလွန် ကောင်းသည်” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာရေးသားဖော်ပြထားခဲ့တာပါ။

ကဲ ပရိသတ်ကြီးကရော ကိုလွင်မိုးပြောတဲ့စကားနဲ့ ထပ်တူကျရဲ့လား။ ပြီးဆုံးသွားတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပေါ် ဘယ်လိုမြင်လဲဆိုတာပြောပြခဲ့ပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.