ဆေးစာကို ပဲပင်ပေါက်လက်ရေးဖြင့်ရေးသဖြင့်ဆရာဝန်သုံးဦး ဒဏ်ငွေချမှတ်ခံရ

ဆေးစာကို ပဲပင်ပေါက်လက်ရေးဖြင့်ရေးသဖြင့်ဆရာဝန်သုံးဦး ဒဏ်ငွေချမှတ်ခံရ





[UNICODE FONT]

အိန္ဒိယနိုင်ငံရှိ တရားရုံးတစ်ရုံးက ဆရာဝန်သုံးဦးကို ဒဏ်ငွေ ၆၈ ဒေါ်လာစီ ချမှတ်လိုက်ပြီဖြစ်သည်။ ဆရာဝန်များ၏လက်ရေးဆိုးလွန်းလှသဖြင့် လူနာများ ထိ ခိုက်ရသဖြင့် ထိုထိခိုက်မှုမှတ်တမ်းကို ကြည့်ကာ တရားရုံးက ဆရာဝန်များကို ဆင့်ခေါ်ကာ ပြစ်မှုကိုကြားနာပြီး အမိန့်ချ မှတ်လိုက်ခြင်းဖြစ်သည်။

နောက်နောင် လက်ရေးကို ရှင်းရှင်းလင်းလင်းရေးရန် လည်း တရားရုံးက ဆရာဝန်များကို သတိ ပေးလိုက်သည်။ ဆရာဝန်လက်ရေးမှာ ဖတ်ရခက်တတ်သဖြင့် ကွန်ပျူတာဖြင့် ရေးရန်လည်း တရားရုံးက အကြံပြုတိုက် တွန်းသည်။ ဆရာဝန်များသည် လက်ရေး ကိုဖတ်၍ရလောက်ဖွယ် ရေးသင့်သည်ဟု၂၀၁၂ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ထား သည့် အိန္ဒိယကျန်းမာရေးဆိုင်ရာစည်း မျဉ်းက သတ်မှတ်ထားကြောင်းကိုလည်း တရားရုံးက သတိပေးလိုက်သေးသည်။

ထိုစည်းမျဉ်းကို သိသော်ငြား မိမိတို့မှာ အလုပ်ဝန်ပိနေသဖြင့် ထိုသို့ မြန်မြန်ပြီးစ လွယ်သာ ရေးလိုက်မိခြင်းဖြစ်ကြောင်း ဆရာဝန်များက ထွက်ဆိုသည်။ ဆရာဝန် များရေးထားသည့် ဆေးစာကို တရားသူ ကြီးများလည်း ဖတ်၍မရဖြစ်သွားသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.