အကယ်​ဒမီ ဂုဏ်​ပြုညစာစားပွဲမှာ သီချင်းတွေ သီဆိုရင်း သူငယ်ချင်းတွေကို ဖျော်ဖြေခဲ့တဲ့ နေတိုး

အကယ်​ဒမီ ဂုဏ်​ပြုညစာစားပွဲမှာ သီချင်းတွေ သီဆိုရင်း သူငယ်ချင်းတွေကို ဖျော်ဖြေခဲ့တဲ့ နေတိုး

ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကတော့ ရသင့်ရထိုက်သူတွေ အကယ်ဒမီရရှိပြီး အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုများကို စုစုပေါင်း(၁၂) ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ (၄) ဆုတိတိ ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ အဓိက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေတိုးကတော့ အကယ်ဒမီစံကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးမှ ကံမကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ ဝေးခဲ့ရပါတယ်။

အကယ်ဒမီပွဲကြီးအပြီးမှာတော့ မုန်းစွဲရုပ်ရှင် အဖွဲ့သားတွေက အကယ်ဒမီဆုရရှိသူများကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့ပါတယ်။ ထိုညစာစားပွဲမှာ ပရိသတ်ကြီးချစ်ရတဲ့ နေတိုးကလဲ သီချင်းလေးတွေ သီဆိုရင်း သူငယ်ချင်းတွေကို အားရပါးရ ဖျော်ဖြေပေးခဲ့ပါတယ်။

ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ နေတိုး

နေတိုးက သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေ အကယ်ဒမီ ရသွားလို့ တော်တော်လေး ဝမ်းသာနေတဲ့ ပုံပဲနော်။

နေတိုးက သူကိုယ်တိုင်တော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပေမယ့် သူငယ်ချင်းတွေ ဆုရသွားလို့ တော်တော်လေးဝမ်းသာနေတဲ့ ပုံပါပဲ။ ပရိသတ်ကြီးချစ်တဲ့ ကိုနေတိုးက ဒီနှစ်မှာတော့ အကယ်ဒမီဆုကြီးနဲ့ ကံမကောင်းစွာ ဝေးကွာခဲ့ရပေမယ့် နောင်နှစ်တွေမှာ အကယ်ဒမီဆုကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.