မနေ့က အကယ်ဒမီပေးပွဲမှာ ကျော်ကျော်နန္ဒ မဝတ်ဖြစ်ခဲ့တဲ့ အလန်းစားဖက်ရှင်

မနေ့က အကယ်ဒမီပေးပွဲမှာ ကျော်ကျော်နန္ဒ မဝတ်ဖြစ်ခဲ့တဲ့ အလန်းစားဖက်ရှင်

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်ပေမယ့် မကြာခင်က ထွက်ရှိခဲ့တဲ့ “ဆက်ပက်သင်္ကြန်” သီချင်းကြောင့် လူသိများလာခဲ့တာဖြစ်ပါတယ်။ တေးသံရှင် ကျော်ကျော်နန္ဒက မနေ့က မတ်လ(၂၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ကျော်ကျော်နန္ဒက အကယ်ဒမီပွဲကြီးကို သိန်း(၅၀၀၀)တန် လက်စွပ် ဝတ်လာခဲ့ပေမယ့် အဝတ်အစားကတော့ ရိုးရိုးသာမာန် ရှပ်အင်္ကျီနဲ့ ပုဆိုးကိုသာ ဝတ်ဆင်လာခဲ့ပါတယ်။ ကျော်ကျော်နန္ဒကို အားပေးစောင့်ကြည့်နေကြတဲ့ ပရိသတ်တွေက ကျော်ကျော်နန္ဒတစ်ယောက် အကယ်ဒမီပွဲကြီးကို ရိုးရိုးသာမာန်သာ ဝတ်စားလာလို့ တော်တော်လေး ထူးဆန်းနေကြပါတယ်။

အမှန်တော့ ကျော်ကျော်နန္ဒက အကယ်ဒမီပွဲတက်ဖို့ ဝတ်စုံက ရှိပြီးသား ဖြစ်ပေမယ့် အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် ထိုဝတ်စုံကို မဝတ်ဆင်ဖြစ်ခဲ့ပါဘူး။ မိုမိုလေးပရိသတ်တွေအတွက် ကျော်ကျော်နန္ဒရဲ့ အကယ်ဒမီပွဲမှာ မဝတ်ဖြစ်ခဲ့တဲ့ ဝတ်စုံလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒရဲ့ ဝတ်စုံက မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ပေါင်းစပ်ထားမှန်း မြင်ရုံနဲ့ သိသာပါတယ်။ တိုက်ပုံအနက်နဲ့ အောက်က ပုဆိုးက အဆင်ပေါင်းများစွာကို တွဲဖက်ချုပ်ထားပြီး အနောက်မှာ မြန်မာနိုင်ငံမြေပုံကြီးနဲ့ ပဝါရှည်ကြီးကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ပုံတော်ဖိနပ်အနီရောင်ကလဲ ဝတ်စုံလေးနဲ့ လိုက်ဖက်နေတာကို တွေ့ရပါတယ်။ ပဝါကြီးက မြန်မာပြည်မြေပုံနဲ့ အရမ်းကို အိုင်ဒီယာကောင်းတာပဲနော်။ မိတ်ကပ်နဲ့ ဆံပင်ကလဲ ဝတ်စုံနဲ့ အရမ်းလိုက်ဖက်လွန်းတာပဲ။

ကျော်ကျော်နန္ဒကတော့ မြန်မာနိုင်ငံရဲ့ ဖက်ရှင်စတားတစ်ဦးပဲနော်။ အကယ်ဒမီပွဲကိုသာ ဒီဝတ်စုံနဲ့တက်ခဲ့မယ်ဆိုရင် လူတွေကြားထဲမှာ ထင်ပေါ်နေမှာ အသေအချာပါပဲ။ အခုတော့ ဒီဝတ်စုံနဲ့ ကျော်ကျော်နန္ဒကို အကယ်ဒမီပွဲမှာ တွေ့ခွင့်မရတာ စိတ်မကောင်းစရာပဲနော် ပရိသတ်ကြီးရေ…

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.