ရုပ်ရှင်လောကမှာ နေရာယူထားပြီး လူငယ်တွေကို မဖယ်ပေးချင်တဲ့ လူအိုကြီးတွေကို ရိုင်းရတော့မယ်လို့ လွင်မိုးပြော

ရုပ်ရှင်လောကမှာ နေရာယူထားပြီး လူငယ်တွေကို မဖယ်ပေးချင်တဲ့ လူအိုကြီးတွေကို ရိုင်းရတော့မယ်လို့ လွင်မိုးပြော

သူတို့ကို ဂါရ၀မပြုရင် တလွဲလုပ်ကြတယ်.. အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ် ဆိုတဲ့ လွင်မိုး အားလုံးက စိတ်ဝင်စားခဲ့ကြတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ သို့သော်လည်း ပြီးဆုံးသွားပြီးတဲ့ နောက်မှာတော့ ထုံးစံအတိုင်း ဝေဖန်မှုတွေ မကျေနပ်မှုတွေ အခြားတစ်ဘက်မှာလည်း ပျော်ရွှင်မှုတွေ အားရကျေနပ်မှုတွေ ရှိနေခဲ့တာ အမှန်ပါပဲ။

ဒီနှစ်ပြီးဆုံးသွားတဲ့ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ ပိုပြီး ဝေဖန်မှုတွေရှိနေတယ်လို့ ထင်ရပါတယ်။ ရသင့်တဲ့ ဇာတ်ကားကို မရလို့ မရသင့်တဲ့ဇာတ်ကားကို ရသွားလို့ဆိုပြီး အွန်လိုင်းပေါ်မှာ အမျိုးမျိုးရေးသားဖော်ပြနေကြပါတယ်။ အခုလို ဝေဖန်မကျေနပ်တဲ့ လူတွေထဲမှာ ၀ါရင့်သရုပ်ဆောင် အကယ်ဒမီ ဦးလွင်မိုးလည်း အပါအ၀င်ဖြစ်ပါတယ်။

အကယ်ဒမီဦးလွင်မိုးကလည်း သူရဲ့ ဖေ့ဘုတ်အကောင့်ကနေ “တခွန်းတည်းပြောမယ်” ၂၀၁၈..အကယ်ဒမီ ရှက်စရာအလွန်ေ ကာင်းသည်..လို့တောင် မှတ်ချက်ရေးသား ဖော်ပြသွားတဲ့ အပြင်….ကိုယ့်လောကအကြောင်းပြောရင် မခံချင်ဘူး….မခံချင်ရောအာင်လည်း မလုပ်နိုင်.. လုပ်တာတွေကလည်းတလွဲ… ကျွန်တော်လည်းသိတာပေါ့..ပိုတောင်သိသေး.. ဘယ်ကားဘယ်လိုကောင်းတယ်ဆိုတာထက် ဘာ့ကြောင့်ကောင်းတာလည်း သူတို့ကောင်အောင် ဘယ်လိုလုပ်လိုက်လည်း ဘာနဲ့လုပ်လိုက်လည်း အများကြီးပါ ကျွန်တော်သရုပ်တောင်တွေအတွက် မကောင်းတဲ့ ဇာတ်ကားဆိုတာမရှိဘူး.. ဘာ့ကြောင့် မကောင်းဖြစ်ရတာလည်းဆိုပြီး အကြောင်းအဖြေရှာပြီး ကြည့်တတ်ကျတယ်..

အဒိကပြသနာက လူငယ်တွေနေရာမရတာ ဆုရွေးချယ်ရေးမှာရော.. အုပ်ချုပ်ရေးမှာရော.. ခေတ်မမှီတဲ့ လူတွေများပြီး နီးစပ်ရာနဲ့ပျော်နေကျတယ်..သိပ်လည်းဂရုမစိုဘူး.. မှားလည်းခပ်တည်တည်ပဲ.. မခင်ရင် မသိရင် သူတို့ကို ဂါရ၀မပြုရင် တလွဲလုပ်တတ်ကျတယ်.. ကန်ရင်ပိုဆိုးရော.. ဂရုကိုမစိုက်တာ..အများကောင်းဖို့ ဒီဘဲကြီးတွေကို ရိုင်းရတော့မယ်…ဆိုပြီးတော့ မှတ်ချက်တစ်ခုကို ဦးလွင်းမိုးအကောင့်နဲ့ ပြောထားတာကို တွေ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.