ရေများရေနိုင်၊ မီးများမီးနိုင်တဲ့ အသိုင်းအဝိုင်းကြီးမှာ အရည်ချင်းရှိသူကိုသာ မြှောက်စားသင့်တယ်ဆိုတဲ့ ပုလဲဝင်း

ရေများရေနိုင်၊ မီးများမီးနိုင်တဲ့ အသိုင်းအဝိုင်းကြီးမှာ အရည်ချင်းရှိသူကိုသာ မြှောက်စားသင့်တယ်ဆိုတဲ့ ပုလဲဝင်း

အကယ်ဒမီပေးပွဲပြီးတိုင်း နောက်ဆက်တွဲ ဂယက်တွေကတော့ ပရိသတ်တွေကြားမှာ နှစ်တိုင်းလိုလို ပျံ့နှံ့လေ့ရှိပါတယ်။ အရင်တစ်နှစ်က အကယ်ဒမီပေးပွဲမှာ ခီမောင်နှံကို ဝိုင်းဖွဲ့ပြီး ပြောဆိုထားကြတဲ့ Group Chat ကိစ္စတွေပျံ့နှံ့ခဲ့တာကလည်း အရင်နှစ်ရဲ့ ဂယက်တစ်ခုဖြစ်ပြီးတော့ ဒီနှစ်ကတော့ ခီမောင်နှံရဲ့ အပြောင်မြောက်ဆုံးဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်တွေကြိုက်နှစ်သက်မှုရှိခဲ့ကြသလို ဒီဇာတ်ကားတွေနဲ့ အကယ်ဒမီ မရရှိခဲ့တာကြောင့်လည်း ဝေဖန်မှုတွေ အတော်မြင့်တက်နေတာဖြစ်ပါတယ်။

ပရိသတ်တွေက ခီမောင်နှံနဲ့ မီဇာတ်ကားထဲက အနုပညာဖန်တီးသူတွေကို ခန့်မှန်းအကယ်ဒမီ ပေးထားကြပြီးပေမယ့်လည်း မြန်မာ့ရုပ်ရှင်အစည်းအရုံးက ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာတော့ တစ်ဆုမှ မရရှိခဲ့ကြပါဘူး။ ဒီဂယက်နဲ့ပတ်သက်ပြီး အနုပညာရှင်တွေကြားမှာလည်း သဘောထားမတူညီမှုလေးတွေပေါ်ထွက်နေတာကို တွေ့ရပါတယ်။

အကယ်ဒမီလွင်မိုးကလည်း ရှက်စရာအလွန်ကောင်းလွန်းတဲ့ ၂၀၁၈ အကယ်ဒမီပေးပွဲကြီးလို့ ဝေဖန်တာကို တွေ့ခဲ့ရပြီး ပရိသတ်တွေကလည်း လွင်မိုးရဲ့ သဘောထားနဲ့ တစ်ထပ်တည်းဖြစ်ကြောင်း ဝိုင်းဝန်းထောက်ခံနေခဲ့ကြပါတယ်။ အနုပညာလောကထဲမှာ အတော်ကြာလေး ပျောက်ကွယ်နေခဲ့တဲ့ သရုပ်ဆောင်ပုလဲဝင်းက သူမခန့်မှန်းထားတဲ့ ဇာတ်ကား (၃) ကားကိုလည်း ပြောပြထားပါတယ်။

ဒါ့အပြင် ရေများရေနိုင်၊ မီးများမီးနိုင်နေတဲ့ လောကကြီးမှာ တကယ်အရည်ချင်းရှိသူကိုသာ မြှောက်စားသင့်တာဖြစ်ကြောင်းကို ခီမောင်နှံပုံရိပ်လေးကို မျှဝေပြီးပြောပြထားတာဖြစ်ပါတယ်။

“အများနဲ့ တစ်ယောက် ဆိုတော့ကာ….ရေများ ရေနိုင် မီးများ မီးနိုင်တဲ့ လောကကြီးမှာ…ဘယ်အသိုင်းအဝိုင်းမှာမဆို…တကယ် အရည်အချင်းရှိသူကိုသာ မြှောက်စားတာမျိုး ဖြစ်သင့်ပါသော်လညိး” လို့ သူမရဲ့ သဘောထားလေးကို ဖော်ပြထားတာတွေ့ရပါတယ်။

ပရိသတ်ကြီးရေ အနုပညာလောကထဲက အနုပညာရှင်အချို့ကတော့ သူတို့တွေရဲ့သဘောထားတွေကို ပြတ်ပြတ်သားသားဖော်ပြနေကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးကရော ဘယ်လိုမြင်လဲဆိုတာ မျှဝေပြောပြခဲ့ဖို့ မေတ္တာရပ်ခံပါရစေနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.