ဆဲသံ​တွေ ပလူပျံ​နေတဲ့ ကာလမှာ အကယ်​ဒမီရသွား​ပေမယ့်​ စိတ်​ရှင်းတယ်​ဆိုတဲ့ Dimensions ဒါရိုက်​တာ ဥာဏ်​ထင်

ဆဲသံ​တွေ ပလူပျံ​နေတဲ့ ကာလမှာ အကယ်​ဒမီရသွား​ပေမယ့်​ စိတ်​ရှင်းတယ်​ဆိုတဲ့ Dimensions ဒါရိုက်​တာ ဥာဏ်​ထင်

BONAZA PRODUCTION ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Dimensions (မျက်မှာပြင်များ) ” ရုပ်ရှင်ကတော့ အမိုက်စားရိုက်ချက်တွေနဲ့ အကောင်းဆုံးပုံဖော်ထားတာမို့ ပရိသတ်​​တွေလည်း သ​ဘောကျနှစ်​သက်​ခဲ့ရတဲ့ ဇာတ်​ကားတစ်​ကားပါ။ ဖန်​တီးမှုအား​ကောင်းတဲ့ လူငယ်​အနုပညာရှင်​​တွေရဲ့ ကြိုးစားမှု​ကြောင့်​ မ​နေ့ညက ကျင်းပပြုလုပ်​ခဲ့တဲ့ ၂၀၁၈ခုနှစ်​အတွက်​ အကယ်​ဒမီဆု​ပေးပွဲကြီးမှာ အ​ကောင်းဆုံး ​နောက်​ခံ​တေးဂီတဆုကို Dimensions ကားကြီးနဲ့ ရှလုံးအမ်​​ရေ​နောက ထိုက်​ထိုက်​တန်​တန်​ ဆွတ်​ခူးရရှိခဲ့တာပါ။ ဒါ​ပေမယ့်​လည်း ဆဲသံ​တွေ ဆူညံ​နေတဲ့ ကာလမှာ အကယ်​ဒမီရရှိခဲ့တဲ့အတွက်​ ဒါရိုက်​တာဉာဏ်​ထင်​က သူ့ရဲ့ခံစားချက်​ကို ရှင်းရှင်းလင်းလင်း ​ပြောပြလိုက်​တာ ​တွေ့ရပါတယ်​။

ဒါရိုက်​တာ ဥာဏ်​ထင်​က​တော့ “ဆဲသံတွေ ပလူပျံနေတဲ့ ဒီကာလမှာ ကျွန်တော်တို့ Dimensions (မျက်မှာပြင်များ) ဟာ နောက်ခံတေးဂီတဆုနဲ့ အကယ်ဒမီ ရခဲ့ပါတယ်။ ဒီအတွက် စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်မိလားလို့မေးရင် “လုံးဝမဖြစ်ပါဘူး” လို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ Dimensions ရဲ့အမာခံပရိသတ်တွေအတွက်ပါ။ ကျွန်တော တို့ကားဟာ underdog ကားစစ်စစ်ပါ။ ရုံတင်ခွင့်ရဖို့အတွက် အနှိမ်ခံရပြီးမှတက်လာခဲ့ရတဲ့ကားဖြစ်သလို တင်တော့လည်းဘယ်သူကမှ အရေးလုပ်ပြီး လာကြည့်ခဲ့တဲ့ကားလည်းမဟုတ်ခဲ့ပါဘူး။ တချို့တွေဆို ဘယ်တုန်းကပြခဲ့တဲ့ကားလဲဆိုတာတောင်မသိပါဘူး။

ဒါပေမယ့် လူငယ်တွေလုပ်ထားတာပဲဆိုပြီး သနားလို့လာကြည့်ခဲ့တဲ့ ပရိသတ်တချို့ရှိတယ် ပြီးတော့ကြုံလို့ဝင်ကြည့်သွားတဲ့ပရိသတ်တချို့ရှိတယ်။ အဲဒီ လူနည်းစုက Dimensions ရဲ့အမာခံပရိသတ်တွေဖြစ်သွားကြပါတယ်။ ကျွန်တော်တို့ ငွေကြေးအရ ရှုံးနိမ့်ခဲ့ပေမယ့် အဲဒီပရိသတ်တွေရဲ့ အားပေးမှုကြောင့် အင်အားတွေအများကြီးထပ်ရခဲ့တယ်။အခု အကယ်ဒမီဆုချိတ်ခဲ့တော့ Dimensions ပရိသတ်စစ်စစ်တွေ အရမ်းပျော်နေကြပါတယ်။ သူတို့အတွက် ကျွန်တော်ဝမ်းသာတယ်။ ဒီဆုက သူတို့အတွက်ဆုပါ။ ကျွန်တော်တို့ အားနည်းနေချိန်မှာ စိတ်ဓာတ်မကျသွားအောင် ရေကုန်ရေခန်းအားပေးခဲ့တဲ့ Dimensions အမာခံ fan တွေအတွက်ဆုပါ။ကျွန်တော်တို့ဒီဆုအတွက် ကျေးဇူးတင်ရမှာက ဂီတမှူး ရှလုံ အပြင် sound design တွေနဲ့ အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Yangon Film School က ကိုဆလိုင်း နဲ့ ကိုကျော်ကိုကို Kyaw Ko Ko ကိုလည်းကျေးဇူးတင်ရမှာပါ။ ပြီးတော့ Theme Song ဆိုပေးခဲ့တဲ့ ကိုမြတ်နိုးဟန် Myat Noe Han နဲ့ scoring တစ်ချို့ကို ကူညီတီးခတ်ပေးခဲ့တဲ့ အာကာမိုးသောက် (Glock) Arkar Moe Thouk တို့ကိုလည်းကျေးဇူးတင်ရမှာပါ။ ဒီဆုက သူတို့နဲ့လည်း အချိုးတူသက်ဆိုင်ပါတယ်။

အခုကျွန်တော်တို့ကားကို နိုင်ငံခြားlibrary က music တွေဝယ်ထည့်ပြီး အကယ်ဒမီရသွားတာပါလို့ ပြောနေကြတဲ့ သူတွေရှိတယ်လို့ကြားပါတယ်။ အဲဒီစွပ်စွဲချက် လုံးဝမှားယွင်းပါတယ်။ ဇာတ်ကားတစ်ခုလုံး original scoring တွေပါ။ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာပါတဲ့ အင်္ဂလိပ်သီချင်းတွေကအစ နိုင်ငံခြားသီချင်းမဟုတ်ပါဘူး။ တေးရေးဆရာ ဦးစောခူဆဲရဲ့ သမီး Gabrielဖွေး က မေတ္တာနဲ့ သူဆိုထားတဲ့ သီချင်းလေးတွေပေးသုံးထားတာပါ။ ကျွန်တော် အခုအချိန်မှာ ဒီလိုစွပ်စွဲမှုတွေကို ပြန်ဖြေရှင်းနေရတာ စိတ်မောပါတယ်။ ဒါပေမယ့် Dimensions ပရိသတ်တွေမျက်နှာငယ်ရမှာစိုးလို့ဖြေရှင်းတာပါ။ ပထမဆုံးရိုက်တဲ့ကားမှာတင် ချစ်ဖို့အကောင်းဆုံး ပရိသတ်တွေရခဲ့တာကမှ ကျွန်တော်တို့ Dimensions မိသားစုရဲ့ အောင်ပွဲအစစ်အမှန်လို့ ပြောချင်ပါတယ်။” ဆိုပြီး ​ရေးသားထားတာ ​တွေ့ရပါတယ်​။

ချစ်ပရိသတ်တွေလည်း လူငယ်​​အနုပညာရှင်​​တွေရဲ့ စိတ်​ကူးစိတ်​သန်း​ကောင်း​ကောင်းနဲ့ အမိုက်​စားဖန်​တီးထားတဲ့ Dimensions (မျက်မှာပြင်များ) ရုပ်​ရှင်​ကြီးရဲ့ အကယ်​ဒမီဆုကို ထိုက်​တန်​တယ်​လို့ယူဆရင်​ share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.