အကယ်ဒမီ ပေးပွဲ ရောက်လာပြီးမှ ” ဖိတ်စာဘယ်သူပေးတာလဲ ” လို့အမေးခံရလို့ ပွဲမှပြန်လှည့်လာခဲ့တဲ့ သင်းသင်း

အကယ်ဒမီ ပေးပွဲ ရောက်လာပြီးမှ ” ဖိတ်စာဘယ်သူပေးတာလဲ ” လို့အမေးခံရလို့ ပွဲမှပြန်လှည့်လာခဲ့တဲ့ သင်းသင်း

ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲထားတဲ့ သင်းသင်း တို့ရဲ့ သတင်းက အနုပညာလောကမှာသာမက မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူ တော်တော်များများ သိနေလောက်ပြီထင်ပါတယ်။ သူမက တရားစွဲတဲ့ ပြသနာကြောင့် လူမှု့ကွန်ယက်ပေါ်မှာနာမည်ကြီးလာသူလေးပဲ ဖြစ်ပါတယ်။မိုမိုလေး ပရိသတ်တွေအတွက် သင်းသင်းက အကယ်ဒမီ ပွဲတက်ပြီးမှ ပြန်လှည့်လာခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်းသင်းက လတ်တလောမှု ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းများတက်ရောက်နေပြီပဲ ဖြစ်ပါတယ်။ သင်းသင်း က အကယ်ဒမီ ပွဲတက်ရောက်ခဲ့ပြီးမှ သူမပြန်လှည့်ထွက်ခဲ့တဲ့အကြောင်းကို မီဒီယာတစ်ခုမှာဖြေထားတာတွေ့ရပါတယ်။

သင်းသင်းက ” ကျွန်မဒီပွဲကို သာမာန်အရပ်သား တစ်ဦးအနေနဲ့ ပွဲတက်ခဲ့တာပါ။ ကျွန်မကလည်း ခုဆိုရင် အနုပညာ အလုပ်တွေလည်း စလုပ်နေပါပြီး အနုပညာအလုပ်ကို ရူးသွပ်တာကြောင့် အကယ်ဒမီပွဲကို တက်လာခဲ့တာပါ။ ကျွန်မပွဲထဲကိုလည်းရောက်ပြီးပြီ အကုန်လုံးလည်းအဆင်ပြေနေပေမယ့် ဦးအောင်ခိုင်က လူတွေအများကြီးထဲမှာမှ ကျွန်မကို မေးပါတယ်။”

” ဖိတ်စာကို ဘယ်သူပေးတာလဲလို့မေးပါတယ်။ ကျွန်းမလည်း တစ်ခွန်းတည်းဖြေခဲ့ပါတယ် ။ ပိုက်ဆံပေယပြီး ဝယ်တက်လာတာတော့မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်ရှင်။ ကျွန်မအနေနဲ့ ဒီပွဲကို တက်ခွင့်မရှိဘူးလား ဒီပွဲကို တက်ဖို့ ဘယ်လိုစည်းကမ်းချက်တွေ နဲ့ ညီရမလဲ ။ ကျွန်မ ရုပ်ရှင်အစည်းအရုံကို သွားတိုင်မှာပါ ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

သင်းသင်းက ခုဆိုရင် အနုပညာအလုပ်တွေလည်း စလုပ်နေပြီလို့ သိရပါတယ် ပရိသတ်ကြီးရေ ။

သင်းသင်း ပြောပြတဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.