နန္ဒာလှိုင် တို့မိသားစု ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ထီးတော်တင်ပွဲ အလှူကြီး

နန္ဒာလှိုင် တို့မိသားစု ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ထီးတော်တင်ပွဲ အလှူကြီး

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နန္ဒာလှိုင် တို့ ရဲ့ ဇေကမ္ဘာမိသားစုရဲ့ အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နန္ဒာလှိုင်က သူမတို့ မိသားစုအလှူနဲ့ပတ်သက်ပြီး ခုလိုပြောထားပါတယ်”ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးစေတီတော်မြတ်ကြီးနှင့် လေးကျွန်းရန်အောင်ရေကြည်ရေနောက်စေတီတော်တို့အား ရွှေထီးတော်တင်လှူပူဇော်ခြင်းအခမ်းအနား။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းဒေသကြီးသြဝါဒဆရာတော်ကြီးများ၊ တိုင်းသံဃနာယက ဆရာတော် ကြီးများ၏ သြဝါဒကိုခံယူပြီး ကျေးဇူးတော်ရှင် အဘိုးကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး၏ ဆန္ဒတော်နှင့် အညီ ဒုတိယကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပ မှဦးဆောင်၍ ပုဂံခေတ်အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော ဖောင်တော်ဦးစေတီတော်မြတ်ကြီးနှင့် လေးကျွန်းရန်အောင် ရေကြည်ရေနောက်စေတီတော်မြတ်ကြီးတို့အား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ဘုံ(၃)ဆင့်ထီးတော်နှင့် အရံစေတီ (၅၄)ဆူတို့အား အထွဋ်တင်လှူပူဇော်ပွဲ အခမ်းအနား အား ကျင်းပပြုလုပ်ရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသဆရာတော်ကြီးမှ ဦးဆောင်သောနိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ အားအမှူးပြု၍ တိုင်းဒေသကြီးသြဝါဒဆရာတော်ကြီးများ၊ တိုင်းသံဃနာယကဆရာတော်ကြီးများနှင့် ကျိုက်ထီးဆောင်းဆရာတော်အပါအဝင် ပင့်သံဃာ (၅၀)ပါးတို့နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သော စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းသာသနာ့နုဂ္ဂဟအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း (ဗဟို) ဥက္ကဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဇနီး သီရိသုဓမ္မသိဂ င်္ီ ဒေါ်စန်းစန်းကြွယ် ၊ သမီး ဒေါ်ဇေဇင်လတ်၏ မွေးနေ့အလှူဒါနအဖြစ် လှူဒါန်းအစုစုတို့အား ပဓါနဒါယကာပြုကာ ကျိုက်ထီးဆောင်း ငါးသုံးလီမိသားစုတို့နှင့် (၇)ရက် သားသမီးအပေါင်းတို့၏အလှူဒါနဖြင့် ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပခဲ့ကြပါသည်။ “

ပထမပိုင်းအခမ်းအနား

ရှေးဦးစွာအခမ်းအနားအား နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပုသိမ်မြို့၊ ညောင်ပင်သာဆရာတော် ဘဒ္ဒန္တဝိဿုတထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တော်တရားများ ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူပါသည်။ ထို့နောက် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ နှင့် မရမ်းချိုကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသောဘိတ ထံမှ သြ၀ါဒကထာချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဓါန အလှူရှင် သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဒါယကာ၊ ဒါယိကာမများမှ ဆရာတော် အရှင်သူမြတ် တို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပါသည်။

ယင်းအခမ်းအနားတွင် ဦးဇေသီဟနှင့် ဇနီး ဒေါ်နန္ဒာလှိုင်(ဇေကမ္ဘာမိသားစု) မှ ဒုတိယကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနာဂဒီပထံ ကျိုက်ထီးဆောင်းသာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် နဝကမ္မ အလှူငွေကျပ်သိန်း (၅၀၀)ဆက်ကပ်ခြင်းနှင့် တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ထံ ဘုရားကြီး အဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက် အလှူငွေကျပ်သိန်း (၄၀၀)အားပေးအပ်လှူဒါန်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ပဓါန အလှူရှင် သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ၀ဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ တို့မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။ ထို့နောက်ဇာတ်မင်းသားဦးသိန်းဇော်နှင့် ဦးစံသင်းလှိုင် တို့မှ ရတုပိုက်စုံဖြင့် သီကျူးပူဇော်ခဲ့ပြီး တွဲဘက်အကျိုးတော်ဆောင်ချုပ် မော်ကျွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တစိန္တိတာ လကာင်္ရအရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်နာကြားကာ ကျိုက်ထီးဆောင်ဒုတိယဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ မှ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေကာ ပထမပိုင်းအခမ်းအနား အစီအစဉ်အား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။”

ဒုတိယပိုင်းအခမ်းအနား

အခမ်းအနားဒုတိယအစီအစဉ်အနေဖြင့် ဒါယကာ၊ ဒါယိကာမများမှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဘုံ(၃)ဆင့်ရွှေထီးတော်တို့အား ဒေ၀ါဝင်း၊ ရာဇာဝင်းခြံရံလျှက် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်အပူဇော်ခံကာ စေတီတော်အထွဋ်သို့ ဇယမင်္ဂလာအောင်ဂါထာတော်များဖြင့် ရွတ်ဖတ်ပူဇော်၍ တင်လှူပူဇော်ခဲ့ပါသည်။

တတိယပိုင်းအခမ်းအနား

အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့မှ ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်း၍ ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။(၂၄.၃.၂၀၁၉)” ဆိုပြီး သူမတို့မိသားစု ရဲ့ အလှူမင်္ဂလာကြီးအကြောင်းကို ပြောထားပါတယ်။

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်တို့ မိသားစု အလှူပုံရိပ်ကလေးတွေကို ပရိသတ်တွေတွေ့မြင်ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.